This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Sunday, August 18, 2013
စိတ်ပညာရှင်တွေအကြံပြုတဲ့ သင့်ကိုပျော်ရွှင်စေနိုင်တဲ့အရာများ
Sunday, July 21, 2013
အကြောအခြင်တွေ ကိုက်ခဲနေရင် ဘယ်လိုလုပ်မလဲ
အံ့ဖွယ်ကျောက်ချဉ်
ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့
ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရား
နဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။
ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။
မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။ အစာကိုကြေ စေသည်။ သည်းခြေအားနည်းသည်ကို
လည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။ သွေး၊ သည်းခြေ၊ လေ၊ သလိပ်
တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ တွင် ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်
ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊
မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို နိုင်၏ လို့ ဆိုထားပါတယ်။
ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့ တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေ
တဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ချဉ်၊ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကို
အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)
ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။
ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊ အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့
သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။ ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲ
တမ်း ဆောင်ထားလေ့ရှိပြီး ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။
ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ စာအုပ်မှ ကောင်းနုတ်ထားပါသည်။
ဆေးဖက်ဝင် ပင်စိမ်းပင်
ဟာ ထင်ရှားပါတယ်။ ပင်စိမ်းနဲ့ ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်း
တနားတွေ့ရမှာဖြစ်ပါတယ်။
ပင်စိမ်းပင်ကို ညွန်းပါတယ်။
ဟိန္ဒူ ဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင် အကြောင်းကို အများကြီးတွေ့ ရပါတယ်။
ပင်စိပ်းပင်ဟာ ဗစ်ရှနူး(vishnu) လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကို
ပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ပန်းပင်အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကို ပူဇော်ခဲ့ရင် ချမ်းသာကြွယ်
ဝတာ၊ကျန်းမာတာ၊ ပျော်ရွှင်တာ၊ အခြွေအရံပေါများတာ……စတဲ့ အကောင်း လောကဓံနဲ့ ကြုံရ
ဆုံရပြီး ဗိဿနိုးနတ်မင်းကြီးရဲ့ စောင်ရှောက်မှုကိုလည်း ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။
အထူးသဖြင့် ပင်စိမ်းပင်ကို အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများ ပူဇော်ပါတယ်။
ဒီလို့ ပူဇော်တဲ့ အတွက် အိမ်ထောင်ရေး သာယာစေတယ်၊ လင်ယောကျာင်္းကျန်းမာပြီး မိမိပေါ်
သစ္စာ ရှိစေတယ်၊ ချမ်းသာကြွယ်ဝစေတယ်၊ လိမ္မာတဲ့ သားသမီးတွေ ရစေတယ်လို့
စွဲမှတ်ယုံကြည်ကြပါတယ်။
ဒါ့ပြင် ပင်စိမ်းပင်ဟာ သီတာဒေဝီရဲ့ နိမိတ်ပုံဖြစ်တာမို့ ရာမာယဏဇာတ်တော်ကြီးနဲ့ ဆက်နွယ်နေပြန်ပါတယ်။
ပင်စိမ်းပင်ကို ခရစ်ယာန် ဘာသာဝင်တွေကလည်း Holy Basil လို့ခေါ်ပြီး အထွတ်အမြတ်ထားကြပါတယ်။
ရှေးခေတ် ရောမနဲ့ ဂရိတိုင်းသားတွေကလည်း မြတ်နိုးပသခဲ့ကြကြောင်း မှတ်တမ်းတွေရှိပါတယ်။
ပင်စိမ်းပင်ဟာ ယေရှုခရစ်တော်ရဲ့ ဂူပေါ်မှာပေါက်ရောက်တဲ့ အတွက် မြင့်မြတ်တဲ့ အပင်လို့ သတ်မှတ်ကြပါတယ်။ စိန့်ဘေးဆဲလ်နေ့ (Saint Basil Day)မှာပင်စိမ်းကိုင်းကလေးတွေ
