Popular Posts

Saturday, July 20, 2013

Gtalk မှာ လူတွေ Add/Invite လုပ်လို့မရဘူးဆိုရင်

 မင်းမင်းသော်=> ကိုအိုင်တီရေ တစ်ခုကူညီပါ ကျွန်တော့်ရဲ့ Gtalk အကောင့်က လူတွေထပ်အပ်လို့မရ
တော့လို့ဖြေရှင်းပေးပါဦးခင်ဗျာ။

Facebook မှ ပြန်လည် Share ပေးပါသည်...
နဂိုစာသားအတိုင်းပါ.....ကျွန်တော်တို့ရဲ့ Admin သစ်လေး ရေးသားထားတာပါ....

တစ်ခါတစ်လေ ကြုံ ဖူးကြမှာပါ... မကြုံဖူးတဲ့ သူတော့ မပါဘူးပေါ့နော်....

Google မှာ အခုနောက်ပိုင်း Feature အသစ်တွေ ပါဝင်လာပါတယ်.. အထူးသဖြင့် Gmail မှာပါ...

Gmail မှာ Hangout Chat Feature ပါ ဝင်လာပါတယ်...

အဲ့ဒါက ဘယ်လိုလဲဆိုတော့ User တွေကို  Chat Style လှလှလေးနဲ့ Gmail ထဲ Chat နိုင်အောင် ပြပေးတဲ့ Feature သစ်လေးပါ... (ကျွန်တော်လည်း သူ့အကြောင်း နှံ့စပ်အောင် မလေ့လာရသေးပါဘူး....) :P

တကယ်လို့များ စာဖတ်သူက Hangout Chat Feature သုံးမိထားမယ်ဆိုရင်
 မသုံးမိဘူး မပြောပါနဲ့ ... တချို့ဆို Get Now တို့ ဘာတို့ တွေ့တာနဲ့  ကောက်နှိပ်တော့တာပါပဲ.....

ဒီလိုနဲ့ Hangout chat box ရသွားတာများပါတယ်.....


အဲ့လိုဆို လူ တွေ Add လို့ မရတော့တဲ့ Error ဖြစ်တတ်ပါတယ်...

ကျွန်တော်လည်း ဒီနေ့ပဲ ပြောင်ချော်ချော်နဲ့ Status တစ်ခု တင်လိုက်ပါသေးတယ်....

စာဖတ်သူတို့ တွေ့မှာပါ....ကျွန်တော့် Gtalk ဘဝင်မြင့် နေ သလားဆိုပြီးပေါ့ :P

ကဲ အဲ့လိုဖြစ်ရင် ဒီလိုသာ လိုက်လုပ်ပေတော့....

သင့်ရဲ့  Gmail ကိုဝင်ထားလိုက်ရင် ဘယ်ဘက် နားမှာ... Chatbox ရှိပါတယ်...

အဲ့ဒီ့ Chat box က နေ သင့် ရဲ့ အကောင့်  ပုံနားက အောက်စိုက်နေတဲ့  မြားလေးကို နှိပ် ....
အောက်ကပုံအတိုင်းပေါ့...





နှိပ်ပြီးသွားရင်.... Revert to old chat ကို Click ပေးပါ..... ခေတ္တ စောင့်ဆိုင်းပြီး ...

Gmail ပြန်တက်လာပါလိမ့်မည်....

အဲ့ဒီ့နောက်မှာ အောက်က ပုံအတိုင်း နဂို Feature လေးဖြစ်သွားလျှင်တော့... အောက်ကပုံအတိုင်း

Search People ဆိုတဲ့ Box လေး ထဲမှာ mouse ကလစ်ပေးလိုက်ပါ....


အောက်ကပုံလေးအတိုင်း မိမိနှစ်သက် သူကို Invite လုပ်လို့ ရပါပြီ...

အခုဆို...ကိုယ် Invite လုပ်ချင်တဲ့ သူကို Invite လုပ်နိုင်ပါပြီ......

Hangout သုံးထားရင် Add လို့မရတာဖြစ်တတ်လို့ ဒါလေး တင်ပေးလိုက်တာပါ....

ကျွန်တော်ကိုယ်တိုင် စမ်းသပ်တာ အောင်မြင်ပါတယ်.....

အားလုံးအဆင်ပြေကြပါစေ...

မပြေဘူးဆိုရင်

heartlay.2018@gmail.com
https://www.facebook.com/bossies.princelay

တို့တွင်မေးမြန်းနိုင်ပါသည်

0 comments:

Post a Comment