*ပုံဂံခေတ် မင်းဆက်များ အကြောင်း*ကိုထပ်တင်ပြပေးပါမယ်။(သမိုင်းထဲကပုံရိပ်
များထဲ)ကပါဘဲထပ်ဖြန့်ဝေပေးလိုက်ပါတယ်။ပုံဂံခေတ်ကမင်းဆက်များကတော့
အနော်ရထာမင်း၊ စောလူးမင်း၊ ကျန်စစ်သားမင်း၊ အလောင်းစည်သူမင်း၊ နရသူမင်း၊
ကျစွာမင်း၊ နရပတိစည်သူမင်း၊ နရသီဟပတေ့မင်း၊ ကျော်စွာမင်း၊တို့ပါဘဲ။
အနော်ရတာမင်းပြုရခြင်းအကြောင်းအနော်ရထာမင်းစောသည် မိမိအလုံး
အရင်နှင့်ပြည်စုံသော် ပုဂံသို့ချီလာလေသည်။ နောင်တော်ကို နန်းကိုတည်း
ပေးမည်လော စစ်ကိုပြုမည်လောဟု စေတော်မူလေသည်။ စုက္ကတေးလည်း
ထိုစကား ကြားသော် ပြင်းစွာသော အမျက်ထွက်လျက် ''ခံတွင်းတွင်မျှ
နို့ဖတ်မစင်သေးသူဖြစ်လျက် ငါ့ကို တိုက်မည် အမတ် ဗိုလ်ပါတို့ ကြည့်၍သာ
နေစေ။ ငါနှင့် မြင်းတစ်စီးချင်း တိုက်မည် ''ဟူ၍ မြင်းနှင့်ထွက်လာလေသည်။
အနော်ရထာစောလည်း '' နောင်တော် ငါထက် ကြီးသသူဖြစ်သည်၊
အလျင်ထိုးလေ '' ဟု မိန့်လေသည်။ နောင်တော် စုက္ကတေးလည်း
ညီတော်ကို လှံဖြင့်ထိုးလေ၏။ သို့သော် အနော်ရထာက သကြားမင်းဆက်ထား
သော အရိန္ဒမာလှံဖြင့် ဆီးတားသဖြင့် လှံမှာ အနော်ရထာကို မထိပဲ မြေသို့ကျလေသည်။
စုက္ကတေးလည်း မိမိ ထိုးသော လှံချက်သည် ညီတော်သို့ မရောက်ဘဲ
မြေသို့ခသည်ကို မြင်သော် အလွန် ကြောက်ရွံခြင်း ပြင်းသည် ဖြစ်ပြီး
တုန်တခိုက် ရှိလေသည်။ ထိုအချိန် အနော်ရထာစောက အရိန္ဒာမာလှံဖြင့်
ထိုးရာ နောက်ကျောမှ အရှေ့ သို့ပေါက်ထွက်လေရာ စုက္ကတေး၏ မြင်းလည်း
လန့်သည်ဖြစ်ပြီး ပြေးလေရာ မြစ်ကမ်း နားတွင် အနိစ္စရောက်တော်မူလေ၏။
ထိုအရပ်ကို မြင်းကပါ ဟု ယခုတိုင်အောင်တွင်၏။ အနော်ရထာမင်း သည်
နောင်တော်ကို လုပ်ကြံ့ပြီးသော် ခမည်းတော်ကို မင်းလုပ်ရန်သွားပင့်လေသည်။
သို့သော် ခမည်းတော် က ငါ့ကား အသက်အရွယ်ကြီးပြီ၊အမောင်သာပြုလော ဟု
မိန့်လွှတ်လေ၏။ သက္ကရာဇ် ၃၆၄ တွင် အနော်ရထာမင်းစော နန်းတက်လေသည်။
အနော်ရထာမင်းသည် နောင်တော်ကို ငါ့သတ်မိသည်ဟု စိတ်ဆင်းရဲနေလေသည်။
ခြောက်လတိုင်အောင် ကောင်းစွာ စက်တော်မခေါ်နိုင်ပဲ ရှိနေလေသည်။ ထိုအခါ
သိကြားမင်းမှ လာ၍အိပ်မက်ပေးလေ၏။ မင်းကြီး နောင်တော်ကြီးအား
ပြစ်မှားမိသည်ကို ခေါင်းပါးစေ လိုသော် ဘုရား၊ဂူ၊ကျောင်း၊တန်ဆောင်း၊
ဇရပ်တို့ကို များစွာ ကုသိုလ်ပြု၍ နောင်တော်အား အမျှဝေလေ။
ထိုမှ တစ်ပါး ရေတွင်း၊ရေကန်၊ ဆည်မြောင်း၊လယ်ချောင်း တို့ကို
များစွာစီရင်လေဟု အိပ်မက်ပေးလေသည်။ ထိုအချိန်တွင် ပုဂံပြည်တွင်
ဗုဒ္ဓသာသနာတော်မထွန်းကားသေးပေ။
(မနူဟာဘုရား )
အနော်ရထာမင်းစော လလ်ထက်တော်၌ ပေါက္ကာရာမ ဟု တွင်လေ၏။ ထိုပြည်တွင်
မင်းအဆက်ဆက်တို့သည် သမထီးအရပ်၌ သီတင်းသုံးသော အရည်းကြီးသုံးကျိပ်နှင့်
တပည့်ခြောက်သောင်းတို့ အဆုံးအမကိုခံ၍ မှား သောအယူ၌ တည်ကြကုန်၏။
ထိုအရည်းရဟန်းတို့ အယူဖြင့် အသီးသီးယူကြကုန်၏။ မိမိတို့ ဆန္ဒနှင့်လျော်စွာ
ကျမ်းပြု၍ လူတို့အား လှည့်ပတ်ဖြားယောင်း၏။ ထိုသူတို့ ဟောသောတရားကား
သူ့အသက်ကို သတ်မိသောသူ တို့သည် ပရိတ်ရွတ်သော် လွတ်၏။
မိဘကို သတ်မိသောသူသည်လည်း ထိုထိုသော ပရိတ်ကိုရွတ်လျှင် ပျောက်၏
ဟုစသဖြင့် မဟုတ် မတရားသော အဓမ္မတို့ကို ဓမ္မဟူ၍ ဟောကြား၏။
ထိုမှတစ်ပါး မင်းမှ အစပြု၍ ပြည်သူတို့ သားသမီးတို့ကို ထိမ်းမြားမင်္ဂလာ
ပြုအံ့သောအခါ ဆရာတို့အား ပန်းဦးပေးသည်ဟူ၍ ညဦးက ထိုသူတို့ အထံသို့
ပို့ရလေ၏။ မိုးသောက်မှ လွှတ်၍ ထိမ်းမြားရလေသည်။ ထိုသို့ မပြုသော်
ကြီးစွာသော အပြစ်ကို ခံရမည်ဟူ၏။ ဤသို့ မဟုတ်မတရားသော အကြောင်းတို့ကို
မင်းကြီး
သည် ပါရမီတော် ရှိသည် နှင့် အညီယုံတော် မမူချေ။ အားပေးခြင်းလည်း မပြုပေ။
နေရင်းတိုင်းနေသော် တစ်နေ့၌ မုဆိုးတစ်ယောက် လူရိုင်းတစ်ဦးကို
ဖမ်းမိလာကြောင်း
မင်းကြီးကို လျှောက်တင်လေသည်။ ထိုသူကား ရှင်အရဟံပင်ဖြစ်သည်။
အနော်ရထာမင်းလည်း ရှင်အရဟံကို တွေ့သော် လူရိုင်းမဟုတ်တန်ရာ
မြင့်မြတ်သောလူဖြစ်တန်ရ၏။ မြင့်မြတ်သောသူ မှန်လျှင် မြင့်မြတ်သော
နေရာတွင် ထိုင်လိမ့်မည်ဟု ကြံ့စည်လျက် အဆွေ သင့်တယ်လျောက်ပတ်သော
နေရာတွင် ထိုင်ပါလော ဟု မိန့်လေသော် ရှင်အရဟံက ရာဇပလ္လင်ပေါ်သို့
သီးတင်းသုံးလေသည်။ မင်းကြီးလည်း အလွန်ကြည်နူးလျက် ငါ့ရှင်ကား
အဘယ်သူ၏ အမျိုးအနွယ် ဖြစ်တော်မူသနည်း၊ ဘယ်အရပ်မှ ကြွလာတော်မူသနည်း၊
အဘယ်သူ၏ အဆုံးအမကို ခံယူတော်မူသနည်းဟု မေးတော်မူ၏။ ရှင်အရဟံလည်း
ငါ့၏ အမျိုးအနွယ်ကား ဣတိပိသော အစရှိသော ဂုဏ်တော် ၉ ပါး၊ ဣဿရိယ
