Popular Posts
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Monday, October 21, 2013
facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )
facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )  ။ facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီနေ့ မှာတော့  general setting နှင့်  security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
ganeral account setting 
---------------------------------------------------
ဒီအဆင့် မှာတော့ ရှင်းပြစရာထွေထွေထူးထူးမရှိပါဘူး။အောက်ကပုံလေးထဲကအတိုင်း
  •  name           = ဆိုတာကတော့ မိမိနာမည်ပါ။
  • username      =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
  • email             = ကတော့ မိမိရဲ့ အီးမေးလိပ်စာပါ။
  • networks        =ဆိုတာကတော့ သာမန်user တစ်ယောက်အနေနဲ့ မသုံးပါဘူး
  • language        =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။
Security setting 
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။အောက်ကပုံလေးလိုမျိုး edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။
login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။
login apporvals
----------------------------
login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။အောက်မှာပြထားသည့် ပုံလေးထဲကအတိုင်းအမှန်ခြစ်လေးပေးလိုက်ပါ။
ဒီနေရာမှာအောက်ကပုံလေးအတိုင်း get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။
code generator 
----------------------------------
အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။
မိမိကြိုက်တဲ့  security code ကိုထည့် ပါ။
app password
---------------------------------
app password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app password နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ (
  1. Account Settings > Security)
  2. Find the App Passwords section and click Edit
  3. Click the Generate app passwords link
  4. Type in the name of the App and click Generate Password
  5. Go to your app and use that password to log in
trusted contant 
--------------------------------------
trusted contant  ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယဆိုရ်င choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။
trusted browser 
-----------------------------------
trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။
Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)
decative account
------------------------------------
decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနှင့် ခင်ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။
ဒီလိုလေးနော်ေိေိ
Thursday, October 17, 2013
ဆော့ဝဲ မသုံးပဲ winrar password ကိုလွယ်လွယ်ကူကူ ဖြေမယ်
 ကျနော်လည်း မအားတာနဲ့စာမရေးနိုင်တာလည်းကြာပီ
အခု့တော့ အသုံးဝင်တာလေးတခု့ ပေးခြင်ပါတယ် အသုံးပြု့ဖို့ လိုအပ်မယ့်
 ညီအကိုတွေ ဘော်ဒါတွေအတွက်ပါ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး ဒါပေမယ် လိုအပ်လို့ရှာရင်
မတွေ့ပါဘူး...ကဲစမယ်...နိုင်ငံခြားဆိုဒ်တွေ ကနေ software တွေဒါင်းတဲ့အခါ rar ဖိုင်တွေ ကို
password တွေ ခံထားတက်ကြပါတယ် အဲ့ဒီ password ကို သိနေရင်တော့ ဘာမှမဖြစ်ဘူး
မသိတော့ဘူးဆိုရင်တော့ အသုံးပြု့ဖို့ ခဲယဉ်းသွားပါတယ်
 ဒါကြောင့် software တွေကိုဖြေဖို့အတွက်အပိုဆော့ဝဲ ဒေါင်းစရာမလိုပဲနဲ့လွယ်လွယ်ကူကူဖြေလို့ရပါတယ်
သူငယ်ချင်းတို့လည်း မလုပ်ဖူးသေးလို့ မသိတာပါ တကယ်တော့ လွယ်လွယ်လေးပါ အောက်မှာ
ကျနော် ပုံအနည်းငယ်နဲ့ ရှင်းပြထားပါတယ်
ဒီ password ဖြည်တာကိုအသုံးပြု့ဖို့အတွက် winrar ကိုပဲ အသုံးပြု့တာပါ
မိမိ က winrar ကို အသုံးမပြု့ဘူး ဆိုရင်တော့ winrrar ကိုဒေါင်းထည့်ဖို့ လိုပါလိမ့်မယ်
လိုအပ်ရင် ဒီနေရာမှာ ဝင်ယူနိုင်ပါတယ်
အပေါ်ကပုံမှာ Arma actics ဂိမ်းကိုဖြေပါမယ် 
အောက်ကပုံအတိုင်း exe ဖိုင်ကိုပဲဖြစ်ဖြစ် txt ဖိုင်ကိုပဲဖြစ်ဖြစ် ကလစ် ၂ချက်ခေါက်ဖွင့်မယ်ဆိုရင်
password တောင်းပါတယ်
အောက်ကပုံကိုဆက်ကြည့်ပါ password ကိုဖြည်ပါမယ်
ဖြည်မယ့် ဂိမ်းဖိုင်ကို(မည်သည့်ဆော့ဝဲဖြစ်ဖြစ်) ထောက်ပြီး Right click နှိပ်လိုက်ပါ
ပုံထဲက အတိုင်း Convert achieve ဆိုတာလေးတွေ့နိုင်ပါတယ် နှိပ်လိုက်ပါ
အောက်ပုံအတိုင်း explorer လေးထပ်ပေါ်လာမယ် zip ကိုအမှန်ခြစ်ပေးပါ
အပြာရောင် အကွက်ကတော့ ဖြည်ပြီးတဲ့အခါ ဖိုင်သိမ်းမယ့်နေရာ ကိုပေးထားတာပါ
ကျနော်ကတော့Folder အသစ်လုပ်ပြီးတော့ ဖိုင်ကိုသပ်သပ် ပြန်သိမ်းလိုက်ပါတယ်
Delete Original Acheves ကိုအမှန်ခြစ်ပေးရင် မူရင်းဖိုင်ကိုဖျက်ပြီးတော့
Folder အသစ်နေရာမှာပဲ ပြန်သိမ်းပေးပါတယ် အပေါ်ကလုပ်စရာရှိတာလုပ်ပြီးရင်
OK ကိုနှိပ်လိုက်ပါ
OK ကို နှိပ်လိုက်ရင် နောက်ဆုံးအနေနဲ့ password တောင်းပါလိမ့်မယ်
ပေးလိုက်ပါ သူ achieves ဆက်လုပ်ပါလိမ့်မယ် စောင့်ပေးလိုက်ပါ ပြီးသွားရင်
ဖိုင်အသစ်နေရာမှာသွားကြည့်ပါ password ပေးစရာမလိုပဲနဲ့ ဖိုင်တွေကိုဖွင့်လို့ရပါလိမ့်မယ်
winzip နဲ့ ဖြည်တာတော့ ကျနော်လည်း မသိသေးပါဘူး winrar နဲ့ ဖြည်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်
ကိုလတ်(ကျွဲဆင်း)
Android ဖုန်းတွေအတွက်( 14.10. 2013 ) ရက်နေ့ မှ ထွက် တဲ့ ဂိမ်းလေးပါ
 Android ဖုန်းတွေအတွက်( 14.10. 2013 ) ရက်နေ့ မှ ထွက် တဲ့ ဂိမ်းလေးပါခင်ဗျာ။အသစ်အဆန်းလေးတွေပေါ်တိုင်းအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက်နောက်မကျ
ရလေအောင်အချိန်မှီပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ရုပ်ထွက်လည်းတော်တော်လေးကောင်းပြီးစိတ်ဝင်စားစရာတွေနှင့် ပြည့် နှက်နေတဲ့ သဲထိပ်ရင်ဖိုဂိမ်းလေးပါ။
ဒီဂိမ်းလေးကမည်သည့် ဖုန်းအမျိုးအစားနှင့် မဆိုကိုက်ညီမှူရှိပါတယ်။ဖိုင်ဆိုဒ်ကတော့  (127 MB ) ရှိပါတယ်ခင်ဗျာ။ မူရင်းplaystore မှာဒေါင်းလုပ်ယူနိုင်သလို။ဒေါင်းလုပ်လင့် လည်းစီစဉ်ပေးထားပါတယ်ခင်ဗျာ။
အောက်ပုံလေးတွေကိုကြည့် ရင်စိတ်ဝင်စားစရာကောင်းလှပါတယ်။
ကွန်ပြူတာရဲ့ USB အပေါက်တွေကို USB Drive Defender 1.0.8.0 သုံးပြီး virus ကာကွယ်ကြမယ်
ကွန်ပြူတာတိုင်းရှိထားသင့်တဲ့ Security လေးပါ
usb stickတွေ memory ကတ်တွေနဲ့ အသွင်းအထုတ် အလုပ်များတဲ့ စက်တွေဆိုရင်
 ပိုလို့တောင် လိုအပ်ပါတယ် ကိုယ်ပိုင် stick ဆိုရင် တော်သေး
တခြားက ယူလာတာ ဒါမှမဟုတ် ကိုယ် သူငယ်ချင်း ရဲ့ stick, memory card တွေ
ဆိုရင် ကိုယ်မသိရတဲ့အတွက် virus ရှိလား မရှိလား မသိရပါဘူး
အဲ့ဒါကို စစ်ဆေးပေးမယ် စောင့်ကြည့်ပြီး delete လုပ်ပေးမယ့်
USB Drive Defender လေးပါ သူငယ်ချင်းတို့အတွက်ပြန်လည်မျှဝေလိုက်ပါတယ်
Freeware လေးပါ ဘာမှထည့်ပေးစရာမလိုပါဘူး 
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Driver Pack Solution Professional 13 R-380 DVD ISO (4.36 Gb)
