Popular Posts

Sunday, July 21, 2013

သုဝဏ္ဏဘူမိမြို့ဟောင်းဒေသ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်မြို့နယ်တွင် ကျင်းပမည် ။ စာတမ်းဖတ်ခြင်း၊ ဆွေးနွေးခြင်း အတွက် ဖိတ်ခေါ်


မွန်ပြည်နယ်ရှိယဉ်ကျေးမှုအမွေအနှစ်များ ရှာဖွေ ဖော်ထုတ်ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းကို
ကိုလိုနီခေတ် လွတ်လပ်ရေးရပြီးနောက်မှည် ယနေ့အချိန်ထိ ခေတ်အဆက်ဆက် ရှေးဟောင်း
သုတေသနပညာရှင်များ ၊သမိုင်းပညာရှင်များမှ ကွင်းဆင်းလေ့လာမှတ်တမ်းတင်းခြင်း၊ တူးဖော်
သုတေသနပညာရှင်များ၊သမိုင်းပညာရှင်များမှ ကွင်းဆင်းလေ့လာမှတ်တမ်းတင်ခြင်း၊ တူးဖော်
သုတေသနပြုဖော်ထုတ်ခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်တို့ကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ထိန်း
သိမ်းကာကွယ်စောင့်ရှောက်ခြင်း၊အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အထိမ်းအမှတ် အဖြစ်
သတ်မှတ်ပြဌာန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
သုဝဏ္ဏဘူမိနှင့်ရာမည ဟူသော စကားရပ်သည် မြန်မာ့သမိုင်း၊မြန်မာ့ ယဉ်ကျေးမှု၊မြန်မာ့ ယုံကြည်
ကိုးကွယ်မှုနှင့် မြန်မာ့ရိုးရာထုံးတမ်းဓလေ့တို့တွင် အရေးပါရုံသာမက အရှေ့တောင်အာရှ  ဒေသ
တွင်း၌ ပါအရေးပါသဖြင့် အချက်အလက်စုံစေ့စွာ လေ့လာစူးစမ်းတင်ပြရမည့် ကိစ္စတစ်ရပ်ဖြစ်ပါ
သည်။
သို့ဖြစ်ပါ၍ သုဝဏ္ဏဘူမိမြို့ဟောင်းနှင့် ပတ်သက်၍ အထောက်အထားများ၊အကြံပြုချက်ျား ရရှိနိုင်
ရန်ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီး၍ ရှေးဟောင်းသုတေသနပညာရှင်များနှင့် သမိုင်းသုတေသန
ပညာရှင်များ ၊ပထ၀ီနှင့် ဘူမိဗေဒပညာရှင်များ ၊ သုတေသီများ၊ ဒေသခံများ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့အစည်းများပါဝင်သော စာတမ်းဖတ်ပွဲနှင့် အနီးစပ်ဆုံး အဖြေထုတ်မှုကို (၂၀၁၃)ခုနှစ် ဇွန်လ
ဆန်းတွင် မွန်ပြည်နယ်မော်လမြိုင်မြို့၌ (၂)ရက်ကြာ ကျင်းပမည်ဖြစ်ပါသဖြင့် စာတမ်းဖတ်ကြား
လိုသော ပညာရှင်များအနေဖြင့် မိမိတို့၏ စာတမ်းများကို ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း
သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန (နေပြည်တော်)ရုံးအမှတ်(၃၅) သို့
(၃၁.၅.၂၀၁၃) နောက်ဆုံးထားပြီး ပေးပို့ပါရန် ဖိတ်ခေါ်ပါသည်။

0 comments:

Post a Comment