Popular Posts

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label နိုင်ငံအကြောင်း. Show all posts
Showing posts with label နိုင်ငံအကြောင်း. Show all posts

Sunday, August 18, 2013

`` ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး......´´

`` ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး......´´ ကျွန်တော် အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတဖြစ်စေချင်ပါသည်။ ကျွန်တော်၏ လွတ်လပ်သော အတွေးအရ လူပုဂ္ဂိုလ်အား လေးစားသဖြင့် နိုင်ငံခေါင်းဆောင် အဖြစ်စေချင်ဆုံး ပုဂ္ဂိုလ်နှစ်ဦးမှာ.... လက်ရှိနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်သာဖြစ်ပါသည်။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် အကြောင်းအမျိုးမျိုးဖြင့် သမ္မတကြီး အနိုင်မရခဲ့လျှင်သော်လည်းကောင်း၊ ကျန်းမာရေး အခြေအနေအရ အနားယူခဲ့လျှင်သော်လည်းကောင်း ဒုတိယသက်တမ်းတွင် သမ္မတဖြစ်စေချင်သူမှာ ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်ပါသည်။ အမေစုဟု ခေါ်သော အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတဖြစ်စေချင်သူများ မြန်မာနိုင်ငံတွင် များစွာ ရှိပါသည်။ အကြောင်းမှာ..... ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း။ နိုင်ငံတကာ အဆင့်မီ ပညာတတ် လေဒီ တစ်ဦးဖြစ်ခြင်း။ ငြိမ်းချမ်းရေး နိုဗယ်ဆု အပါအ၀င် နိုင်ငံတကာနှင့် အဖွဲ့အစည်းပေါင်းများစွာမှ ဆုတံဆိပ်ပေါင်း များစွာ ရရှိထားခြင်း။ စစ်အစိုးရလက်ထက်တလျှောက်လုံး ဖြစ်သမျှရင်ဆိုင်၍ မလိုလားအပ်သော ကိစ္စရပ်များအတွက် ကမ္ဘာနှင့် ယှဉ်၍ အတိုက်အခံပြုခဲ့ခြင်း။ ကမ္ဘာ့အလည်တွင် မြန်မာတို့၏ကိုယ်စားပြု Icom အဖြစ်ရပ်တည်လျှက်ရှိခြင်း။ ဒီမိုကရေစီ နတ်သမီးအဖြစ် ထင်ရှားကျော်ကြားခြင်း။ အချိန်နှောင်းမှ ရွေးကောက်ပွဲ ၀င်ခဲ့သည့်တိုင် အတိုက်အခံပါတီအဖြစ်ရပ်တည်နိုင်သည်အထိ ပြည်သူတို့၏ နှစ်သက်သဘောကျမှု ခံရခြင်း။ လိုအပ်သည့်အချိန်တွင် ထမ်းဆောင်သင့်သော တာဝန်ကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခြင်း၊ တာဝန်ယူလိုသည့် စိတ် အပြည့်ရှိခြင်း။ ပူးပေါင်း ဆောင်ရွက်လိုသည့် ဆန္ဒ ပြင်းပြခြင်း။ အမှန်တကယ်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း။ ပြည်သူတို့၏ အနာဂတ် ဘ၀များအား တောက်ပစေရန် ဆောင်ရွက်ပေးနိုင်လိ့မ်မည်ဟု ယုံကြည်ခြင်းနှင့် ယုံကြည်နိုင်လောက်သော အရည်အသွေးများရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။ နိုင်ငံရေးကို စိတ်ဝင်စားသူများ အားလုံး သိကြသည့်အတိုင်း အဓိကအချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ရေးဆွဲရေး ဖြစ်နေကြောင်းပင် ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးကလည်း အခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးအတွက် ဖွင့်လှစ် ပြသခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်လိုကြောင်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ အခြေခံဥပဒေတွင် ပြင်ဆင်ရန်လိုအပ်သော ဥပဒေ ပြဌာန်းချက်များ ရှိနေပါမည်.... ( ကျွန်တော့် အနေဖြင့် အခြေခံဥပဒေတစ်ခုလုံးအား သေသေချာချာ ဂဃနဏ မသိပါ...) ထိုအထဲတွင်မှ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ဟူသော အပိုဒ်အား လေ့လာရာတွင် ``ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဃ)´´ ``စစ်ရေးအမြင်ရှိရမည်´´ ==================================== `` ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) " ``မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိ မိဘတစ်ပါးသော်လည်းကောင်း မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း ၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်သောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစား ရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ" ==================================== ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ) “ လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်သီးခြားသတ်မှတ် ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်” ==================================== ကျွန်တော် စဉ်းစားဖြစ်ပါသည်- ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဃ) ``စစ်ရေးအမြင်ရှိရမည်´´ ဟူသောအချက် ဤ အချက်သည် တပ်မတော်တွင် စစ်မှုထမ်းခဲ့သူများကိုသာ သမ္မတအဖြစ် ခန့်အပ်ရမည်ဟု ဖော်ပြထားခြင်း မဟုတ်ပါပဲ သာမန်အရပ်သား ပညာရှင်တစ်ဦးသည် စစ်ရေးစစ်ရာနှင့်ပတ်သတ်သော သုံးသပ်ချက်တစ်စောင်၊ ကျမ်းတစ်စောင်ပြုစုနိုင်ခဲ့လျှင် သို့ မဟုတ်..... စစ်ပညာဆိုင်ရာမဟာဘွဲ့၊ ပါရဂူဘွဲ့စသည့် ဘွဲ့တစ်ခုခု ရရှိခဲ့လျှင် ``စစ်ရေးအမြင်ရှိသူ´´ ဖြစ်ခြင်းကြောင့် အထက်ပါ ပြဌာန်းချက်သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတနှင့် ဒုတိယ သမ္မတ ဖြစ်ရန် ကြီးမားသော အဟန့်အတား မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ==================================== ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ) “ လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်” ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသော အရည် အချင်းပြည့်မီသူ ဖြစ်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာယုံမျှမက ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌ တာဝန်ကိုယ်လည်း ထမ်းဆောင်လျှက်ရှိပါသည်။ ထို့အပြင် ကြေးနီတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ပြီး ဖြစ်သဖြင့် ဒွိယဖြစ်ဖွယ်ရာ ငြင်းချက်ထုတ်၍ မရနိုင်တော့ကြောင်း တွေ့ရှိရပါသည်။ နိုင်ငံတော် သမ္မတအတွက် သီးခြားဖြစ်သော အခြားအချက် များကို ဆက်လက်တင်ပြပါမည်။ ==================================== တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် အဟန့်အတားဖြစ်နေသည်ဟု ယူဆရနိုင်သော ပုဒ်မသည် `` ပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ)ပင်ဖြစ်ပါသည်...... ထိုပုဒ်မခွဲတွင် ``မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိ မိဘတစ်ပါးသော်လည်းကောင်း မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း ၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်သောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစား ရသောအခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများမဖြစ်စေရ" ဟု ဖော်ပြပါရှိပါသည်။ ထိုသို့ဆိုရာတွင် ယခု လက်ရှိအခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ `` ဒေါက်တာမိုက်ကယ်အဲရစ်´´ သည် ကွယ်လွန်သွားပြီဖြစ်ခြင်းကြောင့် ``မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း´´ ဆိုသော စကားရပ်သည် အလိုအလျောက်ပျက်ပျယ်ပြီး ဖြစ်ပါသည်။ သို့သော်..... ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် လက်ရှိအခြေအနေတွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေပါသည်။ ထိုသားနှစ်ဦးသည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ရသင့်ရထိုက်သော အခွင့်အရေးများကိုလည်း ရရှိခံစားနေ ကြပါသည်....။ ဤကိစ္စနှင့် ပတ်သက်၍ အချက်နှစ်ချက်အား ဆွေးနွေး တင်ပြလိုပါသည်။ ကျွန်တော်၏ ကိုယ်ပိုင်အတွေးသာ ဖြစ်ပါသည် အကြံပြုတင်ပြချက်လေးသာ ဖြစ်ပါသည်.... ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် အမေရိကန်နှင့် ဗြိတိန်နိုင်ငံ သားများဖြစ်နေခြင်းကြောင့် နိုင်ငံတော်အတွက်အမှန်တကယ် လိုအပ်ခဲ့ ပါလျှင် ဒေါ်အောင်ဆန်းစုကြည်က သားအဖြစ်မှ စွန့်လွှတ်ရမည်ဖြစ်ပါသည်။ ပြည်သူများမှလည်း တောင်းဆိုနိုင်ပါသည်။ သို့သော် ဤလုပ်ရပ်အား တိုင်းပြည်အတွက် အကြောင်းပြ၍ လုပ်ဆောင်ခဲ့ပါလျှင် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် အလွန်ပင် မညှာမတာ ရက်စက်ရာ ကျမည်ဖြစ်ပါသည်။ ထို့ကြောင့် ဤ ပထမအချက်သည် ဆောင်ရွက်နိုင်သော်လည်း ဆောင်ရွက်သင့်သည့် လုပ်ရပ်မဟုတ်ပါ။ ဤသို့ ဆိုလျှင် ဒုတိယအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးအား ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်ခြင်း... ဒေါ်အောင်ဆန်းစုကြည်၏ သားများဖြစ်ခြင်းကြောင့် ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့်ပေးနိုင်ခဲ့ပါလျှင်... ဟု ကျွန်တော် တွေးဖြစ်ခဲ့ပါသည်။ ============================ ဤသို့ ဆောင်ရွက်နိုင်ပါလျှင် အထက်တွင် ဖော်ပြထားသော ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)သည်လည်း အလိုအလျောက် ပျက်ပျယ်ပြီးဖြစ်ပါသည်။ သို့သော် တစ်ခုစောဒက တက်စရာရှိပါသည်... ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးသည် မြန်မာနိုင်ငံသား ဖြစ်ချင်ပါသလား ဆိုသော အချက်ပင် ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နိုင်ငံအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် ဂုဏ်ပြုဆောင်ရွက်လျှက်ရှိကြောင်း လေ့လာသိရှိရပါသည်။ =============================== ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)အား ပြင်ဆင်ဖြစ်ခဲ့လျှင်အနာဂတ်ကာလ မြန်မာနိုင်ငံ၏ ခေါင်းဆောင် ရွေးချယ်မှု အပိုင်းတွင် ပြဿနာပေါင်းများစွာဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။ အနီးကပ်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရထားသော တိုင်းရင်းသားစစ်စစ်မဟုတ်သူ တရုတ်အနွယ်ဖွားများနှင့် အိန္ဒိယနွယ်ဖွား၊ ဘင်္ဂါလီ အနွယ်ဖွားများအနေဖြင့် နိုင်ငံတော်၏ အဓိကအရေးကြီးနေရာများတွင် ၀င်ရောက်နေရာယူလာပါက မလိုလားအပ်သော၊ တိုင်းရင်းသားများ မျိုးသုဉ်းပျက်စီးနိုင်သော၊ ရိုးရာယဉ်ကျေးမှုအလေ့အထများနှင့် ဘာသာရေးဆိုင်ရာ ဆောင်ရွက်မှုများ ပိတ်ပင်တားဆီး ဖျက်သိမ်းခံရနိုင်သော.... အန္တရာယ်များ ဖိတ်ခေါ်နေကြောင်း လတ်တလော အခြေအနေများအရ သိရှိနိုင်ပါသည်။ အခြေခံဥပဒေ ပြင်ဆင်မှုကြောင့် တိုင်းရင်းသားစစ်စစ်မဟုတ်သူ တရုတ်အနွယ်ဖွားများနှင့် အိန္ဒိယနွယ်ဖွား၊ ဘင်္ဂါလီ အနွယ်ဖွားများအနေဖြင့် သမ္မတ၊ ဒုတိယသမ္မတများနှင့် လွှတ်တော်ဥက္ကဌများ၊ ပြည်ထဲရေးနှင့် သာသနာရေး ၀န်ကြီးများ ဖြစ်ရန် ဥပဒေအရ ခွင့်ပြုချက် ရရှိခဲ့သည့်တိုင် တိုင်းရင်းသားပြည်သူများ၏ စိတ်ဓာတ်ရေးရာ အခြေအနေများက ခွင့်ပြုနိုင်ဖွယ်ရာ မရှိကြောင်းတွေ့ရှိရပါသည်။ မြန်မာပြည်ပေါက်တိုင်းရင်းသားစစ်စစ်မဟုတ်သူ တရုတ်အနွယ်ဖွားများနှင့် အိန္ဒိယနွယ်ဖွား၊ ဘင်္ဂါလီ အနွယ်ဖွားများအနေဖြင့် ငွေကြေး အင်အားတတ်နိုင်ပြီး ပါတီများတည်ထောင်ကာ သို့မဟုတ် NLD ပါတီ၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ၊ သို့မဟုတ် ပါတီထောင်ရန်ပြင် ဆင်နေသူ ၈၈ မျိုးဆက်များထဲသို့ ၀င်ရောက်ကာ လွှတ်တော်ကို စိုးမိုးပြီး တနေ့နေ့ တချိန် ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတရာထူးအပါအ၀င် အခြားအရေးကြီး ရာထူးနေရာများနှင့် တာဝန်များကို ရယူသွားလျှင်ဆိုသည့် အခြေအနေကို စဉ်းစားရန် လိုအပ်ပါကြောင်း တိုက်တွန်းလိုပါသည်။ ထိုအချိန်တွင် .... သမ္မတကြီး၊.... အမေစုနှင့်... ကျွန်တော်တို့သည် လောကကြီးအတွင်း အသက်ရှင် တည်ရှိနိုင်တော့မည် မဟုတ်သကဲ့သို့ အခြေခံဥပဒေကို လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအပေါ်တွင် ထားရှိသော အမုန်းတရားများဖြင့် ပြင်ဆင်လိုသူများလည်း ရှိနိုင်တော့မည် မဟုတ်သကဲ့သို့ အခြေအနေ ဆိုးရွားသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ယခင်ကအတိုင်း ပြန်လည်ပြင်ဆင် သတ်မှတ်ရန်လည်း ရှုပ်ထွေးနိုင်မည့်အပြင် ပြင်ဆင်ရန် ခက်ခဲသည့် အခြေအနေပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ တကယ်တန်း တန်းတူအခွင့်အရေးကို ရယူချင်သူများဟာလည်း မြန်မာပြည်ပေါက် တရုတ်နှင့်အိန္ဒိယနွယ်ဖွားများ၊ ဘင်္ဂါလီနွယ်ဖွားများသာဖြစ်သည်ကို အားလုံး အသိပင် ဖြစ်ပါသည်။ ================================= ဒါကြောင့် အမေစုအနေဖြင့် သမ္မတနှင့် ဒုသမ္မတ ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်....။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ဟူသော အခန်းတွင် ပါရှိသော ဥပဒေသည် ၁၉၄၇ခုနှစ်တွင် နိုင်ငံတော်၏ အနာဂတ်ကို ကြိုတင်မြင်တွေ့ခဲ့သော လွတ်လပ်ရေး၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်ရာထူးအား အမျိုးသားရေးအမြင်ဖြင့် ပိတ်ပင်ထားခဲ့သော ဥပဒေကို ပြန်လည်ရေးဆွဲထားခြင်းပင် ဖြစ်ပါသည်။ ================================== နိဂုံး အမေစု(ခ) ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတဖြစ်စေဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထို့အတူ NLD ပါတီအနေဖြင့်လည်း အမေစု မရှိသည့်နောက်ပိုင်း ဆက်လက်ရပ်တည်နိုင် သည်ဖြစ်စေ၊ မရပ်တည်နိုင်သည်ဖြစ်စေ.. ပြည်သူလူထု၏ ရင်ထဲတွင် အမေစုသည် ချစ်ခင်ရသော.... ယုံကြည်အားကိုးရသော အလေးစားဆုံး ပုဂ္ဂိုလ်အဖြစ် မည်သူကမျှလာ၍ ဖျက်မရအောင် စွဲထင်နေသည်မှာ သေချာပါသည်...။ နိုင်ငံတော် အတွက် တာဝန်ကျေပွန်သည်ဟု ဆိုရာတွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်များနှင့် ရွှေစလွယ်များ ရှိရန်မလိုအပ်သလို စာရွက်ပေါ်တွင် ရိုက်နှိပ်ထားသော အသိအမှတ်ပြုလွှာများလည်း မလိုအပ်ပေ...၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတဖြစ်မှသာ တိုင်းပြည်အတွက် စဉ်းစားလုပ်ကိုင်သောသူလည်း မဟုတ်ကြောင်း အားလုံး အသိပင် ဖြစ်ပါသည်....။ ဥပမာ တစ်ခုအနေဖြင့် အိန္ဒိယနိုင်ငံမှ ဆိုနီယာဂန္ဒီသည် အီတလီသူစစ်စစ် ဖြစ်သော်လည်း အိန္ဒိယပြည်သူတို့၏ အသည်းနှလုံးဖြစ်ခဲ့ပါသည်။ သို့သော် သူမသည်.. ပါတီဥက္ကဋ္ဌ ရာထူးနေရာသာ ရယူထားပြီး နိုင်ငံ့ခေါင်းဆောင် ရာထူးအတွက် အိန္ဒိယလူမျိုးများကိုသာ တင်ပေးခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။ အမှန်တကယ်တွင် နိုင်ငံတော် သမ္မတ၏ သက်တမ်းသည် (၅)နှစ်ခန့်သာရှိပါသည်။ အမျိုးသားခေါင်းဆောင်ကဖြင့် လူထုရင်ထဲတွင် ထာဝရတည်ရှိနေတတ်ပါသည်....။ အမေစုသည် သမ္မတဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ.... နိုင်ငံသားများ၏ မိခင်... နိုင်ငံ့ရတနာတစ်ပါးအဖြစ်သာ တည်ရှိစေလိုပါသည်။ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော အကျိုးဆက်များကို စဉ်းစားဆုံးဖြတ်၍ နိုင်ငံရေး အရ ရွေးချယ်မှုပြုရန်မှာ ပါတီတစ်ခုတည်း၏ တာဝန် မဟုတ်ပဲ တစ်နိုင်ငံလုံးနှင့် တစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပါကြောင်း တင်ပြရင်း.....။ ရွှင်လန်းချမ်းမြေ့ကြပါစေ...

