Popular Posts

Saturday, July 27, 2013

Pointer ကို Keyboard နဲ့ ထိန်းခြင်း

Click ! Image to zoom! ဒီနည်း ကလေးက တော့ ဒီတိုင်းဆိုရင်တော့သိပ်ပြီးတော့ အသုံးမ၀င်ပါဘူး .. ဒါပေမယ့် ကိုယ့် ကွန်ပျူတာက Mouse ကလေး ကြွသွားရင် ချက်ချင်းလည်း ၀ယ်လို့ က မရသေးဘူး ဆိုရင်တော့ ဒီနည်းကလေးနဲ့စမ်းကြည့်လိုက်ပါဦး.. ကျွန်တော်လည်း ကျွန်တော့်ကွန် က Mouse ကလေးကြွသွားတော့ သာဓု ခေါ်ပြီးတော့ ဒီနည်းကလေးနဲ့ တစ်ရက် လောက် သုံးလိုက်ရပါတယ် .. ကျွန်တော့်လိုမျိုး ဖြစ်ခဲ့ရင် အသုံးဝင်အောင်ပါ .. သိပြီးသား သူတွေလည်း ပြန်နွေး တယ်ပေါ့ .. ကျွန်တော် ပြောထားတာ မဟုတ်ဘူး ဆိုရင်လည်း အောက်မှာ မန့်သွားခဲ့ပါခင်ဗျာ.. ဘာနဲ့သုံးမလဲ ဆိုတော့ ညာဘက်က num lock ဘက်က ဂဏန်းတွေ နဲ့သုံးတာပါ .. အပေါ်က ပုံကလေးမှာ ကြည့်ကြည့်လိုက်ပါ .. အဲဒီ့ပုံကလေးမှာ မူရင်း keyboard ပုံနဲ့ Mouse pointer အဖြစ်သုံးတဲ့ Keyboard ပုံနဲ့ ယဉ်ပြီးတော့ ပြထားပါတယ် ... ဒီတစ်ခုကတော့ Window XP အတွက်ပါ .. ၁ ။ Control panel ကိုအရင်သွားလိုက်ပါ. ၂ ။ အဲဒီ့မှာ Accessibility Options ဆိုတာကို နှိပ်လိုက်ပါ .. အောက်ကပုံကလေးကိုတွေ့ရပါ့မယ် .. Click ! Image to zoom! ၃ ။ အဲဒီ့မှာ အပေါ်က Tab ကလေးတွေကနေပြီးတော့ Mouse ဆိုတာကလေးကို သွားလိုက်ပါ ... ၄ ။ အဲဒီ့ကိုရောက်ပြီဆိုရင် Use Mousekeys ဆိုတာကို အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ.. ၅ ။ Setting ဆိုတာကတော့ Pointer ကိုမြန်မလား နှေးမလား .. အဲဒါကလေးကို ညှိချင်တယ် ဆိုရင် တော့ အဲဒီ့ Setting ကနေပြီးတော့ ၀င်ပြင်ရပါ့မယ် .. Click ! Image to zoom! ၆ ။ ပြီးပြီဆိုရင်တော့ Ok ဆိုပြီးပေးလိုက်ပါ .. သုံးကြည့်လို့ ရပါပြီ.... Xp အတွက် Shortcuts Keys နဲ့ဆိုရင်တော့ .. left shit + left alt + Num lock ကိုပူးပြီးတော့ နှိပ်လိုက်ပါ ..နှိပ်လိုက်ရင် အဲဒီ့မှာ Alert box ကလေးပေါ်လာပါ့မယ် .. အဲဒါကလေးကို Ok ကိုပေးပြီးတော့ သုံးလို့ရပါပြီ... Click ! Image to zoom! Window Vista & 7 အတွက်ဆိုရင်တော့ .. ၁ ။ Start menu ကနေပြီးတော့ box ထဲမှာ ease of access ဆိုတာကို ရှာလိုက်ပါ .. Control Panel မှာလည်း တွေ့နိုင်ပါတယ် .. အဲဒီ့ကိုသွားလိုက်ပါ .. ၂ ။ အဲဒီ့ကိုရောက်ပြီဆိုရင်တော့ Make the mouse easier to use ဆိုတာကလေးကို နှိပ်လိုက်ပါ .. Mouse ပုံကလေးနဲ့ တွေ့ရပါ့မယ် ... Click ! Image to zoom! ၃ ။ နှိပ်လိုက်ပြီးပြီဆိုရင်တော့ အဲဒီ့မှာ Turn on the mouse key ဆိုတာမှာ အမှန်ခြစ်ကလေးထည့်ပေးလိုက်ပါ .. ၄ ။ အောက်က Setup the mouse key ဆိုတာကတော့ သုံးတဲ့အခါမှာ အနှေးနဲ့ အမြန်တွေ ကို ညှိဖို့အတွက် သုံးပါတယ် ... Click ! Image to zoom! ကိုယ်လိုချင်တဲ့ ပုံစံ အထိကို ညှိယူပြီးတော့ Ok ကိုပေးလိုက်ပါ ...အဲဒါဆိုရင် တော့ အောက်က Taskbar မှာ Mouse icon လေး ပေါ်လာပါ့မယ် .. သုံးလို့ရပါပြီ .. Vista က Mouse သွားတဲ့ လမ်းကြောင်းကတော့ အောက်မှာ ရေးထားပါတယ် .. 7 : Up and Left 8 : Up 9 : Up and Right 4 : Left 6 : Right 1 : Down and Left 2 : Down 3 : Down and Right 5 : Mouse Click + : Double Click Ins : Begin Drag Del : End Drag / : Select Left Mouse Button - : Select Right Mouse Button * : Select Both Mouse Buttons Ctrl နဲ့တွဲပြီးတော့ နှိပ်ရင်တော့ pointer သွားတာမှာ ပိုမြန်ပါတယ် ... Shift နဲ့တွဲပြီးတော့ နှိပ်ရင်တော့ pointer သွားတာမှာ နှေးပါတယ် ...အဆင်ပြေပါစေလို့ ဆုတောင်းလျက်

0 comments:

Post a Comment