C Box ကရော Email ကပါ တောင်းဆိုထားကြတဲ့ ညီငယ်များနဲ့ မိတ်ဆွေများအတွက် ကျွန်တော်လဲ ကြိုးစားပြီး Driver Pack Solution Professional 13 ကို တင်ပေးလိုက်ပါပြီဗျာ။ (လက်ရှိ ကျွန်တော် သုံးနေတဲ့ အင်တာနက်က 12 Mb ဆိုပေမဲ့ တခါတလေ အပြည့်အဝမလာ တော့ ဒီ Driver Pack ကို ၂-ရက်နီးပါး ကြိုးစာပြီးတင်ရပါတယ်။ 
ဒီထက်မြန်တဲ့ 25 Mb,1 Gb အင်တာနက် ကို သုံးနိုင်ဖို့ ဆုတောင်းပေးပါ။) ။ ဖိုင်ဆိုဒ်က 4.36 GB ရှိတာမို့ RAR ဖိုင် (၈)ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။ အရင်တလောက တင်လိုက်တဲ့ Driver Pack က Windows 7 တခုထဲသုံးလို့ရတာပါ။ အခုတင်လိုက်တဲ့ Driver Pack Solution 13 က Windows XP/Vista/7/8 အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။
 ဒီဆော့ဝဲကို အင်စတောပြီးရင် နောက်ထပ်ဘာ Driver မှ ထပ်ထည့်စရာ မလိုတော့ပါ။ အားလုံး ပြည့်စုံ သွားမှာ ဖြစ်ပါတယ်။ ဖိုင် (၈)ဖိုင်လုံးဒေါင်လုပ်ယူပြီး  WinRAR နဲ့ Extract လုပ်ပါ။ ISO ဖိုင် တဖိုင်ထဲ ပြန်ရပါမယ်။ ၎င်း ISO ဖိုင်ကို DVD မှာ Burn လုပ်၍ဖြစ်စေ၊ Mount(Extract) လုပ်၍ဖြစ်စေ အင်စတော လုပ်နိုင်ပါပြီ။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 အားလုံးအဆင်ပြေပါစေ.......။
ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်းစာအုပ် (မြန်မာလို) (5MB)
ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်းစာအုပ် (မြန်မာလို) ဖြစ်ပါတယ်။ PC ကွန်ပျူတာတစ်လုံး
တပ်ဆင်ရာတွင် လိုအပ်သောပစ္စည်းအစိတ်အပိုင်းများ ၊ ပစ္စည်းအစိတ်အပိုင်းများရွေးချယ် ၀ယ်ယူခြင်း၊ ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်ခြင်းကို အသေးစိတ်ရေးသားပေးထားတဲ့ စာ အုပ် လေး  ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တပ်ဆင်မယ်ဆိုရင် သေသေချာချာလေ့
လာ နားလည်သဘောပေါက်ပြီးမှ တပ်ဆင်ကြပါလို့............
Download=>> Link 1, Link 2
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ.....
ဘလော့ခရီးသည်မှ ကူးယူဖော်ပြသည်
Wedding Album Maker Gold 3.52 Full Version (မင်္ဂလာဆောင် ဓါတ်ပုံတွေကို အလှဆင်ဖို့)
 မင်္ဂလာဆောင်ဓါတ်ပုံတွေကို အလှဆင်ဖို့ပါ.. ကဲအထွေထူးမပြောတော့ဘူးနော်
နောက်ဆုံးဗားရှင်းလေးပါ အဆင်ပြေကြပါစေ
Features Software Wedding Album Maker Gold:
- Easy to use software without having any previous experience and training
- Ability to create professional photo albums easy to weddings and celebrations
- Ability to burn directly onto DVD and CD burning software without any
- Ability to view the output in the form of Real before getting the album made without Render
- Ability to create output for the highest quality display available in a variety of TV
- Ability to put on your favorite music, photos and required settings
- Ability to create menu using all the tools available with photo opportunities in
- Supports most common image formats
- Supports output formats, MPEG-4, MP4, FLV, XVid AVI, AVI MPEGI and MPEGII and ...
- More than 260 beautiful and interesting effects
- Library has a huge menu, and form professional Bkrand
- Pan & Zoom feature
- Have the ability to Fade In & Fade Out Music
- High quality construction Albums
- Fully compatible with all DVD players on the market
ဒေါင်းရန် .. ဒီမှာ
         နည်းပညာဥယျာဉ် မှ ကူးယူဖော်ပြသည်
Monday, October 14, 2013
Desktop ပေါ်မှာ အလှုပ်အရှားလေးတွေနဲ့ အလှဆင်ပေးမယ့် Animated Wallpaper Maker
ကွန်ပျူတာရဲ့ desktop background ကို Animated wallpaper လေးတွေနဲ့ အလှဆင်ချင်တဲ့ သူငယ်ချင်းတွေအတွက် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ်
Animated wallpaper maker ပါ ..
ဒီဆော့ဝဲလေးကို Install လုပ်ပြီးတာနဲ့ ဆော့ဝဲနဲ့အတူ ပါလာတဲ့ Wallpaper တွေကို Desktop background အဖြစ် အသုံးပြုလို့ရသလို ကိုယ်တိုင်လည်း animated wall paper တွေကို ဖန်တီးပြီး Desktop background အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ..
Windows 8 အထိ အသုံးပြုလို့ရတာဖြစ်ပြီး ကျွန်တော် အသုံးပြုကြည့်ရသလောက်ကတော့
Windows 8 64bit မှာ တစ်ခါတစ်ခါ Wall paper ပြုတ်ကျသွားတဲ့ပြဿနာမျိုးတော့ရှိပြီး
ကျန်တဲ့ ပြဿနာ ဘာမှမရှိပါဘူး ..
ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါ
 exe ဖိုင်ကို Install လုပ်ပြီး ဆော့ဝဲကို Run လိုက်ပါ .. ပြီးရင် အပေါ်ဘားတန်းထဲက သော့ပုံလေးကို
နှိပ်လိုက်ပြီး ပွင့်လာတဲ့ထဲက အောက်အကွက် Your license code ဆိုတဲ့အကွက်ထဲမှာ ကျွန်တော်ထည့်ပေးလိုက်တဲ့ Notepad ထဲက key တစ်ခုခုကို ထည့်ပေးလိုက်ပြီး Apply code ကို နှိပ်ပေးလိုက်တာနဲ့ Full version အဖြစ် အသုံးပြုလို့ ရသွားပါပြီ ..
ပြီးရင်တော့ သူ့ထဲမှာ ပေါ်ထားတဲ့ Animated wallpaper တစ်ခုခုကို Open လုပ်ပြီး ညာဖက်အောက်ဒေါင့်နားလေးက
Set as wallpaper ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ Desktop background မှာ လှုပ်ရှားနေတဲ့ Animated Wallpaper ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ် ..
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Folder Lock 7.1.7 Full Version + Key (Latest Version)
Folder Security Software တွေအများကြီးရှိတဲ့အထဲကနေ Folder Lock ကတော့လူသုံးများလာတဲ့ Security Software တစ်ခုပါ။ အခု Version အသစ်ထွက်လာလို့ အားလုံးကိုပြန်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။ အမြဲတမ်း သုံးနိုင်အောင်လည်း Full Version အဖြစ် Serial Key ကိုထည့်သွင်းပေးထားပါတယ်။ အသုံးပြုရတာလည်း လွယ်ကူရိုးစင်းတဲ့အတွက် ကျွန်တော်မရှင်းပြတော့ပါဘူးနော်။ တစ်ခုဘဲရှိတယ်ဗျာ ကိုယ်ပေးထားတဲ့ Password ကိုတော့ မမေ့ဖို့ အရေးကြီးပါတယ်ဗျာ။ မိမိရဲ့ Data တွေလုံခြုံစိတ်ချမှုရှိဖို့အတွက် ကျွန်တော်ကဒီ Software လေးအသုံးပြုဖို့တိုက်တွန်းလိုက်ပါတယ်ဗျာ။
ဒေါင်းရန် ..ဒီမှာ
 Latest Folder Lock 7.1.7 Download
 Latest Folder Lock 7.1.7 Download
ကိုပြည့် ကို ကျေးဇူးတင်ပါသည်
Driver ပေါင်း တစ်သိန်း စုစည်းတင်ပြခြင်း
http://203.172.169.195/driver/100,000%20DRIVER+%E0%B8%9B%E0%B8%81/Picture%20003.jpg
Driver ပေါင်း တစ်သိန်းဆိုကတည်းကိုက Service သမားတွေရော User တွေပါစိတ်ဝင်စားကြမယ်လို့ထင်ပါ တယ်ဗျာ ။ တကယ်လည်းစိတ်ဝင်စားစရာကောင်းပါတယ်။ ဘာကြောင့်လည်းဆိုရင်တော့ ကွန်ပြူတာမှာ အရေးကြီးဆုံးဟာ Driver ပါဘဲ။ Driver မရှိဘူးဆိုရင်တော့ အဲဒီကွန်ပြူတာဟာ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် အားလုံးအတွက်အသုံးတည့်စေမယ့် Driver ပေါင်းတစ်သိန်းစုစည်းထားတာလေးကို ဘော်ဒါကြီး ဦးဦးကောင်းခန့် ဆီကနေ ယူလာတာပါဗျာ။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
