Popular Posts
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, May 14, 2014
မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ .............
မင်းကွန်းဆရာတော်ကြီး မိခင်ကြီးကို ဂရုစိုက်ပုံ
ဆရာတော်သည် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် တရားဟောစဉ် တရားနာပရိသတ်ထဲ၌ မိမိ၏မိခင်ကြီး ဒေါ်ဆင်နှင့် သက်တူရွယ်တူ အမျိုးသမီးများ ပါ၍ သူတို့ ဝတ်ထားသော အဝတ်အစားကလည်း မိခင်ကြီးနှင့် လိုက်ဖက်မည် ထင်လျှင် `သည်အဝတ်အစားနာမည် ဘယ်လိုခေါ်ကြောင်း၊ ဘယ်နေရာတွင် ဝယ်၍ ရနိုင်ကြောင်း´ စသည်ကို အခြားသူများ မသိစေဘဲ မိမိတပည့်များကို ထိုအမျိုးသမီးများထံ တိုးတိုးတိတ်တိတ် သွားရောက် မေးမြန်းစေသည်။
ထို့နောက် ကျောင်းပြန်ရောက်သည့်အခါ တပည့်များကို ထိုအဝတ်အထည်မျိုး အဝယ်ခိုင်းပြီး မိခင်ကြီးအား ပေးတော်မူသည်။ မိခင်ကြီးနှစ်သက်သည့် အစားအစာ စသည်ကိုလည်း ဂရုတစိုက် ပေးကာ ကျွေးကာ၊ နေစရာ နေအိမ် ဆောက်လုပ်ပေးကာ၊ သင့်တော်မည့်တရားများလည်း ဟောကြား ပြသပေးကာဖြင့် အလောင်းတော်မြတ် ဗောဓိသတ်ပမာ မာတုပေါသကလုပ်ငန်းကို ဝမ်းမြောက်စွာ ဆောင်ရွက်တော်မူလေသည်။
မိခင်ကြီးကို ပြုစုလုပ်ကျွေးပုံနှင့် ပတ်သက်၍ ဆရာတော်ဘုရား၏ မိန့်ကြားချက်တစ်ခုမှာ -
`ဘုန်းကြီးများ ရဟန်း ၄-ဝါလောက်အရ သကျသီဟ စာသင်တန်း စာချတန်း အောင်တဲ့နှစ်မှာ မှတ်မှတ်ရရ မန္တလေး မင်းကြီးတိုက် သီရိဝေပုလ္လဆရာတော် (ဦးဇာဂရ)က `မင်း ကံကောင်းလို့ မွေးသမိခင်ကို ပြုစု စောင့်ရှောက်ခွင့် ရတယ်၊ ကြိုးစားပြီး ပြုစုကွယ်´လို့ ဆုံးမတယ်။
ဆုံးမတဲ့အချိန်က စပြီးတော့ မွေးသမိခင်ကို ပြုစုခဲ့တာ ... ဖြူတာကို မည်းတယ်လို့ သူက ပြောလဲပဲ ဆန့်ကျင်ဘက် မပြောခဲ့ဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်၊ မည်းတာကို ဖြူတယ်လို့ ပြောရင်လဲပဲ သူ့ကို ဆန့်ကျင်ဘက် မပြောဘူး၊ ရယ်ပြီးတော့ နေခဲ့တယ်။
ပြီးတော့ ဘုန်းကြီးများရဲ့ မိခင်က အင်မတန် လောဘ နည်းတယ်။ သူ့ကို ဘုန်းကြီးများက တစ်လ တစ်ဆယ်လောက် ထောက်ရင် သူ ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတယ်။ တခါတလေတော့ အကြောင်းညီညွတ်လို့ နှစ်ဆယ်လောက် သုံးဆယ်လောက် ထောက်လိုက်ရင် ဘာပြောတယ် မှတ်လဲ?၊ `လူကို ဒမြတိုက်ခံရအောင် လုပ်တာလား´တဲ့။ နှစ်ဆယ်သုံးဆယ်လောက်ဆိုရင် အင်မတန်များပြီး ဒမြတိုက်ခံရမှာ ကြောက်တဲ့သဘောက ဒီလို ဖြစ်နေတယ်။ (ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဟု ဆိုရပါမည်။ ယခုခေတ် ငွေကြေးတန်ဖိုးနှင့်ဆိုလျှင်ကား တကယ့်ကို ရယ်စရာ ဖြစ်နေပေလိမ့်မည်။)
