Popular Posts

Monday, September 16, 2013

အဏုမြူသမိုင်း (သိပ္ပံနှင့်နည်းပညာ)

အဏုမြူသမိုင်း (သိပ္ပံနှင့်နည်းပညာ)-1


         မန်ဟတ်တန်စီမံကိန်းသည် အဏုမြူဗုံးကို တီထွင်ရန်ထုတ်လုပ်ရန် နည်းလမ်းရှာ အကောင်ထည်ဖော်မည့်အမေရိကန်အစိုးရ၏ ဒုတိယကမ္ဘာစစ်အတွင်းစီမံကိန်းဖြစ်သည်သိပ္ပံတွေ့ရှိချက်များက အဏုမြူဗုံးကို တည်ဆောက်ရန်ဖြစ်နိုင်လောက်ကြောင်း အတော် ကလေးသေချာစွာ ညွှန်ပြနေသည်။ရှေးကမကြံဘူးမတွေးဘူးသော စိတ်ကူးဖြစ်၏။သို့သော်လည်အောက်ခြေလွတ်သော စိတ်ကူးမဟုတ်။သိပ္ပံအချက်အလက်များပေါ် အခြေခံထားသည်။
               ဉာဏ်စွမ်းပကားအားကြီးသူတို့၏ စိတ်ကူးဖြစ်သည်။ဤစိတ်ကူးကို စတင်လူသိရှင်ကြားပြောလာသူတို့သည် နာဇီဘေးရန်မှရှောင်တိမ်းလာသူများဖြစ်၏ သူတို့သည် နာဇီတို့စစ်နိုင်သွားမည်ကို အကြောက်ကြီးကြောက်ကြ၏။ ထို့ကြောင့် အဏုမြူလက်နက်ကို လုပ်မှဖြစ်မည်။လုပ်၍ဖြစ်နိုင်မည်ဟုတွေးမိခြင်းဖြစ်၏။သိပြီးရှိပြီး သိပ္ပံအသိကို အခြေခံပြီး နည်းပညာအသစ်ကို ဖော်ထုတ်ရမည့်အလုပ်ဖြစ်သည်။ ထို့ကြောင့် မန်ဟက်တန်စီမံကိန်းအကြောင်းရှေ့ဆက်၍ပြောရာတွင် သိပ္ပံဝေါဟာရများ မပါလျှင်ပြီးမည်မဟုတ်။သိပ္ပံသဘောတရားများကိုလည်း အတန်းအသင့် ထည့်သွင်းပြောရလိမ့်မည်။သိပ္ပံသဘောတရားကိုလည်း အတန်အသင့် ထည့်သွင်းပြောရမည်။      
 နည်ပညာ(Technolugy)သည် ဘယ်လိုလုပ်သည်ကို တတ်ကျွမ်းခြင်း(Know how) ဖြစ်သည်။နည်း ကိုတတ်မြောက်ခြင်းဖြစ်၏။သိပ္ပံပညာသည် (Science) သည်အဘယ်ကြောင့် ဆိုသည်ကိုသိခြင်း(Know why)နှင့် သက်ဆိုင်သည်။အသိပညာကို သင်ယူခြင်းနှင့် ပွားများခြင်းဖြစ်၏။နည်းပညာသည်လက်တွေ့လုပ်ငန်းဖြစ်၏။သိပ္ပံပညာသည် သဘာဝတရားကို လက်တွေ့လေ့လာခြင်းဖြစ်၏။ရှုမြင်မှတ်သားရသမျှ အချက်အလက်တို့ကို မှတ်တမ်းတင်သည်။ထို့အချက်တို့ကို စီစစ်စိတ်ဖြာ၍ ယေဘုယျသုံးသပ်သည်။ထိုမှ သဘာဝ၏ ပြုမှုပုံကို သဘောတရားအဖြစ် ဖော်ထုတ်ခြင်းဖြင့် သိပ္ပံပညာ တိုးပွား၏။ 
     နည်းပညာသိပ္ပံပညာသည် သိပ္ပံ၏အသိပညာကို အသုံးချရသည်ကများ၏။ သို့သော်တစ်ခါတရံ နည်းပညာသည် ရှေ့ကပြေးနှင့်သည်လည်းရှိ၏။သိပ္ပံ သဘောတရားမရှိသေးဘဲ မသိသေး၍ သော်လည်ကောင်းရှိနေသော်လည်း နည်းပညာရှင်က ထိုသိပ္ပံပညာကို ကိုယ်တိုင်မသိရှိ၌၍သော်လည်းကောင်း နည်းပညာတရပ်သည် သိပ္ပံပညာနှင့်မပတ်သတ်ဘဲ ပေါက်ဖွားလာတတ်၏။သို့သော် ထို့နည်းပညာသည် အဆင့်တတ်လာ ရန်အတွက် သိပ္ပံပညာကို နောက်ပိုင်း၌ ယူ၍သုံးစွဲရ၏။
 
