Popular Posts

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, August 3, 2013

နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး

နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး


ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ်တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။
တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့ အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။

နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါပဲ။

Sunday, July 21, 2013

ကျောင်းသား ၃ဝဝ လက်ခံသင်ကြားပေးမည့် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်အမှတ် ထုတ်ပြန်

ကျောင်းသား ၃ဝဝ သာ လက်ခံသင်ကြား ပေးမည့် ရန်ကုန် တက္ကသိုလ်ဝင်ခွင့်အမှတ်ကို ပညာရေးဝန်ကြီးဌာန မှ ထုတ်ပြန်လိုက်သည်။

အနှစ် ၂ဝ နီးပါး ပိတ်ထားခဲ့သည့် ရန်ကုန် တက္ကသိုလ်တွင် ယခု ပညာသင်နှစ်မှ စတင်ကာ ဘာသာရပ် ၂ဝ သင်ကြားပေးမည်ဖြစ်ပြီး ဘာသာ ရပ်တစ်ခုလျှင် ၁၅ ဦးစီသာ လက်ခံမည် ဖြစ်သည်။ ဝင်ခွင့်အတွက် အနိမ့်ဆုံးအမှတ်မှာ ၄၃ဝ မှတ်ဖြစ်ပြီး အမြင့်ဆုံးမှာ ၅၁ဝ မှတ် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သင်ကြားပေးမည့် ဘာသာရပ်များမှာ ရူပ ဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေဒ၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ မနုဿဗေဒ၊ ရှေး ဟောင်းသုတေသနပညာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အရှေ့တိုင်းပညာ၊ ကွန်ပျူတာသိပ္ပံနှင့် နိုင်ငံရေး သိပ္ပံတို့ဖြစ်သည်။

ပညာရေးဌာနလုပ်သက် ၃ဝ ကျော်ရှိ ဆရာဦးဟိန်းလတ်က ''ဒီဘွဲ့က အရင်ကB.Sc , B.A တို့လိုမဟုတ်ဘူး။ တကယ့်ကို အဆင့်အတန်း မီ နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့၊ စံချိန်မီဘွဲ့ပဲ''ဟု ပြောသည်။

ရန်ကုန်တက္ကသိုလ်က သင်တန်းသားရွေးချယ် ရာ၌တက္ကသိုလ်ဝင် စာမေးပွဲဘာသာများကို သတ်မှတ် ချက်မထားဘဲ မည်သည့်ဘာသာ တွဲကဖြစ်စေ၊ ရမှတ်အပေါ်မူတည်၍ ရွေးမည်ဟုသိရသည်။

ပညာရေးတက္ကသိုလ်မှ ကထိကဆရာ ဦးညွန့် သောင်း (စာရေးဆရာမောင်သာချို)က စိတ်လှုပ်ရှား စရာကောင်းသော အစီအစဉ်ဟု မှတ်ချက်ပြုသည်။

အမှတ်များက ဆေးတက္ကသိုလ်၊ ရန်ကုန် နည်းပညာ တက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ် တို့၏ ဝင်ခွင့်နီးနီး မြင့်တက်နေပြီး အင်္ဂလိပ်စာ ဘာသာရပ် လျှောက်ထားလိုသူက စုစုပေါင်း အနိမ့် ဆုံး ရမှတ် ၅၁ဝ ရမှသာ လျှောက်ထား နိုင်မည်ဟု ကြေညာထားသည်။

ထို့အတူ ရူပဗေဒ၊ ဓာတုဗေဒ၊ သချာင်္၊ သတ္တ ဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ် ဓာတုဗေဒတို့အတွက် အနိမ့်ဆုံးရမှတ် ၄၉ဝ သတ်မှတ်ကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေးပညာ၊ ဥပဒေ ပညာ၊ နိုင်ငံရေး သိပ္ပံတို့က အနိမ့်ဆုံး အမှတ် ၄၇ဝ စီဖြင့် ကျန်ဘာသာရပ်တို့က အမှတ် ၄၃ဝ စီ သတ်မှတ်ထားသည်။

''အမှတ်တွေကတော့ ထိပ်တန်း စာရင်းဝင်တွေပါပဲ''ဟု ရန်ကုန်တက္က သိုလ်မှ ကထိက ဆရာတစ်ဦးက သုံးသပ်သည်။ ထို့အပြင် ကွန်ပျူတာ သိပ္ပံဆိုပါက လျှောက်ထားသူသည် သချာင်္ဘာသာရပ်တွင် တက္ကသိုလ် ဝင် အောင်မှတ် ၉၅ မှတ်နှင့် သိပ္ပံဘာသာရပ် ဆိုပါ က ၄င်းနှင့် သက်ဆိုင်သော တက္ကသိုလ်ဝင် ဘာသာရပ်တွင် အနည်း ဆုံး ရမှတ် ၉ဝ ရှိမှ ဝင်ခွင့်ရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ် အာဇာနည်နေ့ ဆွမ်းကပ်တရားနာ သူရဦးရွှေမန်းတက်ရောက်

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ကျဆုံးသွားသည့် အာဇာနည် ခေါင်းဆောင်များကို ရည်စူးပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သည့် ဆွမ်းကျွေး တရားနာပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ပြုလုပ်သည့် အဆိုပါဆွမ်းကပ် တရားနာပွဲကို ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) နံနက်ပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းဆွမ်းကျွေး တရားနာတွင် သီတဂူဆရာတော်ဒေါက်တာ အရှင်ဉာဏိဿရက ရေစက်ချ တရားချီးမြှင့်ခဲ့ကြောင်း NLD ပါတီဝင်များထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်းကျင်းပခဲ့သည်။

အဆိုပါ မီဒီယာ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး သမ္မတအဖြစ် ဝင်ရောက် ယှဉ်ပြိုင်လိုပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ဝင်ပြိုင်နိုင်ရန် အခြေခံဥပဒေ ပြင်ဆင်ပေးမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက သတင်းမီဒီယာသမားများကို ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စုသို့ သွားရောက်စဉ်က ၎င်းအနေနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်မှုများ ရှိကြောင်း ပြောကြားထားသည်။

ဇွန်လ ဒုတိယပတ်အတွင်း ပြည်သူ့လွှတ်တော်တွင် ပြုလုပ် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာအချို့ တွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ပြည်ခိုင်ဖြိုးပါတီ အပါအဝင် နိုင်ငံရေး ပါတီအားလုံးနှင့် လက်တွဲနိုင်ကြောင်း ပြောကြားထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တပ်မတော် ထိပ်တန်းအရာရှိအဖြစ် ဆောင်ရွက်နေချိန်တွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ရှည် အကျဉ်းကျခံ နေရပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ရက်သတ္တတစ်ပတ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာကာ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

ဘင်္ဂါလီဒုက္ခသည်များ အမိုးအကာအောက်ရောက်ရှိရေး ကျပ်သန်းငါးထောင်နီးပါး အကုန်အကျခံထား

ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများ မှ ဘင်္ဂါလီဒုက္ခသည်မိသားစုများအား မိုးမကျမီ အမိုး အကာအောက်ရောက်ရှိစေရန် အတွက် ငွေကျပ် သန်းပေါင်း ၄၉၄၅ သန်း အကုန်အကျခံထားကြောင်း နိုင်ငံတော် သမ္မတက ဇူလိုင် ၁၅ ရက်နေ့တွင် ကျင်းပ သော ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ရာတွင် ပါရှိသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီ ဒုက္ခသည် မိသားစုများအား မိုးမကျမီ အမိုး အကာ အောက်ရောက်ရှိစေရန် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ရသေ့တောင်၊ မင်းပြား၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့တွင် ရှစ်ခန်းတွဲတန်း လျား ၉၈၉ လုံး ဆောက်လုပ်ခြင်းအတွက် သုံးစွဲငွေ ကျပ်သန်းပေါင်း ၄၉၅ဝ ဒသမ ဝဝဝ နှင့် ရခိုင်ပြည်နယ်အတွင်း လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန။

စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့အတွက် ငွေကျပ်သန်းပေါင်း ၁၅၅ဝ ဒသမ ၄၇၈ သန်း သုံးစွဲကုန်ကျခဲ့ေ ကြာင်း သိရသည်။