Format Factory 3.2.0.1 အသစ် Free လေးပါ
ဟောဒီက Format Factory အသစ်ဗျို့...ငိငိငိငိ
Format Factory ကို အသဲစွဲ ကြိုက်သူတွေအတွက် update လေး ကို
တင်ပေးလိုက်ပါတယ် ခင်ဗျာ သုံးစွဲနည်းလည်း သိကြမယ် ထင်ပါတယ်နော်
အသုံးပြု့မယ်ဆိုရင်အောက်မှာ ဒေါင်းယူသွားကြပါခင်ဗျာ
အဆင်ပြေပြေဒေါင်းနိုင်အောင် လင့်များများကနေ
တင်ပေးထားတယ် မဒေါင်းတက်ရင်ပြန်အော်လိုက်ပါ..ပြောပြမယ်နော်
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ 
*** အွန်လိုင်းက သတင်းများ မှန်ကန်မှုရှိမရှိ ကိုယ်တိုင်စစ်ဆေးနည်း ***.......................
ဒီမိုကရေစီ ရရှိပြီးနောက် မြန်မာပြည်မှာ သတင်းအချက်အလက် စီးဆင်းမှုဟာ ယခင်ကထပ် များစွာ တိုးတက်လာတာကို တွေ့ရ ပါတယ်။ မှန်တာလည်း ပါမယ်။ မှားတာလည်း ပါမယ်။ မမှန်တစ်မှန်လည်းပါမယ်။ မမှားတစ်မှားလည်းပါမယ်။ ရေးတဲ့သူကတော့ရေးမှာပဲ၊ တင်တဲ့သူကတော့ တင်မှာပဲ။ သူမပိုင်၊ကိုယ်မပိုင် အွန်လိုင်း ကမ္ဘာကြီးထဲမှာ သတင်းတွေ ဟုတ်မဟုတ် ခွဲခြားစိတ်ဖြာရမှာက ကိုယ့်ရဲ့  တာဝန်။ ကောလဟာလ လွင့်တဲ့သူကတော့ လွင့်မှာပဲ။ ဒီတော့ Training သဘောမျိုးပေးရင် အနည်းဆုံး ၅ နာရီကြာနိုင်တဲ့ Information Filtering Subject ကို ဆောင်းပါးတစ်ပုဒ် နဲ့ အတိုဆုံးဖြစ်အောင် ကြိုးစားရေးလိုက် ရပါတယ်။ (ဒီတော့ အချက် အလက် မစုံပေမယ့် အရေးကြီးတာတွေတော့ ပါဝင်မှာပါ)
ဒီတော့ ခေါင်းစဉ်ကြီး နှစ်ခု ခွဲပါမယ်။ ပြည်တွင်း သတင်းအချက်အလက် နဲ့ ပြည်ပ သတင်းအချက်အလက်။
၁။ ပြည်ပ သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း
သတင်းတစ်ပုဒ်ထဲမှာ နီးကိုးလပ်ခ်ျဂေ့က ရေခဲတောင် အက်ဆီး ဒန့်ကြောင့် သေ တယ်လို့လည်း ကြားရကော လခ့်ဆီသွားပြီး ဖတ်လိုက်တာ အားလုံးက ရုပ်တည်ကြီးတွေပဲ။ အရေးအသားကလည်း သတင်း အရေးအသား ဆန်ဆန်ပေါ့။ သို့ပေမယ့် အဲ့ဒီ Title ကို Select လုပ်ပြီး Google Search ကနေ ပြန်ရှာကြည့်တော့ Search Engine က ထိပ်ဆုံးကနေ Fake News ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ရှာဖော်ပြတယ်။ ဒီတော့ ပြောချင်တာက ပြည်ပက သတင်းအချက်အလက် (Google က recognized လုပ်ထားသော Languageနဲ့ ရေးသားဖော်ပြ ထားသော သတင်းအချက်အလက်) တွေ မှန်ကန်မှု ရှိမရှိ စစ်ဆေးရာမှာ Google က အစအဆုံး ကူညီပေးပါတယ်။ ဥပမာ Facebook မှာတစ်စုံတစ်ယောက်က ပုံတစ်ပုံတင်လိုက်တယ်ဆိုပါစို့။ ခေါင်း ၈ လုံးနဲ့ မြွှေ ဓာတ်ပုံကို Share ရင် စော်ကြည်ထီပေါက် Heaven ရောက်ဘာညာပေါ့။ လွယ်လွယ်လေး အဲ့ဒီပုံကို Download ချ။ Google Search Engine က Image Search ကို ကလစ်နှိပ်ပြီး ပုံကို Upload လုပ် ပြန်ရှာ လိုက်တော့ တွေ့ပါလေရာ။ Fake News ဖြစ်ပါတယ်ဆိုတာကို ရေးထားတာတွေကို Google က ပြန်ဖော်ပြတယ်။ ကယ် ပြောတာတွေ စနစ်တကျ ဖြစ်အောင် Bullet point လေးတွေနဲ့ ပြန်ဖော်ပြ ရမယ်ဆိုရင်
- သတင်း ခေါင်းစဉ် ကို စစ်ဆေးခြင်း
- သတင်း ဓာတ်ပုံကို စစ်ဆေးခြင်း
- သတင်း အရေးအသား ဟုတ်မဟုတ် (Grammer) စစ်ဆေးခြင်း
- သတင်း ဖော်ပြသော ဝဘ်ဆိုဒ်များကို စစ်ဆေးခြင်း
- သတင်း အောက်မှာ Comment များကို စစ်ဆေးခြင်း
အချက် ၅ ချက်လေးကတော့ အခြေခံအားဖြင့်သိရမယ်။ ဒါသိရုံနဲ့ ပြီးသွားပြီ လားဆိုတော့ မဟုတ်သေးဘူး။
http://www.google.com/advanced_search
http://www.googleguide.com/advanced_operators_reference.html
အဲ့ဒီ Link ၂ ခုကို မှတ်ထား။ တစ်ခုက Google Advanced Search ။ တစ်ခုက Google Search Engine ကို ကောင်းကောင်းခိုင်းစားလို့ရမယ့် နည်းလမ်း။ အဲ့မှာ ဘာကိုရှာချင်ရင် ဘာ Keyword ကို သုံးရတယ်။ အစရှိသဖြင့် အကုန်ပါပြီးသား။ အဲ့ဒါတွေ တစ်ချက်ချင်းစီ လိုက်ရေးပေးနေ ရရင် ရှည်နေမှာစိုးလို့ ကိုယ်တိုင်ပဲ Self study လုပ်နိုင်အောင် Link ပေးလိုက် ပါတယ်။
၂။ ပြည်တွင်း သတင်းအချက်အလက် စစ်ထုတ်စားသုံးခြင်း
ပြည်ပ ပြီးရင် ပြည်တွင်းအကြောင်းလာပါပြီ။ ဟိုမင်းသမီးကတော့ ဘာတဲ့။ မင်းတစ်ယောက်ကတော့ ဘာတဲ့ အစရှိသဖြင့် Facebook မှာ တစ်ယောက်နဲ့ တစ်ယောက် Opinion အမျိုးမျိုးပေးနေလိုက်ကြတာ။ သတင်းအချက် အလက် မှန်ကန်မှုရှိမရှိက ကွဲကွဲပြားပြား မသိရတော့ဘူး။ ပြည်တွင်းက အရေးကြီးတယ်။ ကောလဟာလ တစ်ခုလွင့်ရင် တိုင်းပြည်နစ်နာမှာလေ။ ဒီတော့ ဘယ်လိုစစ်ထုတ်ရမလဲဆိုတာ အင်မတန် အရေးကြီးတယ်။
ယုံကြည်နိုင်သော အရင်းအမြစ်ကို စားသုံးခြင်း