           တရုတ်လူမျိုးတို့ စတင်လိုက်သော ဒုံးပျံလွှတ်သည့်အတတ်သည် သိပ္ပံအခြေခံမရှိသူတို့ လုပ်လိုက်သောနည်းပညာဖြစ်၏။ဤနည်းပညာကိုစစ်ရေးတွင် အရှေ့တိုင်းသားတို့ ရာစုနှစ်ချီပြီး သုံးစွဲခဲ့၏။ပျော်ရွှင်ပွဲ ၌အသုံးချခဲ့၏။သို့သော်နှစ်ပေါင်းရာချီပြီး သိပ္ပံအခြေခံမပါခဲ့သော် ဒုံးပျံနည်ပညာကို မည်မည်ရရတိုးတတ်မှုမရှိခဲ့ချေ။နှစ်ဆယ်ရာစုရောက်မှ အနောက်တိုင်းသားတို့က ဒုံးပျံ နည်းပညာကို သိပ္ပံနည်းပညာပေါ်၌ အခြေတည်ပေး၏။သိပ္ပံနှင့် ပေါင်းဖက်မိသောအခါ ဒုံးပျံကိုလိုရာသို့ ပစ်နိုင်သော အဆင့်ရောက် လာ၏။ဂြိုလ်တုလွှတ်တင်နိုင်သော ဒုံးပျံကို တည်ဆောက်သောနည်းပညာရှင်များသည် သိပ္ပံပညာကို အသုံးချသဖြင့် အောင်မြင်ခဲ့သည်။    
 ရှေ့တွင်ရှိနှင့်ပြီး သိပ္ပံပညာကိုယူ၍ အသုံးချသဖြင့် ပေါ်ထွန်းသော နည်းပညာများသည်လည်းရှိသည်။ဥပမာ-ရေဒါ၊ရေဒီယိုလှိုင်းများ၏ သဘာဝကိုပြည့်ပြည့်စုံစုံ သိထားပြီးရှိသည်။ရေဒီယိုလှိုင်းလွှင့်သော အတတ်နှင့် ဖမ်းယူသော အတတ်လည်းရှိပြီးဖြစ်၏။ရေဒီယိုလှိုင်းသည် သတ္တုပစ္စည်းကိုသွား၍ ထိလျှင် ပြန်လာသည့်အကြောင်းကိုသိ၏။မြေပြင်မှလွှတ်တင်သော ရေဒီယိုလှိုင်းသည် ကောင်းကင်မှ လေယာဉ်ကိုထိသော်ပြန်၍လာမည်။ပြန်လှိုင်းကိုဖမ်းမိလျှင် လေယာဉ်၏ တည်နေရာကို သိရှိနိုင်မည်။သိပ္ပံသဘောတရားက သိပြီးဖြစ်လွယ်၏။ရှင်း၏၊။
          သို့သော် ဤသဘောတရားကိုတကယ်တမ်လက်တွေ့ အသုံးချရာ၌ အခက်အခဲများစွာရှိ၏။နည်းလမ်းအသစ်များရှာကြံပြီးမှ ရေဒါသည်အောင်မြင်လာ၏။အဏုမြူနည်းပညာ လုံးဝမရှိသေသော အတတ်ပညာဖြစ်၏။ မန်ဟတ်တန်စီမံကိန်းက ဖော်ထုတ်ရမည့် အတတ်ပညာဖြစ်၏။ ထို့အတတ်ပညာကို သိပ္ပံပညာပေါ်၌ အခြေခံတည်ဆောက်မည်ဖြစ်၏။သိပ္ပံသဘောတရားနှင့် အချက်အလက်များကိုရှေ့မှာထားပြီး လုပ်ရမည် အလုပ်ဖြစ်သည်။သိပ္ပံအသိကို လက်တွေ့အသုံးချရန် နည်းလမ်းရှာခြင်းဖြင့် မန်ဟတ်တန်စီမံကိန်းမှ အဏုမြူနည်းပညာပေါက်ဖွားလာသည်။
        မန်ဟတ်တန်စီမံကိန်း အကြောင်းပြောလျှင် ယူရေနီယံ၊ပလူတိုနီယံ၊နယူထရွန်၊ရေဒီယိုသတ္တိစသော သိပ္ပံအသုံးနှုန်းများပါဝင်မည်။နယူကလိယထို့ကြောင်းအရာများကို စူးစမ်းလေ့လာခဲ့သော ပညာရှင်များအကြောင်းပါမည်။သို့သော် ဇတ်လမ်းစုံပြီး ဇတ်ရည်လည်နိုင်မည်။ထို့ကြောင့် သိပ္ပံအခြေခံ ဖော်ပြထားရန်လိုလာသည်။
                        အဏုမြူ အင်္ဂလိပ်ဝေါဟာရ အက်တမ်(atom)မြန်မာလို အဏုမြူဟုပြန်ဆိုခြင်းဖြစ်၏။အသံဖလှယ်စာလုံး အက်တမ်နှင့်အဏုမြူကိုကြိုက်ရာသုံးနိုင် ပါသည်။ အဏုမြူသို့မဟုတ်အက်တမ်သည် အသေဆုံးအမှုန်ဆုံး ပစ္စည်းဖြစ်သည်။ထပ်မံထုချေခြင်း ဖဲ့ထုတ်ခြင်း မပြုလုပ်နိုင်သော် ပစ္စည်းဖြစ်သည်သူ့ထဲတွင် အစိတ်အပိုင်းဟူ၍ မပါဝင်သော သဘောဆောင်သည်။ရုပ်ဝတ္တုများကို အသေဆုံးအမှုန်ဆုံးဖြစ်သော အဏုမြူများနှင့် ဖွဲ့စည်းထားသည်ဆိုသော သဘောတရားသည် ဗုဒ္ဓဘာသာမြန်မာတို့ သိရှိပြီးဖြစ်သည်။အဏုမြူ အောက်ပရမာ အဏုမြူပင်ရှိသေ၏။
        ဟိန္ဒူဘာသာ၌လည်း အဏုမြူ(anu)ဆိုသော အသေဆုံး အရာရှိ၏။မြူ၊မြူမှုန်သည် မြန်မာဝေါဟာရဖြစ်၏။ယခုဖေါ်ပြနေသော အကြောင်းအရာမှာ အနောက်တိုင်းသိပ္ပံပညာမှအဏုမြူဖြစ်သည်။ထပ်ကြိတ်၍ မရသောအဏုမြူ ဆိုသည်အမှုန်ကို အနောက်တိုင်းတွင် ဂရိပညာရှင် ဒီမိုခရိဟာ(Democritus-740-380BC)က စတင်ခဲ့သည်။သမိုင်းကြောင်း ရှည်လျာပါသည်။တိုးတတ်မှုအဆင့်ဆင့်ကို မဖော်ပြတော့ပါ။မန်ဟတ်တန် စီမံကိန်းကြီးစတင်သည် 1940 ပြည့်နှစ်ဝန်ကျင် အချိန်၌ အသင့်ရှိနေသော အဏုမြူနှင့်ပတ်သတ်၍ သိပြီးသမျှကိုဖော်ပြပါမည်။