ထို့အတူ ဘုန်းကြီးများ ရန်ကုန်မြို့ လာတဲ့အခါ ဒိပြင် ဘယ်မှ မဝင်ပေမယ်လို့ စာပေဝါသနာပါတော့ စာရွက်စက္ကူရောင်းတဲ့ဆိုင်တော့ ဝင်တယ်။ အဲ သိမ်ကြီးဈေးဘက် အထည်ဆိုင်နားရောက်ရင် ကြည့်ပြီးတော့ ... သြော် ဒီအဆင်တော့ ငါ့အမေနဲ့ သင့်တော်တဲ့ အဆင်ပဲ´ဆိုပြီးတော့ ခါးဝတ်တစ်ထည် အင်္ကျီလေးတစ်စုံ ဒီလိုယူပြီး ကပ္ပိပြီးတော့ သူ့ကို ပေးရင် သူ့စိတ်ထဲမှာ ကျေနပ်တယ်။ တခါတလေ မိမိစိတ်ထဲမှာ ... သြော် ဒီအဆင်ဟာဖြင့် ငါ့မိခင်နဲ့ သိပ်တော်တဲ့အဆင်ပဲ ဆိုပြီးတော့ ခါးဝတ်နှစ်ထည် အင်္ကျီနှစ်ထည် နှစ်စုံယူသွားရင် ဘာပြောသလဲ၊ `ဒီလောက် များများကြီး ဒကာမကြီး ဘယ့်နှယ်လုပ် ဝတ်နိုင်မှာတုန်း´ သူက ပြောတယ်။
မိခင်ကို မသေခင် လုပ်ကျွေး
ဆရာတော်သည် ၁၃၁၇-ခုနှစ်ခန့်တွင် မိခင်ကြီး ဒေါ်ဆင်အတွက် သဲဖြူဝရွာ၌ အိမ်ကြီးတစ်လုံး ဆောက်ပေးရာ ၁၃၂၅-ကျပ် ကုန်ကျခဲ့သည်။ တစ်ရပ်တစ်ရွာတွင် နေထိုင်သူ ညီ-ဦးဘသင်ကိုလည်း ထိုအိမ်အတွက် ကုသိုလ်ပါဝင်စေလိုသည်။ (ဆရာတော်၏ညီ ဦးဘသင်သည် ပဲခူးတိုင်း ကဝမြို့နယ် သပြေကန်ရွာ၌ နေထိုင်သည့် လယ်ပိုင်ရှင်တစ်ဦး ဖြစ်သည်။) သို့ဖြစ်၍ ညီဖြစ်သူအား ပြောပြရာ ဦးဘသင်က အိမ်ဆောက်သည့်အထဲ ကုသိုလ်မပါဝင်ဘဲ မိခင်ကြီးအား ငွေ ၁၀၀-ကျပ် သီးသန့် ပေးပို့သည်။
၁၃၂၃-ခုနှစ် မိခင်ကြီး ဒေါ်ဆင် ကွယ်လွန်သွားချိန်တွင် ဦးဘသင် ရောက်လာပြီး မိခင်ကြီး၏ ရုပ်ကလာပ်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေရာ ဆရာတော်သည် ညီဖြစ်သူ ဦးဘသင်အား -
`ငိုရမှာပေါ့ကွာ၊ အေး .. မင်းက အခုမှ နောင်တရပြီး ငိုကြွေးနေတာ၊ အမေ အသက်ရှိစဉ်က မင်းဟာ အမေ့ကို ထောက်ပံ့ရမှန်း ကျွေးမွေးရမှန်း မသိဘူး။ မင်းရဲ့ ပူဆွေးသောကဟာ နောက်ကျသွားပြီ။ ငါကတော့ တစ်သက်လုံး မငိုရအောင် လုပ်ခဲ့တယ်။ မင်းလို ငိုကြွေးစရာ ပူပင်သောကရောက်စရာ မလိုတော့ဘူး။ ငါကတော့ မငိုပါဘူး၊ မိခင်အပေါ် လိုသည်ထက် ပိုပြီး ပြုစုထားတာဖြစ်လို့ ငါ ငိုဖို့ မလိုဘူး။ မင်းကတော့ နဝကမ္မ ၁၀၀ ဆိုပြီး ပို့တဲ့လူဆိုတော့ ငိုပေတော့ပေါ့ကွာ။ ငိုကွ ငိုကွ´ဟု ကရုဏာဒေါသောဖြင့် မိန့်ကြားတော်မူသည်။ (ညီအရင်းဖြစ်၍ ဤသို့ အားမလို အားမရ မိန့်ကြားခြင်း ဖြစ်သည်။ အခြားသူများကိုကား ယခုလို တစ်ကြိမ်မှ ရင့်ရင့်သီးသီး မပြောကြားခဲ့ဖူးပေ။)
ဦးဘသင်ကို အကြောင်းပြုပြီး သိကျွမ်းရသည့် ဒေါက်တာနေလင်းဆိုသူ လူငယ်ဆရာဝန်လေးအား မိန့်ကြားသည့် သြဝါဒတစ်ခုမှာ -
`ကိုရင် ... မိဘကို လုပ်ကျွေးဗျား၊ ဘုန်းကြီးအသက် ၂၄-နှစ်အရွယ်တုန်းက ဘုန်းကြီးအကျိုးလိုလားတဲ့ ဆရာတော်တစ်ပါးက ဆုံးမဖူးတယ်။ ဦးဇင်း မိဘကို ရိုရိုသေသေ လုပ်ကျွေး၊ မိဘက ဖြူတယ်ဆိုရင် ဖြူလိုက်၊ မည်းတယ်ဆိုရင် မည်းလိုက်၊ ကိုယ်က ဝါးလုံးလို့ သိရက်သားနဲ့ မိဘက ဝါးခြမ်းဆိုရင် ခြမ်းလိုက်ဗျာလို့ သြဝါဒပေးခဲ့တယ်။ ဘုန်းကြီးလဲ အသက် ၂၄-နှစ်ကတည်းက မယ်တော်ကြီး ကွယ်လွန်သည်အထိ ဒီအဆုံးအမအတိုင်း လိုက်နာခဲ့တယ်။ ယခုလဲ ကိုရင် မိဘကို လုပ်ကျွေးဗျာ။ ကိုရင် အသက်ရှည်မှာပါ´ဟူ၍ ဖြစ်ပေသည်။