အစရှိသော ဘုန်းတော် ၆ပါး၊ ဥာဏအစိန္တေယျ အစရှိသော အစိန္တေယျ ၄ ပါးနှင့်
ပြည်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓ အမျိုးအနွယ်တည်း ဟု မိန့်လေသည်။
အဘယ်သူ၏ အဆုံးအမကို ခံသနည်း ဆိုရာတွင် သမ္မာသမ္ဗုဒ္ဓ အမည်တော်
ရှိသော ဘုရားသခင်၏ ဟောတော်မူအပ်သော နူးညံ့သိမ်မွေ့ ခဲခက်နက်နဲလှသော
ဒေသနာတော်မှ လာသော အဆုံးအမတော်ကို ခံသည် ဟူ၍ မိန့်တော်မူလေသည်။
အနော်ရထာမင်းလည်း အလွန်ပီတိသောမနဿ ဖြစ်လျက် တရားဟောရန်
လျှောက်တင်လေသည်။ ရှင်အရဟံလည်း သီရိဓမ္မာသောကမင်းကြီးအား
နိဂြောဓသာမဏေ ဟောတော်မူသော အပ္ပမာဒ အစရှိသော တရားတော်ကို
ဟောတော်မူလေသည်။
ထိုအခါ မင်းကြီးလည်း ယခုဘုရားရှင် ဘယ်အရပ်တွင် သီတင်းသုံးသနည်း၊
ဘုရားရှင် ဟောတော်မူသောတရားကား အရေအတွက် မည်မျှနည်း၊
ဘုရားသခင်တပည့်သားတော်သည် ကားငါ့ရှင်မှ တစ်ပါး အခြားရှိသလောဟု
လျှောက်တင်လေသည်။ ထိုအခါ ရှင်အရဟံမှ ဘုန်းတော်ကြီးတော် မူသော
မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗန်ပြုတော်မူလေပြီ။ ဘုရားရှင် ဟောတော်မူအပ်သော
တရားတော် အရေအတွက်ကား ဓမ္မ၀ိနယ အားဖြင့် ၂ ပါး၊ ပိဋကတ်အားဖြင့် ၃ ပါး၊
နိကာယ်အားဖြင့် ၅ပါး၊ အင်္ဂါအားဖြင့် ၉ပါး၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် ရှိ၏။
ဘုရားရှင်၏
တရားတော်ကို ယခု သထုံပြည်တွင် ပိဋကတ်အစုံ ၃၀ ရှိ၏။ ငါမှတစ်ပါး
ပရမတ္တသံဃာ၊သမ္မုတိသံဃာတို့သည် အများရှိကြကုန်၏ ဟူ၍မိန့်တော် မူလေသည်။
ထိုအခါ မင်းကြီးမှ ငါ့ရှင်မှတစ်ပါး ကိုးကွယ်မရှိတော့ပြီ။ ငါ့ရှင် အဆုံးအမကို
အကျွန်ုပ် ခံယူတော့ မည်ဟူ ၍ ရတနာအတိပြီးသော ကျောင်းတော်ကို
ဆောက်လုပ်လှူတော်မူလေသည်။ တိတ္ထိဖြစ်သော အရည်းတို့ အယူကိုလည်း
ပယ်တော်မူ၏။ ထိုအခါ မင်းနှင့် ပြည်သူအပေါင်းတို့လည်း ကောင်းသောတရား၌
တည်ကြကုန်လေသည်။
ရှင်အရဟံလည်း အနော်ရထာမင်းစောအား ဤသို့မိန့်ကြားလေသည်။ ဘုရားရှင်
သာသနာတော်
၃ ပါးတွင် ပရိယတ္တိ သာသနာတော်ရှိမှ ပဋိပတ္တိ သာသနာတော် ဖြစ်နိုင်သည်။
ပဋိပတ္တိသာသနာတော် ဖြစ်မှ ပဋိဝေဓ သာသနာတော်ဖြစ်သည်။ ပရိယတ္တိဟူသော
ပိဋကတ် ၃ ပုံလည်း မရှိချေသေး၊ ဘုရားရှင် သရီရဓာတ်တော်၊ မွေတော်လည်း