အက်တမ် ၉၂မျိုး      
              သင့်ပတ်ဝန်းကျင်၌ ပစ္စည်းတွေအမျိုးမျိုးရှိသည်။အုတ်၊အင်္ဂေတေ၊သစ်သား၊သံ၊ပလတ်စတစ်၊အ၀တ်စ၊ စသည့်ဖြင့် မရေမတွက်နိုင်အောင်အမယ်များသည်။သို့သော်၎င်းတို့အားလုံးကို ဖွဲ့စည်းရာ၌ အခြေခံပစ္စည်းသည် အမျိုးအစားသိပ်မများပါ။အက်တမ်၉၂မျိုးနှင့် ပေါင်းဖွဲ့ထားခြင်းဖြင့် ဖြစ်သည်။      အင်္ဂလိပ်စာတွင် အက္ခရာ ၂၆လုံး အခြေခံပြီး စာလုံးပေါင်း များစွာကိုဖွဲ့ စည်းသည်နှင့်တူသည်။တဖန်စာလုံးများဖြင့်ဝါကျနှင့်စာပုဒ်များ    တည်ဆောက်သည်။ရုပ်လောက၌လည်း အလားတူဖြစ်၏။အက်တမ်းတမျိုးတည်းသာ ပါသောပစ္စည်းကို ဓာတ်စင်(Element) ဟုခေါ်၏။     အက်တမ်းပေါင်း၉၂မျိုးရှိသည်။ဓာတ်စင်များကို အချိုးအဆအမျိုးမျိုးနှင့် ပေါင်းစပ်ဖွဲ့စည်းသောအခါ ဓာတ်ပေါင်းများ(Compounds)   ကိုရ၏။ဓာတ်ပေါင်းသည် အက်တမ် တစ်မျိုးမကပါဝင်သော ပစ္စည်းဖြစ်၏။

                           ဆက်လက်ဖော်ပြပါမည်.....................

0 comments:

Post a Comment