Popular Posts

Sunday, August 18, 2013

ချစ်သူအတွက်ရည်းစားစာ....

ဒါကျွန်တော်ရေးတာမဟုတ်ဘူးနော်...... ဒါလေးက ကျနော့်သူငယ်ချင်းတွေက သူရဲ့ ချစ်သူကိုချစ်လွန်းလို.... ဟာသ စာလေးပေါ့ဗျာ............. စာကဒီလိုဗျ...... သမင်မလေး ဖြိုး ချစ်လွန်းလို့ ဆင်ကြံ ကြံမိတာပါ။ုဖြိုးကို အစ်ကိုကြီး ချစ်လွန်းလို့ ကျားချောင်းချောင်းနေတာ ကြာပါပြီ။ ဒါပင်မဲ့ အခွင့်မသာလို့ လင်းမြွေလို မသိမသာခွေနေရတာပါ။ ဖြိုးလေး လာရာလမ်းကို မျှော်ရလွန်းလို့ လည်ပင်းတောင်သစ်ကုလားအုတ်လောက် ရှည်ထွက်နေပြီ။ ဖြိုးကို အစ်ကိုကြီချစ်တဲ့ချစ်က သိုးတစ်ကောင်လို ဖြူစင်ပါတယ်။ အခုလို ဖြိုးမသိအောင် စာထည့်ထားတဲ့အတွက် မြေခွေးလိုကောက်ကျစ်တယ် မထင်စေချင်ဘူး။ဖြိုးနဲ့ ရင်ဆိုင်တွေ့တဲ့ အခါတိုင်း ကိုယ့်ရဲ့ အသည်းနှလုံးဟာ ယုန်တစ်ကောင်လို ထိတ်လွယ်လန့်လွယ်လို့ပါ။ ဖြိုး။ နွားကျတယ်လို့ ဆိုချင်ဆိုပါတော့။ ဖြိုးရဲ့ ခြေရင်းမှာ ကြောင်တစ်ကောင်လို ပွတ်သီးပွတ်သပ် ခယပါရစေ။ ဒါကလည်း ခြင်္သေ့လို အသည်းနဲ့ ရဲရဲကြီးချစ်မိလို့ပါ။ ဒီလို ပြောလိုက်လို့ ဖြိုးရဲ့ စိတ်ထဲမှာ ကိုယ့်ကိုရေဆင်လိုလို၊ ကြွက်စုတ်လိုလို မထင်စေချင်ဘူး။ ဖြိုး။ စာပြန်နော်......။ ဖြိုးရဲု့ပြန်စာမှမရရင် သစ်ကိုင်းလွယ်မျောက်လို အစ်ကိုကြီး နေမထိထိုင်မသာဖြစ်နေတော့မှာပဲ။ ဖြိုးဆီကအချစ်ကို မျှော်လင့်ရင်း စိုင်းကော်လို့ ချုံပေါ် ရောက်ချင်တဲ့ စောင့်မျှော်လျှက် ရယ်မောခြင်းဖြင့်ရှည်နိုင်ကြပါစေဗျား.........အသက်ပြောတာနော်... ...

0 comments:

Post a Comment