ဆိုင်ကယ်တွေလိုင်စင်ထုတ်တယ်ဆိုတာ အလကားထုတ်ပေးတာ မဟုတ် ပါဘူး။ အကြောင်း အမျိုးမျိုးကြောင့် အဲ့ဒီ ဆိုင်ကယ်နဲ့ ပက်သက်ပြီး မှုခင်းတွေ ဘာတွေဖြစ်ရင် ကာယကံရှင်ကော၊ နစ်နာသူဘက်ကကော အလွယ်တကူ ဖြေရှင်းပေးလို့ရအောင် ဖန်တီးထားပေးတာ။ ဒီလိုပါပဲ။ သတင်းဌာနတွေ၊ မီဒီယာတွေကို လိုင်စင် ပေးတယ်ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ကိုယ်ရေးသားဖော်ပြ တင်ပြတဲ့ သတင်း အချက်အလက် မှန်ကန်မှု ရှိလားမရှိလားဆိုတာကို အာမခံပေးဖို့ဖြစ်ပါတယ်။ ဥပမာ သတင်းဌာနတစ်ခုက သတင်းမှားဖော်ပြရင် အဲ့ဒီသတင်းဌာနကို တိုင်ကြားပြီး ဒါအရေးယူလို့ရတယ်။ အကယ်၍ အဲ့လို လိုင်စင်ရှိထားတဲ့ Source တစ်ခုက တင်ပြတဲ့ သတင်းမဟုတ်တာကို သိလျက်နဲ့၊ ဖတ်မိတယ်၊ ယုံမိတယ်။ အားကိုးမိတယ်။ အဲဒါနဲ့ ကမောက်ကမတွေ ဖြစ်မှ ဟိုတိုင် ဒီတိုင်လုပ်တော့ ဘယ်သူက ဝင်ကယ်နိုင်မှာလဲ။ rumor လွင့်တာနဲ့ ပက်သက် လို့ တရားဥပဒေနဲ့ တားမြစ်တာတွေ ရှိပေမယ့် ဥာဏပစ္စည်း မူပိုင်ခွင့် အလေးမထားကြသေးတဲ့ မြန်မာပြည် လူမှုကွန်ရက်မှာ ကလေးငိုတာကအစ ဘယ်သူက လိုက်ဖြေရှင်းပေးနိုင်မလဲ။ ဒါကြောင့် အစိုးရက သတင်းဖော်ပြချရင် လိုင်စင်တင်။ လိုင်စင်တင်ထားတဲ့ သတင်းဌာနဟာ သတင်းမှန်တွေ ပေးနေတာပါ။
ဒီတော့ မြန်မာပြည်မှာ တရားဝင် ရပ်တည်နေတဲ့ သတင်းဌာန ဘယ်နှစ်ခု ရှိတယ်ဆိုတာ မသိချင်နေ၊ ကိုယ်သတင်း စားသုံးနေတဲ့ Source က ခိုင်မာ တဲ့ Source ဖြစ်မဖြစ် ဆန်းစစ်တာမျိုးကတော့ ကိုယ့်ဘက်က အနည်းဆုံး ကာဗာယူထားနိုင်ရ ပါမယ်။ ဒီတော့ ခု Facebook မှာ သတင်းတွေကို copy paste လုပ်ပြီး တင်နေတဲ့၊ ဖော်ပြနေတဲ့ Page တွေများလာတယ်။ ရည်ရွယ်ချက်ကတော့ သတင်းအချက်အလက် အလွယ်တကူ စီးဆင်းစေ ဖို့ပါပဲ။ သို့ပေမယ့် Source filtering မှာ နည်းလမ်းကျကျ ဘယ်လို Process လုပ်သင့်တယ် ဆိုတာကို သေချာမသိထားဘူးဆိုရင် သူတင်ပြတဲ့ သတင်းတွေကလည်း မှန်ချင်မှမှန်မှာပါ။ ဖတ်လို့ကောင်းတာနဲ့ပဲ တင်ရ ချည်ဟဲ့ဆိုပြီး တင်လိုက်ရင် ဖတ်စရာ စာလေးတွေပဲ ဖြစ်လာမှာပါ။ တတင်းဖြစ်မလာ ပါဘူး။ သတင်းတစ်ခုမှာ မူပိုင်ခွင့်ရှိတယ်။ ဒါကြောင့် အာမခံချက်လည်း ရှိတယ်။ မှားနေရင် စားသုံးသူဘက်ကလည်း complaint တက်လို့ရတယ်။ အဆုံးစွန်ဆုံး Source ဌာနအထိ တိုက်ရိုက်ဆက်သွယ် တဲ့အထိတောင် လုပ်နိုင်တယ်။ အခုက သူများတွေ ဒီ ပေ့မှာဖတ်လို့ ငါလည်းဖတ်တယ်။ ဟိုဆိုဒ်မှာဖတ်လို့ ငါလည်းဖတ်တယ်။ သတင်းမှန်ကန်မှု ရှိလားမရှိလားကို သေချာ မကြည့်။ ဒီတော့ ကောလဟာလ ပြန့်နှံ့မှု နှုန်း က ကြောက်စရာပါပဲ။
ဒီတော့ မှန်ကန်သော Source မှ စားသုံးသည့် အလေ့အထ ပြုလုပ်ခြင်း ကို ပြုလုပ်ရပါမယ်။ မဖြစ်မနေ မြင်နေရပြီ ဖတ်နေရပြီဟေ့ဆိုရင် Source က ဘယ်ကိုညွန်းထားလည်းဆိုတာကိုကြည့်။ ပြီးရင် အဲ့ဒီ source ကိုဆက်သွားပြီးတော့ ကြည့်။ သတင်းအောက်က Reader တို့ ဘယ်လို Feedback ရှိတယ်ဆိုတာကို ကြည့် အစရှိသဖြင့်ပေါ့။
၃။ Platform ခွဲမယ်
သတင်းဖော်ပြသော Platform သုံးခု ဖြစ်တဲ့ Website, Blog နဲ့ Social Media အစရှိတဲ့ Platform လေးခုမှာ အမျိုးအစားခွဲတတ်ရအုံးမယ်။ Website မှာဆိုရင် သတင်းဆိုဒ်လား၊ ကြော်ငြာဆိုဒ်လား၊ ထုတ်ကုန်ပစ္စည်း တစ်ခုခုကို ကိုယ်စားပြုတဲ့ ဝဘ်ဆိုဒ်လား အစရှိသဖြင့်ပေါ့။ အကယ်၍ ထုတ်ကုန်ပစ္စည်းတစ်ခုခုကို ကိုယ်စားပြုတဲ့ ဆိုဒ်ဆိုရင် သတင်းမှန်တွေ ဘယ်ရတော့မလဲ။ သူတို့ ကုန်ပစ္စည်းကောင်းကြောာင်းချည်းလာမှာပေါ့။ လက်ရှိချိန်အထိ ဝဘ်ဆိုဒ်က ဘယ်လိုအမျိုးအစားဖြစ်တယ် ဆိုတာကို အချို့တွေ မခွဲတတ်သေးဘူး။ Home Page appearance, About, Content တို့ကို စစ်ဆေးရုံနဲ့ ဒါ ဘာဆိုဒ်လည်းဆိုတာ တော်ရုံလူခွဲတတ်ပါတယ်။
Blog ကျတော့ Website လိုမဟုတ်တော့ဘူး။ Personal Blog, News Blog, Adv Blog အစရှိသဖြင့်ပေါ့။ အမျိုးမျိုးကွဲသေးတယ်။ အထူးသဖြင့် Blog ဆိုတာကို User တွေက Personal အတွက် အသုံးပြုတာ များတယ်။ ဒီတော့ သတင်းမှန်တွေ ဘယ်ရနိုင်မလဲ။ သူ့ Feeling တွေရေးသားဖော်ပြတာလေ။ တစ်စုံတစ်ယေက်ရဲ့  Opnion ပဲရလိမ့်မယ်။ သတင်းရချင်မှရမယ်။ Blog ရဲ့  Terms and Privacy မှာ သတင်းမှားတွေ မဖော်ပြရလို့ Google က မထည့်သွင်းထားဘူး။ လူတိုင်းတင်ချင်ရာတင်တယ်။ ဒီမှာ ယုံကြည်ရဖို့ အတွက်ကတော့ Website မှာတုန်းကလိုပဲ Home Page, About, Content တို့ကို အဓိကထား စစ်ဆေးရအုံးမယ်။
နောက်ထပ် Platform တစ်ခုက Social Media. အရင်တုန်းက Forum ခေတ်။ Forum တွေလုပ်ပြီး ကိုယ်သိတာတွေရေးကြပြောကြပေါ့။ အခုတော့ Facebook ခေတ်။ Facebook မှာလည်း Personal Account Page နဲ့ Blog လို အသုံးပြုလို့ရမယ် Fan Page ဆိုပြီးတော့ ၂ မျိုးရှိတယ်။ Social Media ရည်ရွယ်ချက်က ခံစားချက်တွေ မျှဝေဖို့။ သို့ပေမယ့် Social Media ကိုအခြေပြုပြီး Website တွေ Traffic တက်အောင် Joint လုပ်လာကြတယ်။ Social Media Marketing ပေါ့။ နောက်ဆုံး အဆင့်မှာတော့ Website တောင် မကူးတော့ပဲ Facebook မှာတင် သတင်းအချက်အလက် ဖော်ပြပေး၊ တင်ဆက်ပေးတဲ့ အဆင့်အထိ ရောက်လာတယ်။ Terms and Condition မှာက Nudity, Abuse, Annoy တို့လောက်ပဲ ပြောထားတာ။ သတင်းမှားလား မှန်လားဆိုတာကို Facebook က မစစ်ပေးဘူး။ စားသုံးသူတွေ ကိုယ်တိုင်စစ်ပြီး Report လုပ်လို့ရမယ့် UI ပဲ ပေးထားတယ်။ ကဲ။ ဒီတော့ ဘယ်လိုလုပ်မလဲ။
လွယ်ပါတယ်။ အထပ်က ပြောခဲ့သလို ပဲ။ တရားဝင် မှတ်ပုံတင်ထားတဲ့ သို့တည်းမဟုတ် ယုံကြည်ရရန် အာမခံချက် ပေးထားတဲ့ သတင်းဌာ များကိုသာ မှီခိုစားသုံးစေဖို့ပါပဲ။ အဲ့လို အာမခံချက်ပေးမထားတဲ့ နေရာတွေ ကနေ သွားစားသုံးရင်တော့ ကိုယ့် Risk နဲ့ ကိုယ်ပဲ။