ယင်းသုံးစွဲငွေများသည် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် သုံးစွဲငွေ ဘီလျံ ၁ဝဝ မှ ကျခံသုံးစွဲ ခြင်းဖြစ်ပြီး ယင်းသုံးငွေများကို ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုမှတ်တမ်း တင်ရန် ပေးပို့ခဲ့ ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ငွေစာရင်း ပူးပေါင်းကော်မတီမှ ဦးမောင်တိုး က ပြောသည်။

”အရေးပေါ် ကိစ္စတွေ၊ သဘာဝ ဘေးအန္တရာယ် တွေအတွက် သမ္မတသုံးဖို့ သီးခြားရန်ပုံငွေထဲက ရှိတာကိုသုံးစွဲတာပါ။ ဒါကို ပြည်ထောင်စုက အတည် ပြုပေးတဲ့သဘောပါ”ဟု ¤င်းက ပြောသည်။

ထို့အပြင် ပညာရေးဝန်ကြီးဌာန မှ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်နေသော မြန်မာ ကျောင်းသားများအတွက် မဖြစ်မနေထောက် ပံ့ကြေး အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ၅၁၇ ဒသမ ၅၂၃ နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စစ်ကိုင်း တိုင်းဒေ သကြီးကန့်ဘလူ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ ဆေးရုံသုံးရုံ ပြန်လည် တည်ဆောက်ရာတွင် ကျပ်သန်းပေါင်း ၇၅ဝ ဒသမ ဝဝဝ သန်း ကုန်ကျခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏သဝဏ်လွှာတွင် ပါရှိသည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ သီးခြားရန်ပုံငွေမှ ကျခံသုံးစွဲငွေ စုစုပေါင်းမှာ ၇၇၆၃ဒသမ ဝဝ၁သန်းဖြစ်ပြီး ယင်းသုံးစွဲငွေများအား ၂ဝ၁၂ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာ ဥပဒေမှပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ)နှင့်ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ (ဂ)တို့၏ ပြဋ္ဌာန်းချက်များအရ သဝဏ်လွှာပေးပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းတုံမြို့ အဝင် စစ်ဆေးရေး ဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်လူမျိုး ကိုးဦးနှင့် 'ဝ' လူမျိုး တစ်ဦးတို့အား ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၉

ဇူလိုင် ၁၈ ရက် ည ၈ နာရီ ၁ဝ မိနစ်ခန့်တွင် တာချီလိတ်မှ မိုင်းတုံသို့ ထွက်ခွာလာသော ယာဉ်မောင်း အိုက်ချန် မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/-----(၄x၄) တိုက်ဂါး အဖြူရောင် ယာဉ်နှင့် စိုင်းအောင်ခမ်း မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/------ (၄x၄) ဗွီဂိုခဲရောင် တို့အား မသင်္ကာ၍ မိုင်းတုံ မြို့အဝင် စစ်ဆေးရေး ဂိတ်တွင် တာဝန် ရှိသူများမှ စစ်ဆေးခဲ့ရာ အိုက်ကျော်၊ အသက် ၂၅ နှစ်၊ ''ဝ'' လူမျိုး၊ တော်ကော့ရပ်ကွက်၊ တာချီလိတ်မြို့ နေသူနှင့် အတူ လိုက်ပါလာသည့် တရားမဝင် ဝင်ရောက်လာသော တရုတ်လူမျိုး ကိုးဦးအား စစ်ဆေး တွေ့ရှိရပြီး ၎င်းတို့အား မိုင်းတုံမြို့နယ် ရဲစခန်းသို့ အပ်နှံ၍ တရား ဥပဒေအရ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Huiwei ကုမ္ပဏီ တရုတ် အစိုးရအတွက် သူလျှိုလုပ်နေဟု စီအိုင်အေ အကြီးအကဲဟောင်းပြောကြား

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဟွာဝေး (Huiwei)သည် တရုတ် အစိုးရအတွက် အနောက်နိုင်ငံများကို သူလျှို လုပ်ပေးနေသည်ဟု အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က ပြောကြားသည်။