Saturday, July 27, 2013

၆၅ နှစ်မြောက် အာဇာနည်နေ့ - 65th Anniversary Martyrs' Day (Arzarni Day)

၆၅နှစ်မြောက် အာဇာနည်နေ့တွင် ချစ်လှစွာသော ကျဆုံးလေပြီးသော ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်းခေါင်းဆောင်ကြီးများအား ရိုသေစွာ အလေးပြုပါ၏... Poem for Martyr's Day Aung San Zarni Born on February 13 was he Born in 1915, son of Lawyer U Hpa Of Natmauk, in Magwe District Mother's name was Daw Suu The year 1947 died he On July 19 everyone wept He is the cause of our Independence He is the father of this nation. The blessings he had given us, the words he had uttered... How can we ever take those out of our minds... အောင်ဆန်းဇာနည် ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်၊ ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား မိခင်ဒေါ်စုသား၊ တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘဝင်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး။ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။

Sunday, July 21, 2013

တပြည်လုံး အတိုင်းအတာနဲ့ ပြုလုပ်ခဲ့တဲ့ (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မြင်ကွင်း၊ ဓာတ်ပုံ ရုပ်သံများ

 ယနေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ပြုလုပ်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးပြုလုပ်တဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ အဖွဲ့ချုပ်ခေါင်းဆောင်များနှင့် သူရဦးရွှေမန်းနှင့် ဇနီးတို့ တက်ရောက်ခဲ့ကြသည်..။

 မိတ္ထီလာမြို့ အာဇာနည်နေ့ အခမ်းအနား
 အာဇာနည်နေ့ အခမ်းအနား (မြင်းခြံ)
 အာဇာနည်နေ့ အခမ်းအနား(မော်လမြိုင်)
 အာဇာနည်နေ့ အခမ်းအနား (ပျဉ်းမနား)
ယနေ့ အာဇာနည်ဗိမ္မာန်သို့ ရောက်ရှိဂါရဝပြုရန် ရောက်ရှိလာကြသည့် အနာဂတ်ရဲ့ ရင်သွေးငယ်လေးများ
ဓာတ်ပုံများ EMG
ဗိုလ်ချုပ်မိန့် ခွန်း အပိုင်း (၁)
သာကေတမြို့နယ်မှ အာဇာနည်နေ့ ဥသြဆွဲချိန် ပြည်သူ့ရဲများနှင့် ပြည်သူအပေါင်းမှ ဂုဏ်ပြု အလေးပြုခဲ့ကြသည်..။ ယနေ့ ဝန်ထမ်း၊ ကျောင်းသား၊ ရဟန်း ပြည်သူ.. ပူးပေါင်းပါဝင် ဂုဏ်ပြုခဲ့ကြသည့် ၆၆နှစ်မြောက် အာဇာနည်နေ့မှသည်.. အမျိုးသားပြန်လည် သင့်မြတ်ရေးဆီသို့... ဓာတ်ပုံ (ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
 