နောက်ထပ် Platform တစ်ခုပေါ်လာပြီ။ မိုဘိုင် App နဲ့တင်ဆက်တဲ့ သတင်းတွေ။ ဘုရား၊ဘုရား။ မလွယ်ပါလား။ Authorized ဖြစ် လားမဖြစ်လား၊ လိုင်စင်ရှိလား၊ Commitment ရှိလား၊ Terms and Privacy ထားလား။ မေးစရာမေးခွန်းတွေက အများကြီးပါပဲ။ မြန်မာပြည်မှာ ဖုန်းကနေရော၊ ကွန်ပြူတာကနေရော အင်တာနက် အသုံးပြုသူ အရေအတွက်က ဆပွားနဲ့ကို တတ်နေပါတယ်။ ဒီလိုတက်နေတဲ့ လူတွေအတွက် စားသုံးစရာ သတင်းကလည်း လိုမြဲတမ်းလိုမယ်။ တင်တဲ့သူတွေလည်းတင်မြဲတမ်းတင်မယ်။ ဒီလိုအချိန်မှ ကောလ ဟာလတွေလည်း ရောစပ်လာတယ်အခါ မြင်မကောင်း၊ ကြား မကောင်းတွေ ဖြစ်ကြရော။ ရေးရင်းနဲ့ မှာချင်တာ အတော်လေး များသွားပါတယ်။ အကြမ်းဖျဉ်းအားဖြင့် Trust ဖြစ်ဖို့ အာမခံချက်ပေးတဲ့ Source ကနေပဲ စားသုံးတဲ့ အလေ့အထကို လုပ်စေချင်ပါတယ်။ ဒါတောင် အမှားပါတတ်ပါသေးတယ။်
လူတိုင်း သတင်းအမှန် ခွဲခြား စားသုံးတတ်ဖို့ ရည်ရွယ်ချက်တဲ့ ရေး သား ဖော်ပြလိုက်ရပါတယ်။
အောင်ခမ်း ( TSJ Team )
Tuesday, October 8, 2013
ကိုယ်တိုင်ကားမောင်းသလိုမောင်းရမယ်..Dr.Driving Update လေးပါ..
ကားမောင်းတာကြိုက်တဲ့မိတ်ဆွေများအတွက် Update လေးတွေ့လို့
တင်ပေးလိုက်ပါတယ်နော်.. ကားပြိုင်တဲ့ဂိမ်းတော့မဟုတ်ပါဘူးခင်ဗျာ..
ကိုယ်တိုင်ဝင်မောင်းရသလိုပါပဲ .. ကားပါကင်ထားတာလဲပါတယ်..
Highway မောင်းတာလဲပါတယ်.. ဓါတ်ဆီချွေတာပြီးလဲမောင်းခိုင်း
တာလဲပါတယ်..အို..စုံ လို့ပါပဲဗျာ.. ကဲ..စိတ်ဝင်စားရင်တော့အောက်
မှာဒေါင်းနိုင်ပါတယ်ဗျာ.. Dr.Driving တဲ့နော်..
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်...
Monday, October 7, 2013
Windows အားလုံးအတွက် product keys များ
Windows 8 ကို Upgrade လုပ်လိုက်တဲ့သူတွေအတွက် Activator မသုံးခင် တောင်းတဲ့ ကီးကို ဖြည့်ပေးဖို့ ကျွန်တော် ရှာဖွေ တင်ပေးလိုက်ပါတယ်.. ဒီထဲမှာ ထွက်ခဲ့သမျ Windows 8 ကီးတွေ အားလုံးနီးပါး ပါဝင်တယ်လို့ သိရပါတယ်.. Activate လုပ်တဲ့အခါတော့ Offline နဲ့သွင်းပေးရမှာဖြစ်ပါတယ်.. Online ချိတ်ထားရင်တော့ Block လုပ်ခံရမှာပါ.. ကီးနဲ့ အဆင်ပြေသွားရင်တော့ Activator လေးနဲ့ နောက်ဆုံး Activate လုပ်ဖို့ အကြံပေးချင်ပါတယ်.. ပြီးတော့ Windows Update ကို Disable လုပ်ထားဖို့ အရေးကြီးပါတယ်.. ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့တွေက လိုင်စင်နဲ့ဝယ်သုံးတာ မဟုတ်တဲ့အတွက် Pirate Version တွေကို Update လုပ်မိရင် Windows is not Genuine ဆိုပြီး အမဲရောင် Background ဖြစ်သွားပါလိမ့်မယ်..
Windows 8 Product Key
*****************
MAK (Multiple Activation Key NEW
3HBY3-3GNXP-22R96-CCMCB-HT67C
OR
KGQND-Q2HH6-XHXHC-89VWW-82KVC
*****
Professional Procuct Key
XKY4K-2NRWR-8F6P2-448RF-CRYQH
TK8TP-9JN6P-7X7WW-RFFTV-B7QPF
9G4HW-VH26C-733KW-K6F68-J8CK4
*****
Enterprise Product Key
27NW-9KQ84-P47T8-D8GGY-CWCK7
XKY4K-29RWR-8F6P2-448RF-CRYQH
new update 06-12-2012
Windows RTM
Professional,ProfessionalN,Enterprise,EnterpriseN
Volume MAK
3HBY3-3GNXP-22R96-CCMCB-HT67C
KGQND-Q2HH6-XHXHC-89VWW-82KVC
6CNK2-RTVRV-TXYQK-86DBM-B4DHC
F2V7V-8WN76-77BPV-MKY36-MKH3P
Windows 8 RTM Core Retail
F2V7V-8WN76-77BPV-MKY36-MKH3P
3MHNP-V3YQ3-6XJYK-9P93C-749T3
48H7B-NXQ2P-YKBY6-BP74B-QJXT3
7RN69-T7DTK-WD2GF-R3MJQ-RJMQD
8N4QH-2WT9H-T7GRF-3JBKY-DPBQD
See More >> http://adf.ly/QGA1u
@ Fwd Mail
Facebook က သူငယ်ချင်းများဖြင့် ရုပ်မြင်သံကြား လုပ်နိုင်သော အလန်းစား Seen
* Facebook က သူငယ်ချင်းများဖြင့် ရုပ်မြင်သံကြား လုပ်နိုင်သော အလန်းစား Seen ***
Seen: Video calls for Facebook
ဒီနေ့တော့ ကံကောင်းတယ်ခင်ဗျ။ အလန်းလေးတစ်ခု တွေ့လို့ အမြန်ဆုံးတင်ပေးလိုက်ပါတယ်။ Seen ဆိုတဲ့ App လေးနဲ့ Facebook က သူငယ်ချင်းများဖြင့် Voice Call , Video Call လုပ်ဆောင်နိုင်ပါတယ်။ တစ်ခုပဲ အားနည်းတာပါ .. Noise သံ အနည်းငယ်ပါနေတာပါ။ နားကြပ်တပ်ပြီး အသုံးပြုရင် လုံးဝ အဆင်ပြေပါတယ်။ နားကြပ်မတပ်ထားရင် Noise သံ အနည်းငယ်ထွက်ပါမယ်။
Video Call ကိုစမ်းကြည့်တဲ့အခါ Tango ထက်တောင် ကြည်လင်ပါတယ်။ Voice Call ကလည်း Viber ထက် အသံပိုကျယ်တာ တွေ့ရပါတယ်။ Seen ကို အသုံးပြုဖို့အတွက် Facebook Account တစ်ခုရှိရပါမယ်။ ကျန်တာမလိုအပ်ပါဘူး။ မိမိ fb account ဖြင့် sign in လုပ်ရပါမယ်။ ကိုယ်နဲ့ပြောမယ့် တစ်ခြား ဘော်ဒါတွေရဲ့ ဖုန်းမှာလဲ Seen ကို ထည့်ထားရပါမယ်။ fb မှာ သူငယ်ချင်းများကိုလဲ Seen သုံးဖို့ invite လုပ်နိုင်ပါတယ်။ Viber လိုပါပဲ။ ဒါပေမဲ့ ဘာ code မှ မလိုပါဘူး။ fb account နဲ့နှစ်ပါးသွားတာဖြစ်လို့ အရမ်းအဆင်ပြေပါတယ်။ ပိုပြီးလန်းသွားတာက friends တွေအပြင် Fb Group ထဲမှ သူတွေနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။