မရှိချေသေးဖြစ်သည်။ မွေတော်၊ဓာတ်တော်၊ ပိဋကတ်ကျမ်းဂန်ရှိသော
ပြည်ရွာတိုင်းကားသို့ လက်ဆောင်များနှင့် တောင်းစေ၍ ရသည်ဖြစ်မှ
သာသနာတော် အစဉ်ရှည်စွာ တည်ရာသည် ဟူ၍ မိန့်တော် မူလေသည်။
အနော်ရထာမင်းစောလည်း အဘယ်တိုင်းနိုင်ငံ၌ တောင်းသော် ရလတ္တံ နည်း
ဟူ၍ လျှောက်လေ သော် ရှင်အရဟ့လည်း သထုံပြည်တွင် ပိဋကတ် ၃ ပုံ ကို
တစ်စုံ ခေါ်၍ အစုံ ၃၀ ရှိ၏၊ မွေတော်၊ဓာတ်တော် လည်းများစွာ ရှိ၏ ဟု မိန့်လေသည်။
မင်းကြီးလည်း လက်ဆောင်များစွာ စီရင်တော်မူပြီး လိမ္မာသော အမတ် တစ်ယောက်ကို
သာယာချေငံစွာသော စကားဖြင့် သထုံပြည်သို့ စေ၍ တောင်းစေ၏။ သို့သော်
သထုံမင်းသည် မကောင်းသော စကားများကို ပြန်လည် မချေမငံပြောလွှတ် လေသည်။
ထိုစကားကို အနော်ရထာမင်းကြားသော် ကြီးစွာသော အမျက်ဖြစ်လျက်
နိုင်ငံတော်ရှိ သူရဲသူခက် အပေါင်းတို့ကို စုရုံးလျက် ရေကြောင်း၊ကြည်းကြောင်း ဖြင့်
သထုံမြို့သို့ ချီတော်မူလေသည်။ ရာဇ၀င် တချို့တွင် အနော်ရထာ၏ စစ်သည်တော်များသည်
အလွန်များပြားပြီး ရှေ့ကချီသော တပ်များ သထုံကျေးရွာနား ရောက်သော်လည်း
ပုဂံမှ တပ်ထွက်၍ မကုန်သေးဟု ဆိုကြလေသည်။
သထုံမင်းလည်း အနော်ရထာတပ်ချီလာပြီဟုကြားသော် ကြောက်လန့်ပြီး
မြို့ကိုအခိုင်အမာပြုလေသည်။ သထုံမြို့ကား ပယောဂ အစီအရင်များဖြင့်
စီမံထားသဖြင့် အနော်ရထာတပ်များ မ၀င်နိုင်ရှိနေလေသည်။ အနော်ရထာမင်း လည်း
အစီအရင်ကြောင့်ဟု ကြားလျှင် မိမိနားတွင် အမူထမ်းနေသော ပန်းဆက်ကုလားကို
ခေါ်ယူကာ မေးမြန်းလေသော် ကုလားမှ သထုံပြည့်ရှင်က သူ၏အစ်ကို
ခန္ဓာအစိတ်အပိုင်းများကို ဖြတ်ပိုင်းပြီး မြို့အနှံတွင် မြုပ်နှံထားသော
ကြောင့်မ၀င်နိုင်ခြင်းဖြစ်ကြောင်း လျှောက်ထားလေသည်။ မင်းကြီးလည်း
ထိုကုလားအား ခန္ဓာအစိတ်အပိုင်းများကို သင်ယူဆောင်နိုင်လော ဟု မေးသော်
ကုလားမှ ယူနိုင်ကြောင်း ပြန်လည် လျှောက်ထားလေသည်။ ထိုနောက်ကုလားသည်
သူ၏ အစွမ်းဖြင့် သူအစ်ကို ကိုရှာလေသော် နတ်စိမ်းဖြစ်နေကြောင်းတွေ့လျှင်
မေးမြန်းသော် သူအစ်ကိုမှ မြုပ်နှံထားသော နေရာတို့ကို ပြောပြလေသဖြင့်
ထိုကုလားမှ ထုတ်ဖော်နိုင်ပြီး အနော်ရထာမင်းကြီး ဆက်သလေသည်။
မင်းကြီးလည်း သမုဒ္ဒတွင် ပစ်ခိုင်းလေရာ သမုဒ္ဒရာရေသည် ထန်းပင်လောက်
