Popular Posts
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, November 10, 2013
Window 7 LogonBackgroundChanger Portable ( 160 KB )
ကျွန်တောတို့  ကွန်ပျူတာတွေမှာ  logon  တက်လာရင်မြင်နေရတဲ့ ပုံလေးအစားကိုနှစ်သက်ရာပုံလေးတွေ
ထည့် လို့ ရပါတယ်..ဒီဆော့ ၀ဲလ်လေးကကြာလှပါပြီးတချို့ လေ့ လာခါစလူတွေနဲ့ မသိသေးတဲ့ သူများ
အတွက်ဆိုပါတော့ ဗျာ.. Choose a folder ဆိုတဲ့ နေရာကနေပြီးတော့ မိမိတို့ သိမ်းထားတဲ့ ဖိုင်းလေးထဲ
ကနှစ်သက်ရာပုံလေးတွေကိုရွေးပြီးတော့  Apply  လေးကိုနှိပ်ပေးလိုက်ရင်  logon တက်လာရင်တွေ့ 
ရတဲ့  background ပုံလေးမှာရောက်သွားမှာဖြစ်ပါတယ်..ကျွန်တော်  screenshot  ပုံလေးမှာပြထားတဲ့ 
အတိုင်းပါပဲဗျာ..ဖိုင်ဆိုက်ကတော့ ဘယ်နိုင်ငံကဘဲဒေါင်းဒေါင်းအဆင်ပြေပါတယ်.. 160 KB  ထဲရှိပါတယ်
တချို့ က logon background  နေရာမှာ.မိသားစုပုံတွေ..ချစ်သူပုံလေးတွေနဲ့ ထည့် ချင်သူတွေအတွက်ပါ..
သိတဲ့ သူကတော့ ဒီလောက်လေးကတော့ မပြောပလောက်ပေမဲ့ ..မသိတဲ့ သူအတွက်ကတော့ ဘယ်လွယ်
ပါ့ မလဲနော်..ကဲမရှိသေးတဲ့ သူနဲ့ မသိသေးတဲ့ သူများကတော့ ဒေါင်းပြီးစိတ်ကြိုက်ထည့် ပေတော့ .ရှိတဲ့ သူ
များကတော့ ကျော်သာသွားတော့ ဗျာ.. portable ဆိုတော့ ပိုအဆင်ပြေဒါပေါ့ ဗျာ..
                                                         W7LogoBKChanger
                                                                 ရေးသားသူ - i soe      
Google Voice နှင့် GTalk * Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ Software*......................................
အခုတင်ပေးလိုက်တာကတော့ Andriod ဖုန်းတွေ မှ Gtalk Voice Call လို့ရတဲ့ ဆော့ဝဲလ် လေးဖြစ် ပါတယ်။ Andriod Version 1.0,2.0 အထက်တွေမှာ Gtalk က အကောင့်တခုပဲ သုံးလို့ရပါတယ်။ ပိုသုံးချင်ရင် ဆော့ဝဲလ် ထပ်ရှာရပါတယ်။ ဒါတောင် တချို့မော်ဒယ်နိမ့် ဖုန်းတွေက Gtalk Call လို့ မရ ပါဘူး။ 
GV Phone လေးကတော့ Gtalk Voice Call လည်းရပါတယ်။ Chatting လည်းရတယ်။ ပြီးတော့ Viber လိုပဲ GV Phone ဆော့ဝဲ ထည့်ထားတဲ့ ဖုန်း နံပါတ်အချင်းချင်း Free Call ရပါတယ်။ ကျနော်ကိုယ်တိုင် စမ်းကြည့်တာ အရမ်းကို အဆင်ပြေပါတယ်။ လိုင်းနဲတာတောင် အသံ ကြည်လင်ပြတ်သားမှု ရှိပါတယ်။ Andriod ဖုန်းသုံးသူတိုင်း ဆောင်ထားသင်ပါတယ်။
အောက်မှာ Screenshoot တွေနဲ့ ပြထားပေးပါတယ်။ သုံးရတာ ဒီဇိုင်းတမျိုးနဲ့ အရမ်းကိုလန်းပါတယ်။ ။ အခုတင်ပေးလိုက်တဲ့ GV Phone - Google Voice & GTalk ကိုတော့ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
Monday, October 21, 2013
facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )
facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )  ။ facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီနေ့ မှာတော့  general setting နှင့်  security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
ganeral account setting 
---------------------------------------------------
ဒီအဆင့် မှာတော့ ရှင်းပြစရာထွေထွေထူးထူးမရှိပါဘူး။အောက်ကပုံလေးထဲကအတိုင်း
  •  name           = ဆိုတာကတော့ မိမိနာမည်ပါ။
  • username      =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
  • email             = ကတော့ မိမိရဲ့ အီးမေးလိပ်စာပါ။
  • networks        =ဆိုတာကတော့ သာမန်user တစ်ယောက်အနေနဲ့ မသုံးပါဘူး
  • language        =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။
Security setting 
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။အောက်ကပုံလေးလိုမျိုး edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။
login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။
login apporvals
----------------------------
login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။အောက်မှာပြထားသည့် ပုံလေးထဲကအတိုင်းအမှန်ခြစ်လေးပေးလိုက်ပါ။
ဒီနေရာမှာအောက်ကပုံလေးအတိုင်း get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။
code generator 
----------------------------------
အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။
မိမိကြိုက်တဲ့  security code ကိုထည့် ပါ။
app password
---------------------------------
app password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app password နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ (
  1. Account Settings > Security)
  2. Find the App Passwords section and click Edit
  3. Click the Generate app passwords link
  4. Type in the name of the App and click Generate Password
  5. Go to your app and use that password to log in
trusted contant 
--------------------------------------
trusted contant  ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယဆိုရ်င choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။
trusted browser 
-----------------------------------
trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။
Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)
decative account
------------------------------------
decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနှင့် ခင်ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။
ဒီလိုလေးနော်ေိေိ
Thursday, October 17, 2013
ဆော့ဝဲ မသုံးပဲ winrar password ကိုလွယ်လွယ်ကူကူ ဖြေမယ်
 ကျနော်လည်း မအားတာနဲ့စာမရေးနိုင်တာလည်းကြာပီ
အခု့တော့ အသုံးဝင်တာလေးတခု့ ပေးခြင်ပါတယ် အသုံးပြု့ဖို့ လိုအပ်မယ့်
 ညီအကိုတွေ ဘော်ဒါတွေအတွက်ပါ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး ဒါပေမယ် လိုအပ်လို့ရှာရင်
မတွေ့ပါဘူး...ကဲစမယ်...နိုင်ငံခြားဆိုဒ်တွေ ကနေ software တွေဒါင်းတဲ့အခါ rar ဖိုင်တွေ ကို
password တွေ ခံထားတက်ကြပါတယ် အဲ့ဒီ password ကို သိနေရင်တော့ ဘာမှမဖြစ်ဘူး
မသိတော့ဘူးဆိုရင်တော့ အသုံးပြု့ဖို့ ခဲယဉ်းသွားပါတယ်
 ဒါကြောင့် software တွေကိုဖြေဖို့အတွက်အပိုဆော့ဝဲ ဒေါင်းစရာမလိုပဲနဲ့လွယ်လွယ်ကူကူဖြေလို့ရပါတယ်
သူငယ်ချင်းတို့လည်း မလုပ်ဖူးသေးလို့ မသိတာပါ တကယ်တော့ လွယ်လွယ်လေးပါ အောက်မှာ
ကျနော် ပုံအနည်းငယ်နဲ့ ရှင်းပြထားပါတယ်
ဒီ password ဖြည်တာကိုအသုံးပြု့ဖို့အတွက် winrar ကိုပဲ အသုံးပြု့တာပါ
မိမိ က winrar ကို အသုံးမပြု့ဘူး ဆိုရင်တော့ winrrar ကိုဒေါင်းထည့်ဖို့ လိုပါလိမ့်မယ်
လိုအပ်ရင် ဒီနေရာမှာ ဝင်ယူနိုင်ပါတယ်
အပေါ်ကပုံမှာ Arma actics ဂိမ်းကိုဖြေပါမယ် 
အောက်ကပုံအတိုင်း exe ဖိုင်ကိုပဲဖြစ်ဖြစ် txt ဖိုင်ကိုပဲဖြစ်ဖြစ် ကလစ် ၂ချက်ခေါက်ဖွင့်မယ်ဆိုရင်
password တောင်းပါတယ်
အောက်ကပုံကိုဆက်ကြည့်ပါ password ကိုဖြည်ပါမယ်
ဖြည်မယ့် ဂိမ်းဖိုင်ကို(မည်သည့်ဆော့ဝဲဖြစ်ဖြစ်) ထောက်ပြီး Right click နှိပ်လိုက်ပါ
ပုံထဲက အတိုင်း Convert achieve ဆိုတာလေးတွေ့နိုင်ပါတယ် နှိပ်လိုက်ပါ
အောက်ပုံအတိုင်း explorer လေးထပ်ပေါ်လာမယ် zip ကိုအမှန်ခြစ်ပေးပါ
အပြာရောင် အကွက်ကတော့ ဖြည်ပြီးတဲ့အခါ ဖိုင်သိမ်းမယ့်နေရာ ကိုပေးထားတာပါ
ကျနော်ကတော့Folder အသစ်လုပ်ပြီးတော့ ဖိုင်ကိုသပ်သပ် ပြန်သိမ်းလိုက်ပါတယ်
Delete Original Acheves ကိုအမှန်ခြစ်ပေးရင် မူရင်းဖိုင်ကိုဖျက်ပြီးတော့
Folder အသစ်နေရာမှာပဲ ပြန်သိမ်းပေးပါတယ် အပေါ်ကလုပ်စရာရှိတာလုပ်ပြီးရင်
OK ကိုနှိပ်လိုက်ပါ
OK ကို နှိပ်လိုက်ရင် နောက်ဆုံးအနေနဲ့ password တောင်းပါလိမ့်မယ်
ပေးလိုက်ပါ သူ achieves ဆက်လုပ်ပါလိမ့်မယ် စောင့်ပေးလိုက်ပါ ပြီးသွားရင်
ဖိုင်အသစ်နေရာမှာသွားကြည့်ပါ password ပေးစရာမလိုပဲနဲ့ ဖိုင်တွေကိုဖွင့်လို့ရပါလိမ့်မယ်
winzip နဲ့ ဖြည်တာတော့ ကျနော်လည်း မသိသေးပါဘူး winrar နဲ့ ဖြည်ရလို့ ပြန်လည်မျှဝေလိုက်ပါတယ်
ကိုလတ်(ကျွဲဆင်း)
Android ဖုန်းတွေအတွက်( 14.10. 2013 ) ရက်နေ့ မှ ထွက် တဲ့ ဂိမ်းလေးပါ