UI ကလည်း အတော်လန်းတယ်။ အခမဲ့ ၀န်ဆောင်မှုပေးတဲ့ App လေးဖြစ်ပါတယ်။ ကျွန်တော်တော့ ချစ်ချစ်လေးနဲ့ ဈေးဦးပေါက်
တော်ကီပွားကာ ဗီဒီယိုချက်တွေဘာတွေ စမ်းကြည့်ပြီးပါပြီ။ အဆင်ပြေလွန်းလို့ ချက်ချင်းတင်ပေးလိုက်တယ်ဗျို့ ဒီကောင်လေးကို အမြဲသုံးဖြစ်တော့မယ်။ Tango နဲ့video ချက်ရင် ဖုန်းက ပူတယ်။ Battery စားတယ်။ Viber နဲ့ကျ မလွတ်လပ်ဘူး
Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
download - (4MB)
dropbox - https://www.dropbox.com/s/m07w9ygfsq5o69k/Mr.AD%20-%20Seen.apk
zippyshare - http://www11.zippyshare.com/v/2256233/file.html
Play Store တွင် Seen လို့ရိုက်ကာ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။
ပျော်ရွှင်ပါစေ။
Mr.AD (www.facebook.com/happyandroidworld)
Photo: *** Facebook က သူငယ်ချင်းများဖြင့် ရုပ်မြင်သံကြား လုပ်နိုင်သော အလန်းစား Seen *** Seen: Video calls for Facebook ဒီနေ့တော့ ကံကောင်းတယ်ခင်ဗျ။ အလန်းလေးတစ်ခု တွေ့လို့ အမြန်ဆုံးတင်ပေးလိုက်ပါတယ်။ Seen ဆိုတဲ့ App လေးနဲ့ Facebook က သူငယ်ချင်းများဖြင့် Voice Call , Video Call လုပ်ဆောင်နိုင်ပါတယ်။ တစ်ခုပဲ အားနည်းတာပါ .. Noise သံ အနည်းငယ်ပါနေတာပါ။ နားကြပ်တပ်ပြီး အသုံးပြုရင် လုံးဝ အဆင်ပြေပါတယ်။ နားကြပ်မတပ်ထားရင် Noise သံ အနည်းငယ်ထွက်ပါမယ်။ Video Call ကိုစမ်းကြည့်တဲ့အခါ Tango ထက်တောင် ကြည်လင်ပါတယ်။ Voice Call ကလည်း Viber ထက် အသံပိုကျယ်တာ တွေ့ရပါတယ်။ Seen ကို အသုံးပြုဖို့အတွက် Facebook Account တစ်ခုရှိရပါမယ်။ ကျန်တာမလိုအပ်ပါဘူး။ မိမိ fb account ဖြင့် sign in လုပ်ရပါမယ်။ ကိုယ်နဲ့ပြောမယ့် တစ်ခြား ဘော်ဒါတွေရဲ့ ဖုန်းမှာလဲ Seen ကို ထည့်ထားရပါမယ်။ fb မှာ သူငယ်ချင်းများကိုလဲ Seen သုံးဖို့ invite လုပ်နိုင်ပါတယ်။ Viber လိုပါပဲ။ ဒါပေမဲ့ ဘာ code မှ မလိုပါဘူး။ fb account နဲ့နှစ်ပါးသွားတာဖြစ်လို့ အရမ်းအဆင်ပြေပါတယ်။ ပိုပြီးလန်းသွားတာက friends တွေအပြင် Fb Group ထဲမှ သူတွေနဲ့ပါ ချိတ်ဆက်နိုင်ပါတယ်။ UI ကလည်း အတော်လန်းတယ်။ အခမဲ့ ၀န်ဆောင်မှုပေးတဲ့ App လေးဖြစ်ပါတယ်။ ကျွန်တော်တော့ ချစ်ချစ်လေးနဲ့ ဈေးဦးပေါက် တော်ကီပွားကာ ဗီဒီယိုချက်တွေဘာတွေ စမ်းကြည့်ပြီးပါပြီ။ အဆင်ပြေလွန်းလို့ ချက်ချင်းတင်ပေးလိုက်တယ်ဗျို့ :D ဒီကောင်လေးကို အမြဲသုံးဖြစ်တော့မယ်။ Tango နဲ့video ချက်ရင် ဖုန်းက ပူတယ်။ Battery စားတယ်။ Viber နဲ့ကျ မလွတ်လပ်ဘူး :P Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။ download - (4MB) dropbox - https://www.dropbox.com/s/m07w9ygfsq5o69k/Mr.AD%20-%20Seen.apk zippyshare - http://www11.zippyshare.com/v/2256233/file.html Play Store တွင် Seen လို့ရိုက်ကာ ရှာဖွေပြီး download ဆွဲနိုင်ပါတယ်။ ပျော်ရွှင်ပါစေ။ Mr.AD (www.facebook.com/happyandroidworld)
(မှတ်ချက် ဟုတ်ကဲ့ ကျွန်တော် ဂျလေဘီလူချောလေးကိုယ်တိုင် စမ်းသပ်ကြည့်ပြီးပါပြီ တကယ်ကောင်းပါတယ် သူငယ်ချင်းတို့ အသုံးဝင်ပါစေဗျာ)
Android ဖုန်းများတွင် Root မလုပ်ဘဲ မြန်မာလိုအသုံးပြုရအောင်
သူငယ်ချင်းတွေတော်တော်များများက Root လုပ်ဖို့ကိုတော်တော်စဉ်းစားကြတယ်။ မလုပ်ခင်ကအကောင်းသား Root လုပ်လိုက်ကာမှပဲ ကောင်မလေးနဲ့တောင်ကြူမရတော့ဘူးဆိုပြီး
ဆိုတာမျိုးဖြစ်မှာကြောက်ကြတယ်။ ပြီးတော့ဖုန်းဈေးကလည်းမနည်းဘူးလေ ဘာပဲဖြစ်ြဖစ် ကျောက်ခဲ
နဲ့ဝယ်ထားတာမဟုတ်တော့ပျက်သွားမှာလည်းစိုးရိမ်ကြတယ်။ Root လုပ်ဖို့ကိုတော်တော်စဉ်းစား
ကြတယ်ခင်ဗျာ။ မနေ့ကသူငယ်ချင်းတစ်ယောက်က Root မလုပ်ပဲနဲ့ မြန်မာစာရေးနိုင်ဖတ်နိုင်မဲ့
ဟာမျိုးလေးအဆင်ပြေရင်တင်ပေးပါလားဆိုတာနဲ့ နေမကောင်းတဲ့ကြားကနေ စဉ်းစားမိတာလေးကို
တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ Android ဖုန်းများတွင် root လုပ်စရာမလိုပဲ app များကို install ပြုလုပ်ပေးရုံနဲ့ မြန်မာစာကိုအဆင်ပြေစွာအသုံးပြုနိုင်ဖို့..အောက်က App လေးတွေကိုဒေါင်းပြီး
ထည့်ပေးလိုက်ပါ။
1stMM Browser (မြန်မာဘရောက်စ်ဇာ က မြန်မာဖောင့်ထည့်စရာမလိုဘဲ မြန်မာWeb ကိုဖတ်လို့ ရပါတယ်)
Chat4MM (မြန်မာစာချက်စ်တင်အတွက်ပါ)
Email4MM (မြန်မာစာအီးမေးလ်)
Myanmar Hub Dailler (မြန်မာစာဖုန်းDailler)
SMS for MM (မြန်မာစာမက်ဆေ့ခ်ျ) တွေဖြစ်ပါတယ်..။
အောက်မှာပုံလေးတွေပြထားပါသေးတယ်။ ဒေါင်းလော့စ်ဖိုင်ထဲမှာအားလုံးစုစည်းပြီးထည့်ပေးထားပါတယ်။
ပိုစ့်အသစ်တင်တိုင်း facebook ကနေဖြစ်စေ / မေလ်းဖြင့်ဖြစ်စေ ဖတ်ချင်ရင် ရယူချင်တယ်ဆိုရင်အောက်မှာ like တစ်ချက်နှိပ်ခြင်းဖြင့်အားလုံးအဆင်ပြေသွားပါမယ်။
ဒီမှာ Like နှိပ်ခဲ့ပါ။
နည်းပညာမြို့တော်
ခွေကူးတဲ့အအထဲမှာအကောင်းဆုံလို့ပြောလို့ရတဲ့  Nero Burning ROM က 2014 က UPDATE လေးတွေ့လို့တင်ပေး
လိုက်ပါတယ်ဗျာ...လိုအပ်တဲ့သူများရောသိမ်းထားချင်တဲ့သူများပါအောက်ကလင့်လေးမှာယူလိုက်ပါနော်...
