Popular Posts

Thursday, September 5, 2013

ထားဝယ်တွေ ဘာလဲ ဘယ်လဲ ဘာလုပ်မလဲ

ဒြွယ်သား အိပ်ပျော်နေကြသော ထားဝယ်လူမျိုး အပေါင်းတို့ နိုးထဖို့အချိန်ရောက်ပါပြီ။ နှစ်ပေါင်းများစွာ အိပ်ပျော်နေခဲ့ ပြီးပြီ။ ရှေ့ဆက်ပြီးတော့ အိပ်နေကြဦးမယ်ဆိုရင် ကျွန်ုပ်တို့ ထားဝယ်လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ရေးနှောင့်နှေးသွားမှာ စိုးရိမ်ရပါတယ်။ နှောင့်နှေးတာတစ်ခုတည်းဆိုရင် သိပ်ပြီး အရေးမကြီးဘူးလို့ အထွတ်တက်လို့ ရပါတယ်။ တစ်ဖြေးဖြေးနဲ့ တိုးတက်လာပါလိမ့်မယ်ဆိုတဲ့ ခပ်ညံ့ညံ့ အတွေးအခေါ်တွေနဲ့ တုံ့ပြန်ပြောဆိုလို့ရပါတယ်။ တုံနှေးတုံနှေး လုပ်နေကြရင်းနဲ့ ကျွန်ုပ်တို့ လူမျိုးစုတွေကို အင်အားကြီးလူမျိုးစုတွေက ၀ါးမျိုသွားမှာကို စိုးရိမ်ရပါတယ်။ ယခုလက်ရှိကာလမှာ တွေ့မြင်ကြားသိနေရတဲ့ အကြောင်းအရာတွေနဲ့ အထောက်အထားတွေ အများကြီးရှိနေပါတယ်။ မောင်းမကန် ကမ်းခြေ မောင်းမကန် ကမ်းခြေ လုံးလုံး၀၀ အိပ်ပျော်နေကြသော သူများကိုနှိုးရတာက လွယ်ကူပါသေးတယ်။ အိပ်ချင်ယောင် မဆောင်ကြပါနဲ့။ နှိုးရခက်လို့ပါ။ အခြေအနေအရ အိပ်ချင်ယောင်ဆောင် နေကြရသူများသည်လည်း နိုးထပြီး ထားဝယ်လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်းလက်တွဲကာ ဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။ အခုဆိုရင် ပျောက်ကွယ်လုဖြစ်တဲ့ ထားဝယ်ရိုးရာ ယဉ်ကျေးမှုတွေပြန်လည်ကာ ပေါ်ထွက်ပါပြီ။ မိုးပေါ်က ကျလာတာမဟုတ်ပါ။ မျိုးချစ်စိတ်ဓါတ် အပြည့်အ၀ရှိတဲ့ ထားဝယ်လူမျိုးတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရရှိလာတဲ့ ရလဒ်တွေပါ။ အခု ကျွန်ုပ်တို့ ထားဝယ်လူမျိုးတွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့၊ ကိုယ်ပိုင်ဘာသာစကားတွေ အခိုင်အမာတည်ရှိနေပါတယ်။ ခိုင်ခိုင်မာမာ တည်ရှိလာခဲ့တဲ့ ကျွန်ုပ်တို့ ထားဝယ်လူမျိုးတွေ ဆက်လက်တည်တံ့ရန် ကျွန်ုပ်တို့မှာ များစွာတာဝန်ရှိပါသည်။ နောက်တစ်ခုက ကျွန်ုပ်တို့တစ်တွေဟာ ထားဝယ်လူမျိုးဖြစ်ကြောင်း ကိုယ့်ကိုယ်ကို အသိအမှတ်ပြု နေတာလေးနဲ့ ကျွန်ုပ်တို့ ထားဝယ်လူမျိုး ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်လူမျိုးအတွက် ဘာမှမလုပ်ရသေးတဲ့ ထားဝယ်လူမျိုးတွေ ဘာလုပ်မလဲ၊ ဘယ်လိုရှေ့ဆက်မလဲ၊ ကိုယ့်ကိုယ်ပြန်ကြည့်ပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ခံလာအောင် လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ထားဝယ်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်မှုတွေကို အခြေခံပြီး လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး ပြတ်သားတဲ့ စိတ်ဓါတ်တွေနဲ့ ရိုင်းပင်းကူညီတတ်တဲ့ ကျွန်ုပ်တို့လူမျိုးတွေအတွက် အဓိကလိုအပ်ချက်က ထားဝယ်တိုင်းရင်းသား၊ ထားဝယ်လူမျိုးအဖြစ် ပြန်လည်ရပ်တည်နေနိုင်ပြီး ကျွန်ုပ်တို့ဒေသ၊ ကျွန်ုပ်တို့ လူမျိုးဖွံ့ဖြိုးဖို့ပါ။ ၎င်းအပြင် စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့အတွက်လည်းပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ကိုယ်ပိုင်လွတ်လပ်သည့် လူ့အခွင့်အရေးတွေ ကျွန်ုပ်တို့ လက်ဝယ်ပိုင်ဆိုင်နိုင်မှာပါ။ တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး မသိနားမလည်သေးတဲ့ သူတွေကို လက်ဆင့်ကမ်း အသိပညာတွေပေးသင့်ပါတယ်။ ကျွန်ုပ်တို့ ထားဝယ်လူမျိုးအများစုဟာ မိမိတို့ ထားဝယ်သမိုင်းကြောင်းတွေ မိမိတို့ ရိုးရာယဉ်ကျေးမှုအကြောင်းတွေကို မသိကြပေ။ အဆိုးဝါးဆုံးသော အချက်တစ်ချက်ကတော့ မှတ်ပုံတင် (နိုင်ငံသားစီစစ်ရေးကဒ်ပြား) မှာပါရှိတဲ့အတိုင်း မိမိဟာ ဗမာလူမျိုးပါလို့ ပြောဆိုနေကြတာကို စိတ်မကောင်းဖွယ် မြင်တွေ့ကြားသိနေပါတယ်။ ဘာ့ကြောင့်ပါလိမ့်။ ဗဟုသုတ အားနည်းလွန်းတဲ့အတွက်ကြောင့်ပါ။ များများလေ့ လာနေဖို့လိုအပ်ပါတယ်။ နှစ်ပေါင်းများစွာ လူမျိုးကြီးဝါဒအောက်မှာ မျက်နှာငယ်လေးနဲ့ ဖြတ်သန်းခဲ့ရပြီးပါပြီ။ နေရာအတော်များများမှာ ကျွန်ုပ်တို့ထားဝယ်တွေ နောက်တန်းမှာပဲ မထင်မရှားနဲ့ လျှောက်လှမ်းနေခဲ့ကြရတယ်။ ပြီးခဲ့တဲ့ ထားဝယ်လူထုများရဲ့ အမှားတွေကို သင်ခန်းစာယူပြီး နောက်နောင် မဖြစ်အောင် လက်ရှိကာလနဲ့ နှောင်အနာဂါတ်မှာ အရာအားလုံး ကောင်းမွန်လာအောင် စွမ်းဆောင်ကြရပါလိမ့်မယ်။ ကမ္ဘာ့တည်နေသရွေ့ မြန်မာ့မြေပုံပေါ်မှာ ထားဝယ်လူမျိုးတွေ ထင်ထင်ရှားရှား တည်ရှိနေရမယ်ဆိုတာ ရင်ဝယ်ပိုက် နားလည်သဘောပေါက်ထားရမှာပါ။ အားလုံးသော ထားဝယ်လူမျိုးတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ ကျွန်ုပ်တို့ ထားဝယ်လူမျိုးများအပြင် ထားဝယ်မြေပေါ်မှာ နေထိုင်ကြတဲ့ သွေးချင်းတွေ အားလုံးမှာ တာဝန်ရှိပါတယ်။ “တာဝန်သိမှ တာဝန်ရှိသည်” တဲ့။ တာဝန်သိတဲ့သူတွေအတွက် တာဝန်ဆိုတာ ပေးစရာကို မလိုပါဘူး။ တာဝန်သိတတ်တဲ့ စိတ်ဓါတ်တွေနဲ့ ဘယ်ပုံဘယ်နည်း လုပ်ရမလဲဆိုတာလေ့လာပြီး လုပ်ဆောင်သွားကြရမှာပါ။ အားလုံးသော ထားဝယ် လူမျိုးအပေါင်းတို့က ကိုယ့်လူမျိုးအတွက် တာဝန်သိသိနဲ့ ၀ိုင်းဝန်းကာ ဆောင်ရွက်ကြရမှာပါ။ အခုအချိန်ဆိုရင် ကိုယ်ပိုင်ဆန္ဒတွေ ဖေါ်ထုတ်ဖို့ အခွင့်အရေးတွေရှိနေပါပြီ။ လက်တစ်ကမ်းမှာရှိနေတဲ့ အခွင့်အရေးတွေကို ကျွန်ုပ်တို့ လက်လွှတ်ခံသင့်သလား။ လုံးဝကို လက်လွှတ်ခံလို့ မရပါဘူး။ လောကမှာ လက်ရှိကာလထက် အသေချာဆုံးသော အရာမရှိပါ။ အခွင့်အရေးဆိုတာဟာ မိမိတို့ရဲ့နံဘေးမှာ တစ်ချိန်လုံးရှိနေခဲ့တာပါ။ သတိမမူတာက တစ်ကြောင်း ကြောက်စိတ်တွေ ဖုံးလွှမ်းနေတာက တစ်ဖုံနဲ့ ကျွန်ုပ်တို့လူမျိုးတွေ နောက်ကောက်ကျ ကျန်နေခဲ့တယ်။ အခုချိန်မှာတော့ ဘယ်နည်းနဲ့မှ နောက်ကျကျန်နေခဲ့လို့ မဖြစ်ဘူး။ အဲဒီအခွင့်အရေးကို လက်ထဲမှာ မြဲမြံအောင် ကိုင်ထားပြီး လိုရာခရီးသို့ ချီတက်ဖို့ အချိန်ရောက်ပါပြီ။ အားလုံးသော ထားဝယ်ဝယ်လူမျိုးစုအတွက် စည်းစနစ်ကျကျနဲ့ လက်တွဲညီညီ လျှောက်လှမ်းကြဖို့ အားလုံးသောထားဝယ်လူမျိုးများကိုယ်စား အကျွန်ုပ် ဆန္ဒပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျား။ ကျနော်တို့ ထားဝယ်ဒေသက တစ်ခြားသောဒေသတွေနဲ့စာရင် နှိမ့်ကျနေတယ်ဆိုတာကို လူတိုင်းက သိတယ်။ ထားဝယ်ဒေသဆိုတာ ထားဝယ်မြို့ ပေါ်က ရပ်ကွက်တွေကို ပြောတာ မဟုတ်ဘူးနော်။ ထားဝယ်လေးမြို့နယ်လုံးကို ပြောတာဖြစ်တယ်။ ကယ် ကျနော်ကတော့ ပြဿနာကိုတော့ ရှာထုတ်ပြီးပြီ ဘယ်လို ဖြေရှင်းရမယ်ဆိုတာကိုလဲ ပါရမှာပေါ့နော်..