+++++
ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရေးဖွဲ့ ပူဇော်သည့် မင်းကွန်းဆရာတော်ဘုရားကြီး သက်တော်ရာပြည့်အထိမ်းအမှတ် (၁၂၇၃-၁၃၇၃)၊ `တိပိဋကဓရအရှင်မြတ်များ၏ ဖခင် ကမ္ဘာကျော် မင်းကွန်းထေရှင်´ မှ
Show commentsOpen link
Wednesday, April 30, 2014
အင်တာနက် ကွန်နက်ရှင်ကို Speed မြင့်တင်ပေးမဲ့ SpeedConnect Internet Accelerator 8.0.5
 SpeedConnect Internet Accelerator ကို အားလုံး သိကြပြီးသားဖြစ်မှာပါ.... Browsing, Downloading, Uploading စ,တဲ့ အင်တာနက် Speed တွေကို မြှင့်တင်ပေးတဲ့ နာမည်ကြီး Software တစ်ခုပါ.. Update Version လေးမို့ တင်ပေးလိုက်ပါတယ်..။
SpeedConnect Internet Accelerator is a powerful Windows application designed to optimize and speed up your internet related activities including browsing, downloading, uploading, streaming, online gaming, sending and receiving email. Optimization is applied to several network related parameters, in order to prevent the data fragmentation and to improve the data throughput. 
Features:
•Connection Analyzer 
•Quick Optimizer option
•Advanced Customization
•Tool and Wizards
•Load/Save Settings
•Optimization Report
Benefits:
•Browse FASTER
•Download and upload files FASTER
•Play online games FASTER
•NO adware, NO hardware installation
•NO service subscription, NO monthly fees
•NO new hardware installation 
Installation Instructions:
1] Extract archive with WinRAR/7Zip.
2] Disable Internet.
3] Install the program & Don't Start/Lunch.
4] Use Activator to register.
5] Enjoy!
Samsung 4.2.2 နှင့် အထက်တွေအတွက် မြန်မာစာမှန်ကန်အောင်ထည့်သွင်းနိုင်တဲ့ Samsung Font Porter.bat
ကိုဖြိုးညီညီရေးတဲ့ Tool လေးပါ.. သူရေးထားတဲ့အတိုင်း ပြန်တင်ပေးလိုက်ပါတယ်.
---
ဆမ်ဆောင်း 4.2.2 နဲ့ အထက်တွေအတွက်
မြန်မာစာ သွင်းဖို.ပါ CSC မကိုက်လို.ေ တွေရှေ.နောက်လွဲတာက အစ ပြင်လို.ရပါတယ်
အစ ကတော. GUI နဲ့ တင်ပေးမလို.ပါ ခုတော. လေ.လာချင်သူတွေအတွက် အဆင်ပြေအောင် batch နဲ့ပဲ ရေးထားတာလေး တင်လိုက် တယ်
ဖေါင့်ထည်.ရုံနဲ့ logo လည်နေတာ စက်မတက်တော.ဘူးဆိုတဲံ့ပြသနာ မတက်စေဖို.