                                                 DOWNLOAD
                                                 DOWNLOAD
အဆင်ပြေကြပါစေဗျာ.............
ဇွဲကပင်မြေမှ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်
Window 7 Power Button များအကြောင်း
ကျွန်တော်တို့ Window 7 မှာ ပါတဲ့ Power Button တွေကို လွယ်မရောင်နဲ့ ခက် တိမ်မရောင်နဲ့ နက်ဆိုသလိုပေါ့ ဒါတွေကို နေ့တိုင်းတော့ သုံးနေကျတာဘဲ ။ ဒါပေမဲ့ ကွဲကွဲ ပြားပြား သိတဲ့ လူရှိပေမဲ့ အခြေခံသမားတွေ တော်တော်များများ သိတာ အတော်ရှားတယ်။ ဒါကြောင့် ဒီ Button တွေကို နားလည်းစေချေင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး တင်ပြလိုက်တာပါ။ သိတဲ့ လူတွေကိုတော့ မပြောလိုပါဘူး။ မသိတဲ့ မိတ်ဆွေများကို ရည်ညွှန်း တင်ပြပေးတာ ဖြစ်ပါတယ်။
Screensaver and Sl**p
Screensaver နဲ့ Sl**p တို့က အလုပ်လုပ်ပုံချင်း တူကြသလို လုပ်ဆောင်ပုံချင်းလည်း မကွာကြပါဘူး။ ကျတော်တို့ Window Xp မှာဆိုရင်တော့ Screensaver လို့ခေါ်ပီး Window 7 မှာတော့ Turn of Display ဆိုပီး တွေ့ရပါလိမ့်မယ်။ သူရဲ့ လုပ်ဆောင်ပုံကတော့ အားလုံးသိပီးတဲ့အတိုင်း စက်ကိုမပိတ်ပဲ ဒီတိုင်းထားတာ ကြာလာတဲ့အခါ Power Save လုပ်တဲ့အနေနဲ့ Monitor ကို ခနပိတ်ပေးထားရုံပါပဲ။ လုပ်လက်စ အလုပ်တွေကလည်း ဆက်ပီးလုပ်နေဦးမှာပဲ ဖြစ်ပါတယ်။
Sl**p ရဲ့ အလုပ်လုပ်ပုံက ကျတော်တို့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ပီး ထမင်းစားတာဖြစ်ဖြစ် စက်နဲ့ဝေးတဲ့နေရာကို ခနသွားပီး ပြန်လာတာနဲ့ လုပ်လက်စတွေကို ချက်ချင်းပြန်လုပ်ချင် တဲ့အခြေအနေ မျိုးဆိုရင် Sl**p က Ram ထဲမှာ လုပ်လက်စတွေကို သိမ်းထားပေးပါတယ်။ တနည်းအားဖြင့် Stand by သဘောပါပဲ။ Laptop တွေမှာဆိုရင် Sl**p လုပ်ထားခဲ့ရင် သူက Power(Battery) သုံးစွဲမှူကို အနည်းငယ် လျော့ချပေးတဲ့ အတွက် Plug in မလုပ်ဘဲ Laptop ကိုသုံးနေရတဲ့ အခါမျိုးမှာ အဆင်ပြေစေပါတယ်။ ဘာကြောင့် အနည်းငယ်ပဲ လို့ဆိုရတာလဲ ဆိုတော့ Sl**p က Power Supply ကို Shut Down လုပ်လိုက်တာ မဟုတ်တဲ့အပြင် Ram ထဲမှာ လုပ်လက်စတွေကို ဆက်မှတ်ထားဖို့ Power အနည်းငယ် လိုအပ်တဲ့ အတွက်ကြောင့်ပါ။ Sl**p ရဲ့ အားနည်းချက်တွေ ကတော့ ကျတော်တို့ Sl**p လုပ်ထားပီး မီးပျက်သွားပဲ ဖြစ်ဖြစ်၊ Laptop တွေမှာဆိုရင် Sl**p လုပ်ထားတုန်း Battery ကုန်သွားတာမျိုးဆိုရင် လုပ်လက်စအလုပ်တွေ၊ ဖွင့်ထားတဲ့ ဖိုင်တွေအကုန် ပိတ်လိုက်တဲ့ အတွက် မိမိလုပ်ထားတွေ Save မလုပ်ထားတဲ့ အရာတွေအကုန် ပျက်သွားပါတယ်။ ( Power Option ကနေ Monitor , Hard Disk တွေကိုလည် Turn on.Turn off သတ်မှတ်နိုင်ပါသေးတယ်။
Hibernation & Shutdown
Shutdown နဲ့ Hibernation က အလုပ်လုပ်တဲ့ ပုံစံချင်းတူညီ ကြပေမယ့် လုပ်ဆောင်မှူချင်းကျတော့ နည်းနည်းလေးကွာပါတယ်။ ဆိုလိုတာက Hibernation နဲ့ Shutdown တခုခု လုပ်လိုက်တာနဲ့ စက်ကြီးပိတ်ပြီ Power Off သွားတာချင်း တူပေမယ့် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ နည်းနည်းလေး ကွာပါတယ်။ Shutdown လုပ်လိုက်ရင် လုပ်လက်စတွေထဲက တချို့ application တွေကို စက်က အလိုလိုပိတ်ပေးပီး တချို့တွေကို တော့ Save လုပ်မှာလား မလုပ်ဘူးလား Force Shut down လုပ်မှာ လားဆိုပီး မေးပါတယ်။ Force Shut Down ဆိုရင်တော့ လုပ်လက်စတွေကို Save မလုပ်ပေးတော့ပါဘူး။
Hibernation အပိုင်းမှာတော့ Hibernation လုပ်လိုက်တာနဲ့ သူကလုပ်လက်စ အလုပ်တွေအကုန်လုံးကို Hard Disk ထဲမှာ Hiberfil.sys File တခုတည်ဆောက်ကာ လုပ်လက်စတွေကို ချက်ချင်းမှတ်ထားပီး Power ကိုပိတ်လိုက်ပါတယ်။ မိမိစက်ကို ပြန်ဖွင့်တဲ့အခါ မြန်မြန်ဆန်ဆန် မိမိလုပ်လက်စ နေရာကို နောက်ဆုံး အခြေအနေအတိုင်း မပျက်မစီးဘဲ ပြန်လည်ရောက်ရှိ ရရှိစေပါတယ်။
Vista မှာဆိုရင် Hibernation ကို Hybrid sl**p mode လို့ခေါ်ပါတယ်။ ကျတော်တို့ Window Vista မှာဆိုရင် Sl**p လုပ်တာနဲ့ Hybrid Sl**p Mode အခြေအနေကို တခါတည်း ကူးပြောင်းသွား စေတဲ့အတွက် Data တွေ ဆုံးရူံးမှာ ကြောက်စရာမလိုပါဘူး။ တကယ်လို့ Hybrid Sl**p ကို Disable ဒါမှမဟုတ် Turn off ပေးထားခဲ့ရင် Sl**p Mode သဘောအတိုင်းပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ရုတ်တရက် Power off ဖြစ်ခဲ့ရင် လုပ်လက်စ Data တွေပြန်ရမှာ မဟုတ်တော့ပါဘူး။ သူရဲ့ အားသာချက်ကတော့ လုပ်လက်စတွေကို Standby အနေနဲ့ ခနရပ်ထားပီး ချက်ချင်းပဲ နောက်ဆုံးအနေအထားကို ပြန်လိုချင်တဲ့ Power ချွေတာပီး သုံးစွဲနေရတဲ့ Laptop သမားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Memory ထဲမှာ Hiberifil.sys ဆိုတဲ့ Hibernation File တွေကို မှတ်ထားပေးတဲ့ အတွက် Disk Space ထဲမှာ Fragmentation File တွေ ဖြစ်ပေါ်လာစေတဲ့ အတွက် Disk ကို Defeagement ပြန်လုပ်ပေးဖို့တော့ မမေ့သင့်ပါဘူး။ ဒါကြောင့် မိမိလုပ်ချင်တဲ့ အခြေအနေကို မိမိသေချာရွေးချယ် လုပ်ဆောင်လို့အောင် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။
Switch User & Lock
သူတို့ရဲ့ လုပ်ဆောင်ချက်တွေကတော့ မကွာကြပါဘူး။ မိမိလုပ်လက်စ အလုပ်တွေကို မိမိစက်နားမှာ မရှိတဲ့အချိန်မှာ သူများတွေ မသိစေချင်ရင် Adminstrator မှာ Password ခံထားရင် အလုပ်ဖြစ်တဲ့ ကောင်လေးတွေပါ။
Switch User ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် လုပ်ထားပီး မိမိပြန်သုံးချင်တဲ့အခါ Password ခံထားရင် Password လေးရိုက်ပီး Login ပြန်ဝင်လုပ်လိုက် ရုံပါဘဲ။ လုပ်လက်စတွေ ဘာမှမပိတ် မပျက်စီးပါဘူး။ (မီးမပျက်ခဲ့ရင်ပေါ့ …P)
Logoff & Restart
Logoff ရဲ့ လုပ်ဆောင်ချက်ကတော့ သူက ကျွန်တော်တို့ Application တစ်ခု Run ပြီးလို့ Restart ချခိုင်းတဲ့ နေရာမှာ Restart ချ စရာမလိုဘဲ Logoff လုပ်ပေးတာနဲ့ အချိန်တိုအတွင် အဲ့ဒီ Application အလုပ်လုပ်မှာဖြစ်ပါတယ်။ လုပ်လက်စတွေ အကုန်လုံးကို Save မလုပ်ဘဲ အကုန်ပိတ်ပစ်လိုက်ပါတယ်။ ဒါပေမယ့် Power Supply တော့ပိတ်မသွားပါဘူး။ သူက Login လုပ်တဲ့ အပိုင်းနောက်က အလုပ်တွေအကုန် Log Off ထွက်လိုက်တဲ့ သဘောပါပဲ။ (သူ့ကိုဘယ်နေရာမှာ အသုံးချမလဲဆိုတော့ ကျတော်တို့ Registry ပိုင်းမှာ တခုခုဝင့်ပြင်တာမျိုး၊ ဒါမှမဟုတ် Software တခုခု ရမ်းပီးတဲ့အခါ Restar ပေးဖို့ လိုအပ်လာရင် Restat မပေးဘဲ Logoff လုပ်ရုံနဲ့လည်း မိမိလုပ်ချင်တဲ့ အလုပ်တွေ Activate(ပြီးမြောက်) စေပါတယ်။)
ဖတ်ရတာလေး ပြန်လည်မျှဝေခြင်းပါဗျာ....