 Android ဖုန်းတွေအတွက်( 14.10. 2013 ) ရက်နေ့ မှ ထွက် တဲ့ ဂိမ်းလေးပါခင်ဗျာ။အသစ်အဆန်းလေးတွေပေါ်တိုင်းအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက်နောက်မကျ
ရလေအောင်အချိန်မှီပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ရုပ်ထွက်လည်းတော်တော်လေးကောင်းပြီးစိတ်ဝင်စားစရာတွေနှင့် ပြည့် နှက်နေတဲ့ သဲထိပ်ရင်ဖိုဂိမ်းလေးပါ။
ဒီဂိမ်းလေးကမည်သည့် ဖုန်းအမျိုးအစားနှင့် မဆိုကိုက်ညီမှူရှိပါတယ်။ဖိုင်ဆိုဒ်ကတော့  (127 MB ) ရှိပါတယ်ခင်ဗျာ။ မူရင်းplaystore မှာဒေါင်းလုပ်ယူနိုင်သလို။ဒေါင်းလုပ်လင့် လည်းစီစဉ်ပေးထားပါတယ်ခင်ဗျာ။
အောက်ပုံလေးတွေကိုကြည့် ရင်စိတ်ဝင်စားစရာကောင်းလှပါတယ်။
ကွန်ပြူတာရဲ့ USB အပေါက်တွေကို USB Drive Defender 1.0.8.0 သုံးပြီး virus ကာကွယ်ကြမယ်
ကွန်ပြူတာတိုင်းရှိထားသင့်တဲ့ Security လေးပါ
usb stickတွေ memory ကတ်တွေနဲ့ အသွင်းအထုတ် အလုပ်များတဲ့ စက်တွေဆိုရင်
 ပိုလို့တောင် လိုအပ်ပါတယ် ကိုယ်ပိုင် stick ဆိုရင် တော်သေး
တခြားက ယူလာတာ ဒါမှမဟုတ် ကိုယ် သူငယ်ချင်း ရဲ့ stick, memory card တွေ
ဆိုရင် ကိုယ်မသိရတဲ့အတွက် virus ရှိလား မရှိလား မသိရပါဘူး
အဲ့ဒါကို စစ်ဆေးပေးမယ် စောင့်ကြည့်ပြီး delete လုပ်ပေးမယ့်
USB Drive Defender လေးပါ သူငယ်ချင်းတို့အတွက်ပြန်လည်မျှဝေလိုက်ပါတယ်
Freeware လေးပါ ဘာမှထည့်ပေးစရာမလိုပါဘူး 
ကိုလတ်(ကျွဲဆင်း)
ဒေါင်းနည်းမသိခဲ့ပါက { ဒီမှာ } သွားလိုက်ပါ
Driver Pack Solution Professional 13 R-380 DVD ISO (4.36 Gb)
C Box ကရော Email ကပါ တောင်းဆိုထားကြတဲ့ ညီငယ်များနဲ့ မိတ်ဆွေများအတွက် ကျွန်တော်လဲ ကြိုးစားပြီး Driver Pack Solution Professional 13 ကို တင်ပေးလိုက်ပါပြီဗျာ။ (လက်ရှိ ကျွန်တော် သုံးနေတဲ့ အင်တာနက်က 12 Mb ဆိုပေမဲ့ တခါတလေ အပြည့်အဝမလာ တော့ ဒီ Driver Pack ကို ၂-ရက်နီးပါး ကြိုးစာပြီးတင်ရပါတယ်။ 
ဒီထက်မြန်တဲ့ 25 Mb,1 Gb အင်တာနက် ကို သုံးနိုင်ဖို့ ဆုတောင်းပေးပါ။) ။ ဖိုင်ဆိုဒ်က 4.36 GB ရှိတာမို့ RAR ဖိုင် (၈)ဖိုင်ခွဲပြီးတင်ပေးထားပါတယ်။ အရင်တလောက တင်လိုက်တဲ့ Driver Pack က Windows 7 တခုထဲသုံးလို့ရတာပါ။ အခုတင်လိုက်တဲ့ Driver Pack Solution 13 က Windows XP/Vista/7/8 အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။
 ဒီဆော့ဝဲကို အင်စတောပြီးရင် နောက်ထပ်ဘာ Driver မှ ထပ်ထည့်စရာ မလိုတော့ပါ။ အားလုံး ပြည့်စုံ သွားမှာ ဖြစ်ပါတယ်။ ဖိုင် (၈)ဖိုင်လုံးဒေါင်လုပ်ယူပြီး  WinRAR နဲ့ Extract လုပ်ပါ။ ISO ဖိုင် တဖိုင်ထဲ ပြန်ရပါမယ်။ ၎င်း ISO ဖိုင်ကို DVD မှာ Burn လုပ်၍ဖြစ်စေ၊ Mount(Extract) လုပ်၍ဖြစ်စေ အင်စတော လုပ်နိုင်ပါပြီ။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
 အားလုံးအဆင်ပြေပါစေ.......။