ယနေ့(၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား Reuters သတင်းဋ္ဌာနှင့် တရုတ်ရုပ်သံ... တို့မှ ရိုက်ကူးတင်ပြချက်များ..
ယနေ့ ၆၆ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျောင်းသားပြည်သူတွေ အရင်နှစ်တွေ ကထက် ပိုပြီး ပူးပေါင်း တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်သည်..။
 

လောင်းလုံမြို့နယ် မောင်းမကန် ကျေးရွာသားများမှ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးပါဝင်သော ထားဝယ်ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီသို့ ဆန္ဒပြခြင်း..

ထားဝယ်သားများ ဒုတ်/ဓါးများ ကိုင်ဆောင်ပြီး ပြည်ခိုင်ဖြိုး ပါတီဝင် အများဆုံးပါဝင်သော ထားဝယ်ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီသို့ ဆန္ဒပြခြင်း
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား(၅၀) ကျော်ခန့်သည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် ထားဝယ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္မဏီမှ ဟိုတယ်ဆောက်ရန် မြေနေရာတွင် မြေတူးစက်ကြီးများဖြင့် လမ်းဖောက်လုပ်ခြင်းကို ကျေးရွာသူ/သားများမှ (၀၉၀၀)ချိန် မှ(၁၁၃၀)နာရီချိန်ထိ ဒုတ်/ဓါးများကိုင်ဆောင်ပြီး ဆန္ဒပြရာ လမ်းဖောက်ခြင်း လုပ်ငန်း ရပ်ဆိုင်းသွားသဖြင့် (၁၂၀၀)ချိန်ခန့်တွင် ရွာသူ၊ ရွာသားများမှ ကျေးရွာ ဓမ္မာရုံတွင်စုရုံးပြီး နိုင်ငံတော်သမ္မတထိ တင်ပြသွားရန် ဆွေးနွေးခဲ့ကြပါသည်။

 ထားဝယ်ဒေသ ဖွံ့ဖြိုးမှုအများပိုင် ကုမ္မဏီမှ ကျေးရွာသူ/သားများအား အစုရှယ်ယာ ထည့်ခိုင်းပြီး စည်းရုံးကာ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းအား ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ထားဝယ်အများပိုင် ကုမ္မဏီမှ ထားဝယ်ခရိုင်အတွင်း မြေသိမ်းဆည်းမှုများမှာ ဧကပေါင်း(၅၀၀၀၀)၀န်းကျင် အထိရှိ ပါသည်။ သိမ်းဆည်းခံရသော ကျေးရွာများသို့လည်း လမ်းဖောက်ပေးခြင်း၊ စာသင်ကျောင်းများ ဆောက်ပေးခြင်း တံတားများ ကောင်းအောင် လုပ်ပေးခြင်းများ ပြုလုပ်ပေးမည်ဟု အကြောင်းအမျိုးမျိုးပြကာ လိမ်ညာကာ ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ 

ထားဝယ် အများပိုင်ကုမ္မဏီမှ လူကြီးများကို သုံးသပ်ရမည်ဆိုရင် လက်ရှိတာဝန်ယူထားသူများမှ ယခင်က ထားဝယ်ဒေသ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးတာ မရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံးပါဝင်သဖြင့် ရွေးကောက်ပွဲ ကာလများတွင်လည်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု အကြောင်းပြကာ ဆောင်ရွက် ပေးခြင်း မရှိဘဲ လိမ်လည်ခြင်း၊ ဥက္ကဌ တာဝန် ထမ်းဆောင်သူ ဦးခင်စိုးမှာလည်း စိတ်ဓါတ်ကောင်းသူ(၁)ဦး မဟုတ်ကြောင်း ပုဂ္ဂိုလ်ရေးအရ မုန်းတီးပြီး ပြောကြားခြင်း မဟုတ်ဘဲ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဟု အကြောင်းပြကာ ဆောင်ရွက်ပေးခြင်း မရှိခြင်း၊ ဦးခင်စိုး နာမည်ခံကာ မြေများလိုက်လံ သိမ်းဆည်းခြင်း၊ တစ်ဘက်နိုင်ငံသားများသို့ ရောင်းစားရန် ကြံစည်ခြင်း၊ သိမ်းဆည်းထားသော မြေများကိုလည်း ယခုထိတိုင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် ထားဝယ်သားများ စည်းလုံးကြရန် လိုအပ်ပါသည်...။ ထားဝယ်သားများ စည်းလုံး ညီညွတ်ကြပါ...