အိမ့်(သိုးမဲလေး)
သင့်ကွန်ပျူတာအတွက် AVG 2014
ကွန်ပျူတာတစ်လုံးမှာမရှိမဖြစ်လိုအပ်တဲ့ anti virus တွေထဲမှာ AVG လဲနာမည်ကြီးပါတယ်....ခုကျွန်တော်တင်ပေးမှာက
AVG နောက်ဆုံထွက် 2014 ပါ....KEY လေးတွေပါထည့်ပေးထားပါတယ်....သူငယ်ချင်းတို့စက်မှာဆောင်ထားသင့်တဲ့ဆော့ဝဲလေးပါ....လိုအပ်ရင်တော့အောက်
မှာယူလိုက်ပါနော်...32 အတွက်ရော 64 အတွက်ပါတင်ထားပေးပါတယ်.....
AVG (AntiVirus) 32 DOWNLOAD
AVG (AntiVirus) 64 DOWNLOAD
AVG (Internat Security) 32 DOWNLOAD
AVG (Internat Security) 64 DOWNLOAD
ဆောင်ထာသင့်တဲ့ဆော့ဝဲလေးမို့အမြန်သာယူလိုက်ကြပါဗျာ....
အဆင်မပြေတာလေးများရှိရင်လဲကွန်မက်လေးနဲ့ပြောခဲ့နိုင်ပါတယ်....
သူငယ်ချင်းတို့ရဲ ကျေးဇူးဆိုတဲ့စကားလေးတစ်ခွန်းကကျွန်တော်အတွက်တော့ဖော်မပြနိုင်တဲ့ခွန်းအားလေးတွေပါပဲ
အဆင်ပြေကြပါစေဗျာ.............
မင်းထက်
Windows 7 toolsများ
Windows 7 မှာပါတဲ့ ထူးကဲတဲ့ shortcut ways လေးတွေပါ။ သိပြီးသား သူများအတွက် ကျွန်တော်မရည်ရွယ်ပါဘူး။ မသိသေးတဲ့ သူငယ်ချင်းများ၊ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများ လိုသလို အသုံးပြူနိုင်အောင်သာ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ လေ့လာကြည့်လိုက် ကြပါဦး။
1. Drag to Desktop
တစ်ခါတစ်လေ အင်တာနက်မှာ သွားရင်းလာရင်း ပုံလှလှတွေ တစ်ပုံတစ်အောကြီး တွေ့တဲ့အခါ မိမိစက်ထဲမှာ သိမ်းထားချင်တတ်ကြပါတယ်။ အဲဒီအခါ တစ်ပုံချင်းကို Right Click နဲ့ တစ်ပုံချင်းသိမ်းတဲ့အခါ ပုံနည်းရင်တော့ ပြဿနာမရှိဘူးပေါ့။ ပုံများလာရင် စိတ်ညစ်မှာပေါ့။ ဒီလိုအခါမျိုးမှာဆို မြန်မြန်သိမ်းလို့ရအောင် ပုံလေးကို Click လေးထောက်ပြီး Desktop ပေါ်ဆွဲတင်လိုက်တာနဲ့ Desktop မှာ Safe ပြီးသား ဖြစ်သွားမှာပါ။ ကဲ ဘယ်လောက်မြန်လဲ။
2. Extend Option in Send to
နောက်တစ်ခုက Extend Option ကိုချဲ့ထွင်တဲ့ နည်းလမ်းလေးပါ။ မိမိတို့ သိမ်းချင်တဲ့ အရာတစ်ခုကို တစ်နေရာကနေ တစ်နေရာကို ရွေ့ထားချင်တဲ့အခါ Send to လေးနဲ့တစ်ခါတည်း ရွေ့လို့ရပါတယ်။ မိမိရွေ့ပြောင်းချင်တဲ့ တစ်ခုခုပေါ် Shift လေးထောက်ပြီး Right Click ကနေ Send to ကို ကြည့်လိုက်ရင် သွားလို့ရတဲ့ နေရာတွေ အများကြီးထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
3. Run as Administrator
Cmd ကိုဖွင့်တဲ့အခါ Run as administrator နဲ့ ဖွင့်လိုတဲ့အခါ Cmd လေးကိုထောက်ပြီး Ctrl+Shift ပေါင်းနှိပ်ပြီး Click လုပ်ြ်ပီး Run လိုက်ရင် Run as administrator အနေနဲ့ တစ်ခါတည်း ပွင့်သွားပါတယ်။
4. Quick Search
Folder တွေထဲမှာ သိမ်းထားတာတွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ရှာချင်ရင်တော့ မိမိရှာချင်တဲ့ Folder ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်လေးက Search Box လေးမှာ (*) လေးကို အသုံးပြူပီး ရှာလို့ရပါတယ်။ ရှာနည်းကတော့ avi ကိုရှာချင်ရင် *.avi, pdf ကိုရှာချင်ရင် *.pdf ဆိုပြီး ရှာလို့ရပါတယ်။ နောက်တစ်ခုက Size အနေနဲ့လည်း ရှာလို့ရပါတယ်။ ရှာနည်းကတော့ Size: လို့ရိုက်လိုက်တာနဲ့ ဘယ်လောက်ဆိုဒ်ကနေ ဘယ်လောက်အတွင်း ရှာချင်သလဲဆိုတာ အလိုလျောက် တစ်ခါတည်းပေါ် လာပေးမှာဖြစ်ပါတယ်။ (Search Code တွေလည်း အများကြီး ရှိပါသေးတယ်)။
5. Drag To Mail
ဒါလေးကတော့ မိမိမေးပို့စဉ် Attach လုပ်မယ့်အရာကို မြန်မြန်ဆန်ဆန် ဖြစ်အောင်ဆွဲထည့် နိုင်တဲ့ နည်းလမ်းလေးပါပဲ။ ပို့ချင်တဲ့ အရာတစ်ခုကို ပိုမယ့်လိပ်စာဖြစ်တဲ့ To ဆိုတဲ့နားလေးရောက်အောင် Drag ဆွဲထည့်လိုက်တာနဲ့ Attach လုပ်ပီးသား ဖြစ်သွားပါပီ။
Windows ကို ကျွမ်းကျင်စွာ အသုံးပြူတတ်ဖို့ တတ်နိုင်သမျှ စုစည်းဖော်ပြပေး လိုက်တာပါ။ အားလုံး အဆင်ပြေကြပါစေ။
ဖတ်ရတာလေး ပြန်လည်မျှဝေပေးခြင်းပါ.....
အိမ့်(သိုးမဲလေး)