တက်သည်ဟု ဆိုကြလေသည်။ မင်းကြီးလည်း အစီအရင်တို့ကို ဖယ်ရှားပြီးသော်
တိုက်လေရာ သထုံမြို့ကို ရလေသည်။ ထိုနောက် သထုံမင်းပိုင်ဆိုင်သော
ဆင်ဖြူ ၃၂ စီး၊ နှင့် ကျမ်းတက် ရဟန်းတော်များ ၊ ဓာတ်တော်များကို ပုဂံသို့
ပင့်ဆောင်လာလေသည်။ ထိုမျှမကသေး ပန်းပု၊ပန်းရန်၊ပန်းတမော့ အစရှိသော
ပညာရှင်အများအပြားကိုလည်း ပုဂံသို့ ခေါ်ဆောင်လာခဲ့လေသည်။
မနူဟာမင်းမှာ မိမိ၏ နူတ်ကြောင့် တိုင်းပြည်ပျက်ခဲ့ရသည်။ ပုဂံသို့ ရောက်သော်
မနူဟာမင်းကို မြင်းကပါအရပ်၌ ထားလေသည်။ မနူဟာမင်း၏ အာနုဘော်ကား
စကားပြောသော် ခံတွင်းမှ စက်ပြောင်ပြောင်ထွက်သည်ဟု ဆိုကြသည်။
အနော်ရထာမင်းစောလည်း မနူဟာမင်း အဖူးအမြင်လာ၍ ဦးချသောအခါ
ကြက်သီးမွေးညင်းထ၍ ထိတ်ထိတ်လန့်လန့် ရှိတော်မူချေ၏။ ရှည်လတ်သော်
မနူဟာမင်း ဘုန်းတန်းခိုးအာနုဘော်ကို ညံ့စေခြင်းငှာ မနောလင်ပန်းနှင့်
စားတော်ပြင်ပြီး သော် ဘုရားမှာ တင်စေ၍ ထိုစားတော်ဖြင့် မနူဟာမင်းကို
ကျွေးတော်မူလေ၏။ ကြာသော် မနူဟာမင်း၏ စက်ရောက်သည် ကွယ်လေသည်။
မနူဟာမင်းလည်း သံဝေဂကြီးစွာ ရလျက် နောင်နောင်ငါသည်သာလျှင်
သူတစ်ပါးနိုင်သောသူ ဖြစ်လို၏ ဟု ဘုရားတည်ကာ ဆုတောင်းလေသည်။
ယခုအခါ ပုဂံတွင် မနူဟာဘုရား ဟုယခုတိုင်ရှိလေသည်။
တစ်ရံသောအခါ '' ဥဿာပဲကူးသို့ ဂျွမ်းစစ်သည် အများချီလာသည်
စစ်ကူတော်မူပါ ဟု '' ဥဿာမင်းက အနော်ရထာကို လျှောက်လေသည်။
( ဂျွမ်းစစ်သည်ဆိုသည်မှာ ကမ္ဗောဒီးယား စစ်သည် ဖြစ်သည် )
အနော်ရထာမင်းလည်း စစ်သည် လေးသိန်း စေလွှတ်မည်ဟု မိန့်တော်မူပြီးနောက်
သူရဲကောင်း ၄ ဦး ဖြစ်သော ကျန်စစ်သား၊ငထွေးရူး၊ငလုံးလက်ဖယ်၊ညောင်ဦးဘီး၊
တို့ကို စေလွှတ်လေသည်။ သူရဲကောင်း လေးဦးတို့လည်း ဂျွမ်းစစ်သည်တို့ကို
လေးစုကွဲအောင်လုပ်ပြီး စစ်သူကြီး တို့ကို ဖမ်းလျက် ဥဿာမင်းကို ဆက်လေသော်
မင်းကြီးလည်း အလွန်ဝမ်းမြောက်လှပြီး ဥဿာမင်းတို့အဆက်ဆက် ကိုးကွယ်သော
မြတ်စွာဘုရား၏ ဆံတော်မြတ်နှင့် ရွှေငွေလက်ဆောင်များအပြင် မိမိ၏ ချစ်လှစွာသော
ရွှေကဲ့သို့ အဆင်းရှိ သော မဏိစန္ဒာ အမည်ရှိ သမီးတော်ကို မင်းကြီးအား ဆက်သလေသည်။
သူရဲကောင်းလေးဦးတို့သည် အလှည့်ကျ မင်းသမီးကို စောင့်ရှောက်ပြီးသော်