ထားဝယ်ကိုကိုကြီး
ဟိုတယ်ဇုံမြေ...
ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံး ပါဝင်သော ထားဝယ်ဖွံ့ ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီမှ ရော်ဘာပင်များ စိုက်ရန်အကြောင်းပြပြီး မြေသိမ်းဆည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မှုအကြောင်း တစ်စေ့တစ်စောင်း

ကျွန်တော်တို့ ထားဝယ်သားအများစုမှာ လယ်ယာလုပ်ငန်း၊  ခြံလုပ်ငန်း၊ ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုရာမှ 2-11-2009 ရက်နေ့ တွင်နှစ်နိုင်ငံ တာဝန်ရှိသူများမှ မူဘောင် သဘောတူညီမှု စာချုပ် Concessing Signing ကိုလက်မှတ်ရေးထိုးပြီး 2011 ခုနှစ်၊ ဇန်န၀ါရီလတွင် ထားဝယ် အထူးစီးပွားရေးဇုန် စတင်လိုက်သည့် အချိန်မှစပြီး ထားဝယ်ဒေသတွင် အိမ်၊ ခြံမြေဈေးများ တစ်ရှိန်ထိုး တိုးတက်မှုဖြစ်လာပါတော့သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှမြေဧက(၂)သောင်းကို (၁)ဧကလျှင် ကျပ်သိန်း(၃၂၀၀)ဖြင့် ရောင်းချနိုင်မည်ဟု The Nation သတင်းစာ တွင်ရေးသား ဖော်ပြထားပါသည်။ ထိုကဲသို့ မြေကွက် တန်ဖိုးများ မြင့်တက်လာသည်နှင့် အတွက် စီးပွားရေးလုပ်ငန်းရှင် အများအပြား ၀င်ရောက်လာသလို ထားဝယ်သား အချင်းချင်းမှ ကိုယ့်လူမျိုး အပေါ်ဖွံ့ဖြိုးရေး လုပ်ငန်းကို အကြောင်းပြပြီး သစ္စာဖောက်ခြင်းကမှ ပိုမိုဆိုးရွားလှပါသည်။ မြေဈေးများကောင်း လာသဖြင့် ပြည်ခိုင်ဖြိုး ပါတီလက်အောက်ခံ ထားဝယ်သားတစ်စုမှ ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြကာ စီးပွားရှာရန်အတွက် မြေသိမ်းဆည်းမှုများ အား အောက်ပါ အတိုင်း တင်ပြလိုက်ရပါတယ်-
ဟိုတယ်ဆောက်ရန် မြေနေရာ..
၁။ အထူးစီးပွားရေးဇုန် ရုံးခန်းနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံ(၆)ဦး၏ မြေ(၂၃.၆)ဧကအား ကျပ်သိန်း(၄၉၇)ဖြင့် လျော်ကြေးပေး ၀ယ်ယူခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေသခံများမှ နစ်နာခဲ့ခြင်း (ယခုဆိုလျှင်(၁)ဧက ဈေးမှာ သိန်း(၂၀၀)၀န်းကျင်အထိ ဖြစ်ပေါ်နေခြင်း)

၂။ ဟိုတယ်ဇုန်ပြုလုပ်ရန် အကြောင်းပြပြီး မြေရောင်းစားရန် ရည်ရွယ်ချက်ဖြင့် ကျောက်ဆင် ကျေးရွာနှင့် သပေါ့ဆိမ့်ကြားတွင် မြေဧက(၅၀၀) ကိုသိမ်းပိုက်ရန် ဆောင်ရွက်သော်လည်း လျော်ကြေပေး ဝယ်ဆောင်ရမည် ဖြစ်သဖြင့် အခြားနေရာသို့ ပြောင်းရွှေ့ခဲ့ကြောင်းနှင့် အဆိုပါ နေရာတွင် သီဠ်ပင်များ စိုက်ပျိုးထားပြီး ပိုင်ရှင်များမှ နှစ်စဉ်ခူးယူ ရောင်းချမှု ပြုသော်လည်း လျော်ကြေး ပေးရမည်စိုးသဖြင့် အလေ့ကျ ပေါက်ပင်များဟု အကြောင်းပြစေခြင်း၊ လူနေတဲ(၆)လုံး ရှိသော်လည်း ကြိုးဝိုင်း ဧရိယာအတွင်း ကျူးကျော်သူများဟု စွပ်စွဲကာ ထိုက်သင့်သည့် လျော်ကြေးမပေးဘဲ မတရားသိမ်းပိုက်ခြင်း။

၃။ ရန်ကုန်မြို့နေ ကဒတ်ကြီးသား ဦးခင်စိုး ဦးစီးကာ ထားဝယ်သားများ ပါဝင်သောအဖွဲ့မှ အများပိုင် ကုမ္မဏီထူးထောင်ကာ စိုက်ပျိုးရေးကို အကြောင်းပြပြီး ထိုင်းနိုင်ငံနယ်စပ် မြေခံအော်ဒေသတွင် မြေဧက(၁၅၀၀၀)၊ အထူးစီးပွားရေးဇုံ ကားလမ်းဘေး ဆင်ဖြူတိုင်နှင့် ထီးခီးဒေသတွင် မြေဧက (၂၀၀၀၀)၊ ကျောက်တွင်း ကျေးရွာနှင့်တီဇစ် ကျေးရွာအကြားတွင် မြေဧက(၅၀၀၀)၊ ထားဝယ်မြို့ရှိ မြေလွတ်နေရာ အားလုံးအား ဖွံ့ဖြိုးရေးလုပ်ငန်းကို အကြောင်းပြကာ ထားဝယ်မြို့ပေါ်နေ ဦးယုစိန်နှင့် ရေဖြူမြို့နယ်နေ ဦးအောင်မျိုးတို့မှ အများပိုင်ကုမ္မဏီမှ နာမည်ခံပြီး လိုက်လံ သိမ်းဆည်းမှုများ ပြုလုပ်နေကြပါတယ်။

