Popular Posts

Monday, September 2, 2013

နင်းချေသွားနိုင်ပါတယ်....

ငါ့ရင်ကို တစ်စစီခြွေ ငါ့အသဲကို ပန်းသဖွယ် မင်းဦးထိပ်မှာ ဆင်မြန်းချင်သပဆိုရင် အဆင်လှတဲ့ မင်းကေသာထက်မှာ အသွင်ကျစေမယ့် ငါ့အသည်းနှလုံးကို ပန်းတစ်ပွင့်စာအဖြစ် လိုအပ်မယ်ဆိုရင် ငါကိုယ်တိုင် ဖြတ်တောက်ပေးနိုင်ပါတယ် ချစ်သူရယ်...။ အသဲပန်းမို့ မလွမ်းသာလို့  မင်းအတွက် ပန်းတစ်ခင်းစာထက်တွေ့ ရင် ဆက်လျှောက်လာတဲ့ မင်းရဲ့ လမ်းမထက်မှာ ငါ့အသဲကို တစ်စစီခြွေ မြေမှာခစေမယ့် ငါ့အသည်းပန်းကို မင်းရဲ့ ဘယ်ညာခြေဖ၀ါးအောက်မှာ နင်းချေသွားအုံးမယ်ဆိုရင်တောင် ကျေနပ်စွာ အပြုံးပန်းဆင်နေမှာပါ ချစ်သူရယ်...။

0 comments:

Post a Comment