ကျန်စစ်သားအလှည့်တွင် မင်းသမီးဖြင့် ချစ်ကြိုက်မိလေသည်။ ကျန်စစ်သားမှာမူ
မင်း၏သစ္စာကို စောင့်ထိန်းနိုင်ရန် ကြိုးစားသော်လည်း အချစ်ဆိုသော တဏှာကို
မလွန်နိုင်ရာ မဏိစန္ဒာဖြင့် ချစ်ကြိုက်လေတော့သည်။ နေပြည်တော်သို့ ရောက်သော်
အနော်ရထာသည် ကျန်စစ်သားနှင့် မဏိစန္ဒာ အကြောင်းကြားလျှင် ကြီးစွာသော
အမျက်ဖြစ်လျက် အရိန္ဒာမာလှံဖြင့် ပစ်လေရာ ကျန်စစ်သားကို မထိပဲ ချည်ထားသော
ကြိုးကို ထိလေသဖြင့် ကျန်စစ်သားလည်း လှံကို ကိုင်၍ ပြေးလေသည်။ ဤတွင်
တချို့ရာဇ၀င်များက မင်းမဟာဂီရီနတ်က ကျန်စစ်သားကို လှံလွှဲအောင်စောင့်ရှောက်
လိုက်ကြောင်းရေးပြီး
တချို့က အနော်ရထာသည် ကျန်စစ်သားကို သားကဲ့သို့ချစ်မြတ်နိုးသဖြင့်
အမတ်တွေရှေ့တွင် အပြစ်မပေးလျှင် အာဏာမကြီးရာဖြစ်သောကြောင့် ကျန်စစ်သားကို
လှံချက်လွှဲသည်ဟု ဆိုကြပါသည်။
ကျန်စစ်သားလည်း နန်းတော်မှ ထွက်ပြေးလေသည်။ နန်းစောင့်တို့လည်း
ကျန်စစ်သားပြေးသည်ကို မသိသမှ ပြုကြလေသည်။ မင်းကြီးမှ ကုလား ၈ ယောက်အား
ကျန်စစ်သားအား ဖမ်းစေရန် လွှတ်လိုက်လေသည်။ ကုလားတို့လည်း
ကျန်စစ်သားသည် တော်၏။ သူအိပ်ချိန်တွင် ငါတို့သူအား ဖမ်းအံ့ဟု အနောက်မှ
ဖြည်ဖြည်းလိုက်လာလေသည်။ တောစပ်သို့ရောက် သော် ကျန်စစ်သားသည်
မောပန်းသဖြင့် အိပ်မည်ပြုရာ လှံကို မြေသို့ ပစ်သော်လည်း မစိုက်ဖြစ်နေလေသည်။
ကျန်စစ်သားလည်း စိတ်တိုသဖြင့် တောထဲသို့ ပစ်လိုက်ပြီးနောက်၊ နောက်မှ
သွားကောက်မည်ဟု ကြံ့လျက် အိပ်လေသည်။ ထိုလှံကား ကုလား ၈ ယောက်တို့အား
စိုက်မိသကဲ့သို့ ဖြစ်လေသည်။ ကျန်စစ်သားလည်း နိုးရာထပြီး လှံရှာသော်
ထိုအခြင်းအရာကို မြင်လျှင် ငါ့သခင်သည်င့ါအား အမှန်ပင်သေစေလိုသည်ဟု
ကြံပြီး ကြောင်းဖြူအရပ်တွင် ရှောင်ပုန်းလေသည်။
အနော်ရထာမင်းသည် တိုင်းပြည်တစ်ဝှမ်းလှည့်ပြီး ဆည်မြောင်းများဖို့ခြင်း၊
ကန်ချောင်းများတူးဖူးခြင်းများကို နိုင်ငံတော် အနှံပြုလုပ်တော်မူလေသည်။
ထိုနောက် ဆည်မြောင်းတို့ကို တူးဖော်ပြီးသော် ပေစေ့ တို့ကို ဤသို့ အဓိဌာန်ပြီး
စိုက်လေသည်။ ငါသည် ပုဂံပြည်တွင် မင်းနောက်တစ်ကြိမ်ဖြစ်သော် ပေစေ့တို့သည်
အပင်ပေါက် စေသောဝ် ဟူ၍ စိုက်လေသည်။ တစ်ခါသော် မင်းကြီး နေတော်မူသော