၎။ ထားဝယ်အများပိုင်ကုမ္မဏီမှ အဓိကတာဝန်ရှိသူမှာ ခင်စိုးဖြစ်ကြောင်းနှင့် ယခင်ရွေးကောက်ပွဲကာလနှင့် ကြားဖြတ် ရွေးကောက်ပွဲ ကာလများ တွင် လောင်းလုံးမြို့နယ် အတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ဘုန်ကြီးကျောင်းများအား ကောင်းအောင် ဆောင်ရွက်ပေးမည်ဟု ကတိ အမျိုး မျိုးပေးကာ စည်းရုံးမဲဆွယ်ခဲ့ပြီး ပါတီ အနိုင်ရရှိသွားသည့်အခါတွင် ဘာတစ်ခုမှ လုပ်ဆောင်ပေးခြင်း မရှိဘဲ မွေးရပ်မြေကိုတောင် မလာရဲတာကိုတာကြည့် ပါတော့။
မြေခံအော်ဒေသ..
 ကဒတ်ကြီးကျေးရွာကို ရောက်ခဲ့စဉ်အခါက (ဦးခင်စိုးဟာ ကိုယ်ကျင့်တရား ကောင်းမွန်သူတစ်ဦး မဟုတ်ကြောင်း၊ ကျေးရွာက ကျောင်း ဆရာမလေး အေးအေးမာဟာ သူကြောင့်ရတဲ့ ကိုယ်ဝန်နဲ့ အရှက်ရပြီး သေဆုံးခဲ့တယ် ဦးခင်စိုးလဲ ထိုင်းဘက်ကို ထွက်ပြေး သွားပြီး မှောင်ခို လုပ်ငန်း တွေကို စတင် လုပ်ကိုင် လာတော့တယ်၊ နောက်ဆုံး ဘိန်းဖြူတောင် တစ်ဘက်နိုင်ငံဘက်ကို ရောင်းစားခဲ့ တယ်၊ သူစက်ရုံမှာအလုပ် သွားလုပ်တဲ့ ရွာကကောင်မ ချောချောလေးတွေ ဆိုသူရဲ့ မယားငယ်ဘ၀ကို ရောက်သွားရတယ်၊ နောက်ဆုံးပြောရရင် အဖေသေသွားတော့ အဖေနောက်ယူုလိုက်တဲ့ မိန်းမ(အမေလေးပေါ့) ကိုတောင် အလွတ်မပေးဘူးဟု နားကျည်းစွာနဲ့ ပြောတဲ့ ကဒက်ကြီးသား တစ်ယောက်ရဲ့ ရင်ဖွင့်သံပါ) ဒီလိုစိတ်ဓာတ် ရှိတဲ့သူ တစ်ဦး ဟာ ဘယ်လိုလုပ်ပြီး ဒေသကောင်းအောင်၊ ဖွံ့ဖြိုးအောင်လုပ်နိုင်မှာလဲ။
ထားဝယ်အသင်းဥက္ကဌ၊ အဏ္ဏ၀ါလွမ်းကုမ္မဏီ၊ ထားဝယ်ဖွံ့ဖြိုးမှု အများပိုင်ကုမ္မဏီ ဥက္ကဋ္ဌ ဦးခင်စိုး၊
သုံးသပ်တင်ပြခြင်း
ဦးခင်စိုး ဦးစီးပြီး ထားဝယ်သားများ အများပိုင်ကုမ္မဏီမှ သိမ်းဆည်းထားသော မြေများအား ပေါင်းကြည့်ပါက မြေဧကပေါင်း (၅၀၀၀၀) ကျော်ထိ သိမ်းပိုက်ထားပါတယ်။ တစ်ဘက် နိုင်ငံသားများနှင့် စီးပွားရေး လုပ်ငန်းရှင်များကို မတန်မဆဈေးများဖြင့် ရောင်းစားခြင်းဟာ ဒေသဖွံ ဖြိုးရေးလုပ်တာဆိုတာ စဉ်စားကြည့်ပါ။ အများပိုင် ကုမ္မဏီကိုလေ့လာကြည့်ပါ စီးပွားရေအမြင်ရှိသော လုပ်ငန်းရှင် အများဆုံး ပါဝင်သောအဖွဲ့ ဖြစ်ခြင်း၊ ဦးခင်စိုး ဦးစီး ပြီးဆောင်ရွက်မှုများက ဒေသတွင်း ဆိုးကျိုးကောင်းကျိုးကို တွက်ဆမှုမရှိဘဲ မြေရရင်ပြီးရော ပိုင်တယ်ဆိုပြီး လုပ်ချင်တာကို မိုက်မိုက် ကန်းကန်း လုပ်နေသူများသာ ဖြစ်ပါတယ်၊ 