၁၀၀% အာမခံပါတယ်..။
Ref : မောင်ပေါက်
Internet Download Manager IDM 6.19 Build 8 Final
Internet Download Manager IDM 6.19 Build 8 Final  ပါ ... လိုအပ်သူများ အောက်မှာ ဒေါင်ယူနိုင်ပါပြီ..။
Firefox ဒီဇိုင်းအသစ်ပေါ့ပါး 29 Download PC
Firefox version 29 ကို April လ ၃၀ရက်နေ့ကထုတ်ပေးလိုက်တာဖြစ်ပီးအရင်ကထက်မြန်
လာတာကိုတွေ့ရမှာဖြစ်ပြီး ဒီဇိုင်းလဲလှပလာတာ ကိုတွေ့ရမှာဖြစ်ပါတယ်                          လိုအပ်ရင်အောက်မှ Download ပါ
Download
ယောက္ခမအကြိုက် စကား (၆) ခွန်း
လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာက ပိုများတတ်ပါ တယ်။ ဒီနေ့ တော့ ဘာရယ်မဟုတ် အင်တာနက်ထက်မွှေနောက်ကြည့်ရင်း တွေ့မိတာလေးတစ်ချို့ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မုန့်လာကျွေးနော်။ အဓိက လူတွေမှာ လိုအပ် တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာ က ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြ ရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..
၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။ ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့ လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင် အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေါ့ ။
၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။ ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို
့ သူ့ကို ဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ် မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထား တာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ် ဆိုတာမျိုး။
၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။ ဒီစကားကိုတော့ ယောက္ခမ အင်္ကျီ အသစ်ဝတ်တဲ့ အခါမျိုးတွေ မှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အ၀တ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။
၎) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။ ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ် မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀ ၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာ မျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေါ့နော်။
၅) အမေပြောတာလည်း ဟုတ်တာပဲ။ ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင် ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုး စဉ်းစားထားတယ် အမေလည်း ၀ိုင်းအကြံပေးပါဦး ဆိုပြီး နောက်ဆက်တွဲ စကားကို ပြီး မှဖြည့်ပြောပေးပါ။
၆) အရမ်းဝယ်တတ်တာပဲ ။ ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူး စကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေ၀ယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေ၀ယ်ရင်ကို ဈေး သည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သာသွားနိုင်တာပေါ့။
မနုဿ ရဲ့ စာမျက်နှာလေးများ
Anti Virus Hacker [ E-book Myanmar Version]
ဒီစာအုပ်လေးက Computer အသုံးပြု့ သူတိုင်း ဖတ်စေချင်ပါတယ်။
Internet user တွေဆို ပိုလို့ တောင် ဖတ်သင့်တယ်လို့ ကျွန်တော် ယူဆထားပါတယ်။
ဘာလို့ လဲဆိုတော့အများစု က Anti Viurs Software ထည့်ထားရင် သူတို့  Computer တွေ
လုံခြုံ လှပြီ ထင်နေကြတာပါ။ ဒီတော့ ကျွန်တော်စိတ်ကူးပေါက်တာနဲ့ ဒီစာအုပ်လေးနဲ့ ဘဲ စာဖတ်သူ
ညီကို မောင်နှမများကို မျှဝေပေးလိုက်ပါတယ်။ အတည်းမှာပါတဲ့အချက်တွေကတော့
Anti Virus ရှိတာနဲ့ တင် သင့်စက်က လုံခြုံမူ မရှိနိုင်တဲ့အကြောင်းအရာတွေရယ်
ကျွန်တော် ယူဆပါတယ်။ နားမလည်ဘူးထင်ရင် ၃ ခေါက်လောက်ပြန်ဖတ်ပါစမ်းပါ။
ကျွန်တော်ကတော့ အားလုံးလိုလို ကိုဖတ်စေချင်ပါတယ် သိပြီးသူများအနေနဲ့ လည်း ဝေဖန် မူကြိုက်သလို ပေးနိုင်ပါတယ်။ Download ရယူလိုသူများကတော့ အောက်က မိမိ ကြိုက်နှစ်သက်ရာ
Link ကို click နိုပ်ပြီး Download ရယူလိုက်ပါ။
Download :  Ziddu : Dropbox : Zippyshare : Solidfile : Rghost 
                          Ge.TT :   GameFront : Crocko : ShareBeast : Tusfile