တဲတော်အောက်တွင် ဖားငယ်တစ်ခု မြည်လေသည်။ မင်းကြီးလည်း ဖားငယ်မည်
ခြင်းသည် မည့်အကြောင်းနည်းဟု ဟူးရာဖြူ၊ဟူးရားညိုတို့ကို မေးလေသော်
ဖားဖိုသေ၍ ဖားမငယ်သည် လင်ကောင်ကို ပိုး၍ ငိုသည် ဟု နားတော်လျှောက်
်လေသည်။ မင်းကြီးလည်း ဤအကြောင်းကား အသို့နည်း ဟု မေးရာ ဟူးရားတို့ကို
ဘုန်းတော်ကြီးသော အရှင်သည် အရိမဒ္ဒနာ ပေါက္ကာရာမ နေပြည်တော် မရောက်မီ
ရန်သူလက်တွင် နတ်ပြည်စံရလိမ့်မည် ဟု လျှောက်လေသော် မင်းကြီးလည်း
ငါသို့သောမင်းအား ဤသို့လျှောက်ဝံ့ရသလောဟု ဆိုပြီး အပါးတော်အား တဲအောက်တွင်
်ကြည့်စေသော် ဖားမလင်ကောင်ပိုး နေသည်ကို တွေ့ရလေသည်။
မင်းကြီးလည်း မင်းတို့မာန်ဖြင့် ဟူးရားတို့ကို သံချင်းခတ်ထားလေသည်။
ယင်းသို့မှ စစ်အင်္ဂါလေးပါးနှင့်တကွ နေပြည်တော်ကို ပြန်လာလေသည်။
နေပြည်တော်သို့ ရောက်သော် မုဆိုးတစ်ယောက် ကအောင်သောမြစ်ခြေဟူသော
အရပ်တွင် ကျွဲရိုင်းတစ်ကောင်သောင်းကျန်းနေကြောင်း ဘုရင်ကို လျှောက်လေသော်
မင်းကြီးလည်း နှိမ်နင်းရန် ထွက်တော်မူလေသည်။ ကျွဲရိုင်းကို မြင်သော်
စီးတော်ဆင်ကို ချွန်းဖွင့်ပြီး လွှတ်တော်မူလေသည်။ သို့သော် ထိုကျွဲသည်ကား
ကျွဲအစစ်မဟုတ် အနော်ရထာ၏ အကုသိုလ်ကံကြောင့် ထွက်ပေါ်လာသော
ကျွဲဖြစ်လျက် ကျွဲကခတ်လေသော် မင်းကြီးလည်း ဆင်ဦးတွင်ပင် ကံကုန်တော်မူလေသည်
ပထမမြန်မာနိုင်ငံတော်
တည်တော်မူသော သာသနာပြု အနော်ရထာမင်းလက်ထက်တွင် မြန်မာပြည်သည်ကား
အနောက်သို့လားသော် ကုလားပြည်၊ အနောက်မြောက်ထောင်
့်သို့လားသော် ကတူး(
တကောင်း၊ဗန်းမောက်ဒေသ)၊ မြောက်သို့လားသော် တရုတ်ပြည်၊
အရှေ့မြောက်ထောင့်သို့လားသော် ပန်းသေးပြည် (ပါရ်စီ Parsi လူမျိုးများ ဒေသ )
၊
အရှေ့သို့လားသော် ယူနန်နယ်၊ အရှေ့တောင်သို့လားသော် ခမာလူမျိုးများနေထိုင်သော
ဒေသ အထိ နိုင်ငံတော်ကျယ်ပြန့်ခဲ့လေသည်။ အနော်ရထာလက်ထက် တွင်နိုင်ငံတော်ကို
ကောင်းမွန်စွာ ပြုပြင်နိုင်သည့် အပြင် ဗုဒ္ဓသာသနာသာသနာကိုလည်း အနော်ရထာမင်းက
တိုးတက်အောင် ပြုလုပ်ခဲ့မူကြောင့် သမိုင်းဆရာများက အနော်ရထာကို မင်းကောင်း၊
မင်းမြတ်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။
0 comments:
Post a Comment