အမေရိကန် စီအိုင်အေ အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က Australian Financial Review သို့ ပြောကြားရာတွင် တရုတ်သည် အနောက်နိုင်ငံများအပေါ် အကန့်အသတ်မဲ့ သူလျှို လုပ်လျက် ရှိကြောင်း၊ ယင်းသို့ ပြုလုပ်ရန် တရုတ် တယ်လီကွန်း ကုမ္ပဏီဖြစ်သော ဟွာဝေးသည် တရုတ် အစိုးရ ကို သတင်း အချက်အလက်များ ပေးနေသည်ဟု ယုံကြည်ကြောင်း ၎င်းက ယူဆထားသည်။

တရုတ် ဟွာဝေး ကုမ္ပဏီသည် တရုတ် အစိုးရနှင့် ဆက်စပ်နေသည်ဟု ယူဆခံထားရခြင်းကြောင့် ဟွာဝေး ကုမ္ပဏီ၏ ဆက်သွယ်ရေး ပစ္စည်းများသည် သတင်း အချက်အလက်များ လျှို့ဝှက်ရယူခြင်း နှင့် ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းတို့ကြောင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံများ တွင် စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။

တရုတ် တယ်လီ ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေး(Huiwei) ကမူ ၎င်းတို့နှင့် တရုတ် အစိုးရနှင့် တိုက်ရိုက် ပတ်သက်မှု ရှိသည်ဆိုသည့် ကိစ္စကို ငြင်းဆိုထားသည်။

သို့သော် အမေရိကန် အစိုးရအနေနှင့် တရုတ် ဟွာဝေး ကုမ္ပဏီနှင့် ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ဖယ်ရှားရန် အမေရိကန် ကွန်ဂရက် လွှတ်တော်က ယမန်နှစ်က တိုက်တွန်းထားပြီး သြစတြေးလျ အင်တာနက် Broadband Network ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီများ တင်ဒါ ခေါ်ရာတွင်လည်း ဟွာဝေး Huiwei ကုမ္ပဏီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ထားသည်။

ယခုအခါ ဗြိတိန်နိုင်ငံတွင်လည်း ဟွာဝေး(Huiwei) ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းများဖြင့် ဗြိတိန်နိုင်ငံကို သူလျှို လုပ်ဖွယ်ရှိသည့် ကိစ္စအပေါ် ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်သည်ဟု ဗြိတိန် အမျိုးသား လုံခြုံရေး အကြံရေး ဆာကင်မ်ဒါရို့ခ်ျက ပြောကြားသည်။

ဗြိတိန်နိုင်ငံ အောက်စဖို့ရှိုင်းယားတွင်ရှိသော Cell ဟုခေါ်သော ဟွာဝေး ကုမ္ပဏီ စင်တာသည် ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ အင်တာနက် ဖိုက်ဘာ ဆက်သွယ်ရေး စသည်တို့နှင့် Huiwei ထုတ် ပစ္စည်းများ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးနေသော စင်တာ ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရာရှိဟောင်း တစ်ဦး ဖြစ်သူ တည်ထောင်ထားသော ဟွာဝေး ကုမ္ပဏီသည် ၂၀၀၅ ခုနှစ်က ဗြိတိန်နိုင်ငံ BT ကုမ္ပဏီကို ဆက်သွယ်ရေးလှိုင်း ထုတ်လွှင့်သည့် စက်ပစ္စည်းများ ရောင်းချရန် သဘော တူညီခဲ့သည်။

အမေရိကနှင့် တရုတ် အစိုးရအကြား ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုတွင် ဟွာဝေး ကုမ္ပဏီမှာ မြေစာပင် ဖြစ်ရသည်ဟု ပြောကြားထားဖူးသော ဟွာဝေး ကုမ္ပဏီ၏ ဆိုက်ဘာ လုံခြုံရေး အရာရှိဖြစ်သူ John Suffolk ကမူ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ၏ ပြောကြားချက်မှာ အခြေအမြစ် မရှိသော အပုပ်ချ စကားသာ ဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ပြောကြားသည်။