ကိုယ်နိုင်ရာ နိုင်ရာမှာ လူတိုင်းပါဝင် ပူးပေါင်းပါမှ ခိုင်မာကျစ်လစ်တဲ့ ထားဝယ်လူမျိုးတွေရဲ့ အင်အားကိုရမှာ ဖြစ်တယ်။ ဒါကြောင့် ကိုယ်နိုင်ရာဘက်ကနေ အုတ်တစ်ချပ်သဲပစ်ပွင့် ဖြစ်ဖြစ် လူတိုင်းက တာဝန်ရှိတာဆိုတာကိုလဲ ထပ်တလဲလဲပြောချင်ပါတယ်။ ဒီတော့ ကျတော်တို့ ထားဝယ်လူမျိုးတွေ အနည်းဆုံးလုပ်နိုင်တဲ့နည်းကတော့ ခုလက်ရှိကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ ကျတော်တို့ ချစ်တဲ့ မောင်းမကန်ကို ကာကွယ်ဖို့ပါပဲ ဘာကြောင့်လဲဆိုတော့ မောင်းမကန်က ထားဝယ်တွေရဲ့အသက်ပဲ မဟုတ်လား၊ နောက်ပြီး မောင်းမကန်ကို ဘာကြောင့်ကာကွယ်ဖို့လိုလဲလို့မေးရင် အခုနဘုလယ်မှာလုပ်မဲ့ ရေနက်ဆိပ်ကမ်းကြောင့်ပါပဲဗျာ… ရေနက်ဆိပ်ကမ်းလုပ်ပြီဆိုတာနဲ့ မောင်းမကန်က ပျက်စီးမှာ.. ဘာလို့လဲဆိုတော့ အတန်ချိန်များတဲ့ သင်္ဘောတွေ ၁၀ စီးလောက် တပြိုင်နက် ကမ်းကို ဆိုက်ပြီဆိုတာက မြစ်ကမ်းပါး ကမ်းခြေ သဲသောင်တွေကို တိုက်စားပြီး ပျက်စီးမှာပါ.. ဒါကြောင့် မောင်းမကန်ကို မပျက်စီးစေချင်ဘူးဆိုရင်တော့ ထားဝယ်ရေနက်ဆိပ်ကမ်းကို ၀ိုင်းဝန်းဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်.. ဒါကြောင့် မောင်းမကန်ကို ကာကွယ်ဖို့ ရေနက်ဆိပ်ကမ်းကို ဆန့်ကျင်စို့ မောင်းမကန်ကို အလှဆင်ဖို့  ဒီဆိပ်ကမ်းကို ဆန့်စို့။ အနည်းဆုံးတော့ ဒီစီမံကိန်းကို လက်မခံနိုင်ဘူးဆိုတာကို ထားဝယ်လူမျိုးတွေ ဆန္ဒထုတ်ဖော်ဖို့ လိုပါတယ်။ တစ်ယောက်ချင်းစီကနေပြီး လူများဖြစ်လာရင် ထားဝယ်ထူထုအင်အားဖြစ်လာပါလိမ့်မယ်။ လက်ရှိခံစားနေရတဲ့ ဒေသခံ ပြည်သူတွေနဲ့အတူ ၀ိုင်းဝန်းကာကွယ်ပေးကြပါ။ အဖြစ်အပျက်တွေကို စာတွေရေးပြီး သတင်းဌာနတွေကို ပို့ပေးကြပါ။ အဲလိုမျိုးတွေလုပ်နိုင်ရင် မိမိသည် ဒေသခံတွေနဲ့ ထပ်တူထပ်မျှ ခံစားပေးခြင်းနှင့်အတူ ဒေသခံတွေအတွက် အသံတွေကို ထုတ်ဖော်ခြင်းအားဖြင့်လဲ ကိုယ့်လူမျိုးကို ကိုယ်ကာကွယ်ရာ ရောက်ပါတယ်။ အနည်းဆုံးတော့ ရေနက်ဆိပ်ကမ်းစီမံကိန်း ဆန့်ကျင်ကြောင်း လက်မှတ်ကောက်ခံတဲ့နေရာမှာ လက်မှတ်ထိုးပေးပြီး ပါဝင်ခြင်းဖြင့်လည်း မိမိသည် ကိုယ်လူထုကို ကာကွယ်ရာ ရောက်ပါတယ် ခင်ဗျား။

0 comments:

Post a Comment