ဒေသဖွံ့ဖြိုးရေးကို တကယ် လုပ်ချင်တယ်ဆိုရင် လယ်သမားတွေ၊ စိုက်ပျိုးရေးသမားတွေကို ငွေချေးပေးခြင်းမျိုး၊ လယ်ယာသုံး ပစ္စည်းမျိုးတွေ ၀ယ်ပြီး ထောက်ပံ့ပေးတာတွေ လုပ်ပေးရမယ်၊ ပါတီကို အကြောင်းပြပြီး ဒေသတွင်းက မြေတွေ လိုက်လံ သိမ်းဆည်းခြင်း၊ သူအနေနဲ့ သိမ်းဆည်းထားသော မြေများကိုလည်း အများပိုင်တွင် အစုရှယ်ယာအဖြစ်ထည့်ဝင်ခြင်း၊ ပြည်ခိုင်ဖြိုး ပါတီဝင်တွေအနေနဲ့ အများပိုင် ကုမ္မဏီထူးထောင်ပြီး ပါတီအတွက် အစုရှယ်ယာထည့်ခြင်း တော့ မလုပ်သင့်တဲ့ကိစ္စပါဘဲ၊ ဒါကြောင့် ထားဝယ်အသင်းဥက္ကဌ၊ အဏ္ဏ၀ါလွမ်းကုမ္မဏီ ဥက္ကဌ၊ လည်းဖြစ်တဲ့ ဦးခင်စိုး၊ ကိုယ်ကျိုးတစ်ခု တစ်တည်းကိုဘဲ ကြည့်တဲ့သူကို ဘယ်လိုလုပ်ပြီး ကျွန်တော်တို့ ယုံကြည်ရမလဲ၊ ကျွန်တော်တို့ အစုရှယ်ယာ ထည့်တာ မှားပြီထင်ပါတယ်။ ထားဝယ်သားထဲမှာ ခမ်းပဲ့ပဲ့ပါဘဲ။
ကျောက်တွင်းအနီးမြေ..
ရေနက်ဆိပ်ကမ်း ပြုလုပ်မှုကြောင့် ဒုက္ခရောက်ရတဲ့ ကျေးရွာ(၁၆)ရွာက ရွာသားတွေ ရပိုင်ခွင့်တွေကို ဘာလုပ်ပေးသလဲ သူတို့လဲ ထားဝယ်သားတွေဘဲ သူတို့လျော်ကြေး ရတာဘဲဆိုပြီး ပစ်ထားလို့မရဘူး၊ စောင့်ရှောက်ပေးရမယ်။ ထားဝယ်မှာ ဖွံ့ဖြိုးရေးလုပ်ချင်တယ်၊ ထားဝယ် သားပါလို့ ကိုယ်ကို ကိုယ် သတ်မှတ်ရင် အရင်ကတည်းက ထားဝယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ပါလာ ..ရန်ကုန်မှာ မှောင်ခိုလုပ်ပြီး စီးပွားရှာတယ်၊

ထားဝယ်မှာ လုပ်ရင် ထားဝယ်သားတွေ အလုပ်အကိုင်တွေ တောင်ရသေးတယ် ... စီးပွားရေးအမြင်နဲ့ နောက်ဆုံးတင်ပြရရင် ခင်စိုးဟာ ထားဝယ် မှာ ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြကာ စီးပွားရှာရန်အတွက် မြေသိမ်းဆည်းမှုများ လုပ်ဖို့ရည်ရွယ် တာဘဲ.....စာရင်းရှင်းတမ်း အတိအကျကို ကျွန်တော်တို့လို ရှယ်ယာ ရှင်တွေကို လုပ်ငန်း အတိအကျ ချပြနိုင်မလား....ဖွံဖြိုးရေး အကြောင်းပြပြီး ကျန်ငွေများကို ပေးသလောက် ယူတာမျိုးတော့ ထားဝယ်သား အချင်းချင်းအပေါ် လုပ်တာမျိုးတော့ လက်ခံဖို့မဖြစ်နိုင်ပါဘူး
ဟိုတယ်ဇုံမြေ..
အများပိုင်ကုမ္မဏီမှ သိမ်းဆည်းထားသော မြေများကို လက်ရှိအစိုးရ လက်ထက်မှာ မလုပ်ဖြစ်အောင် တားဆီးရမှာဘဲ၊ စိတ်ဓါတ် မကောင်း တဲ့သူ၊ ကိုယ်ကျိုး တစ်ခုတည်းကြည့်တဲ့ သူမျိုးကို ခေါင်းဆောင်တင်ရင် ငါးပါးမှောက်ကုန် မှာဖြစ်တဲ့အတွက် စိတ်ဓာတ် မကောင်းတဲ့ကောင် ခင်စိုးကိုတော့ ခေါင်းဆောင်နေရာမှ မထားဘဲအခြား ထားဝယ်သားထဲမှာ ခေါင်းဆောင်ကောင်း တစ်ယောက်ကို တင်မြောက်ဖို့အတွက် အဖွဲ့အစည်းအနေနဲ့ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ထားဝယ်ကိုချစ်တဲ့ ငါတို့ ထားဝယ်သားတွေ ပိုင်တဲ့မြေကို တိုင်းတပါးသားတွေ ဆီကို အရောက်မခံ နိုင်ရေးအတွက် အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းကြပါ၊ ပြည်ခိုင်ဖြိုးပါတီဝင် အများဆုံး ပါဝင်သော ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီမှ မတရားမြေ သိမ်းဆည်း မှုများကိုလည်း ကန့်ကွက်၊ တိုက်ဖျက်ကြပါစို့လို တိုက်တွန်း လိုက်ရပါတယ်။