Popular Posts

Monday, September 2, 2013

အို...အမေ (ခ) မငိုပါနဲ့  အမေ

အမေ နေ ကောင်း ရဲ့ လား အမေ ... အမေ့  ရင်ခွင်ကနေ ခွဲခွါလာခဲ့တာ ရာသီတွေ အလီလီပြောင်းလို့  နှစ်တွေ ထိတောင် အတော်ညောင်းလာခဲ့ ပါလား အမေ... ခုချိန်လောက်ဆို သားပြန်လာဖို့ လက်ရေ ချိုးလို့  ရွာဦးစေတီလေးမှာ သားအဆင်ပြေဖို့ ပါ အမေ နေ့ စဉ် ဆုတောင်း နေရှာရော လောက်ပေါ့နော်... သားကို လွမ်းလို့  အမေ့ မျက်ရည်တော့ မကြွေလိုက်ပါနဲ့  အမေ.... မိဘ မျက်ရည်တစ်စက်က သား သ္မီး ဘ၀ တစ်သက်မို့  အမေ့ အတွက် သားလိမ္မာလေး ပဲ ဖြစ်ချင်လို့ ပါ အမေ... အမေနဲ့ ဝေးကွာတော့မှ ပုခက်လွှဲသော လက်နဲ့  အမေ ချော့တိတ်တဲ့  " အို...အေး..အေး .... " သားချော့ တေးလေးကို လွမ်းမိလို့  အမေ့  ရင်ခွင်မှာ မှေးစက် အိပ်လျှက် ကလေး နားခိုဖို့ ကို အကြိမ်ကြိမ် တမ်းတ မိပြန်ပါတယ် အမေ... အမေ့ ရဲ့ ရင်ခွင်ကနေ ခွဲခွါလာခဲ့ပေမဲ့ တစ်နေ့ မှ မပျော်ခဲ့ပါဘူး အမေ ဘ၀ရှေ့ ရေးမို့  မျှော်တွေးလို့  အဝေးမှာ သားရောက်နေပမဲ့ အမေ့ ရဲ့  ကျေးဇူးတရားတွေကို အဝေးကနေ ဆက်နိုင်အောင် ကြိုးစားရင်း အမေ့ ရင်ခွင်ဆီကို တစ်နေ့  ပြန်လာခဲ့မှာပါ အမေ ရယ်...နော်..

0 comments:

Post a Comment