ကိုယ်စီကိုင်ဆောင်ပြီး ဘုရားရှိခိုးကျောင်းကို သွားကြပါတယ်။ဘုရားကျောင်းက အပြန်မှာ ပင်စိမ်းကိုင်းကလေးကိုပြန်ယူလာခဲ့ကြပါတယ်။ ပင်စိမ်းရွက် တချို့ကို ခြွေပြီး မိမိတို့အိမ် ကြမ်းပြင်ပေါ်
ဖြန့်ကြဲကြပါတယ်။ ဒီလိုလုပ်ရင် ဘေးရန်တွေကို ကာကွယ်နိုင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ယုံကြည်ကြပါတယ်။
ပင်စိမ်းပင်ဟာ ဘာသာရေးအရ အထွတ်အမြတ်ထားရတဲ့ အပင်ဖြစ်သလို ကျန်းမာရေး အတွက်လည်း အထူးအားကိုရတဲ့ ဆေးပင်ဖြစ်နေပါတယ်။
အိန္ဒယနိုင်ငံ က ပဒုမုတ္တရပူရာတာဆိုတဲ့ ကျမ်းကြီးမှာ မိမိတို့ အိမ်၊ ခြံဝင်းအတွင်းပင်စိမ်းပင်စိုက်ပျိုးထားဖို့ လမ်းညွန်ထား ပါတယ်။ အဲဒီလိုစိုက်ထားရင် မြေသန့်ပြီးသားဖြစ်သွားတဲ့ အတွက် အန္တရာယ်အပေါင်း ကပ်ရောဂါတွေ မကျရောက်၊ မကပ်ငြိနိုင်ဘူးလို့
ဆိုထားပါတယ်။ ပင်စိမ်းရဲ့ ရနံ့ဟာ လေကို သန့်ပြန့်စေတယ်လို့လည်း သိရပါတယ်။
၁၉၀၄ ခုနှစ်က အိန္ဒယနိုင်ငံမှာ ဝိတိုရိယဥယျာဉ်ကြီးနဲ့ အဲလ်ဘတ် တိရစ္ဆာန်ရုံကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီနေရာဟာ ရေမြေကလည်း ကြမ်းလှတာမို့ အလုပ်သမားတွေ အဖျားအနာ များလှပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပြီး အပျက်အစီးလည်းများလှပါတယ်။
ဒီအခါ ဟိန္ဒူအလုပ်သမား တစ်ဦးက ပင်စိမ်းပင်တွေစိုက်သင့်ကြောင်း အင်္ဂလိပ်အာဏာ
ပိုင်တွေကို အကြံပြုပါတယ်။ အာဏာာပိုင်တွေက သဘောတူပြီး အဲဒီ ဥယျာဉ်ကြီိးထဲမှာ ပင်စိမ်းပင်စိုက်ခင်းတွေကို ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက် စိုက်စေပါတယ်။
ထူးထူးခြားခြားပဲ ငှက်ဖျားရောဂါကင်းစင်သွားပါတယ်။
၁၉၀၇ ခုနှစ်က ကျင်းပ ခဲ့တဲ့ Imperial Malaria Conference မှာ ပင်စိမ်းပင်ကို
ငှက်ဖျားရောဂါ ပျောက်စေတဲ့ ဆေးပင် အဖြစ် ကြေညာခဲ့ပါတယ်။
ပင်စိမ်းပင်မှာလည်း အမျိုးအများကြီးရှိပါတယ်။ ပင်စိမ်းကြီး၊ ပင်စိမ်းငယ်၊ ပင်စိမ်းရိုင်း၊
ပင်စိမ်းယဉ်၊တောပင်စိမ်း၊ ပင်စိမ်းဖြူ၊ ပင်စိမ်းညို၊ ပင်စိမ်းနက်၊
ရွက်ကြီးပင်စိမ်း ….စတာတွေ အမျိုးမျိုးပါပဲ။
ရိုးရိုးပင်စိမ်းကိုပဲ အသုံးများပါတယ်။ သူရဲ့ ရုက္ခဗေဒ အမည်ကတော့ Ocimum Sanctum ဖြစ်ပါတယ်။
ဆေးတစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပါတယ်။
မြန်မာဆေးကျမ်း တစ်စောင်ဖြစ်တဲ့ ရသဓာတုဆေးကျမ်းမှာ မုချမတိမ်း၊ရွက်ပင်စိမ်းကား၊ မငြိမ်းထပ်တူ၊ပူသည်သဘော၊ သက်သောအခိုး၊ သို့အကျိုးကြောင့်၊ စားမျိုးအစာ၊
ကြေစေရာ၏။ မှန်စွာလည်းကောင်း၊ဝမ်းမီးကောင်းမှ၊ မုခ ခံတွင်း၊ မြိန်ခြင်းရသာ၊
အသံသာလျက်၊ထွက်သက်ကြူးလွန်၊ ထန်သောအနာ၊ ရသာပျက်ကင်း၊ ထမင်းညီးပေ၊ ငြိမ်းစေရရှင့်၊ သေမှ ဝါတာ၊ထိုးကြိတ်စွာသား၊ အနာကင်းလွတ်၊ မှတ်၏ မှတ်လော့ …
လို့ ဆေးအကျိုးသွားတွေ ရေးသားထားတာ တွေ့ရပါတယ်။
ပင်စိမ်းပင်ကို ကမ္ဘာနဲ့ တစ်ဝန်း အများဆုံး အသုံးပြုတာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ အတွက် ပဲဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ အစာအိမ်ရောဂါတွေကို ပျောက်စေပါတယ်။ အစာလည်းကြေစေပါတယ်။ သည်းခြေကိုလည်း ထက်မြက်စေတာမို့ အဆိဓာတ်တွေကြေကျက်ရာမှာ
အကျိုးပြုပါတယ်။ အူတွင်းနေ ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကိုလည်း ရှင်းလင်းစေပါတယ်။ အဖျားဝေဒနာဖြစ်ရင်လည်း ကိုယ်ပူကျပြီး အခိုးရစေပါတယ်။ ဒါပြင် ခရုသင်းရောဂါ၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေလည်း ပျောက်စေပါတယ်။
ပင်စိမ်းကို ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ နားပြည်ယိုရောဂါတွေ အတွက်လည်း အုံဆေး၊ ထည့်ဆေး၊ အဖြစ် သုံးနိုင်ပြန်ပါတယ်။
ပင်စိမ်းရွက်တွေကို ရေသန့်သန့် နဲ့ ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်တဲ့ အနာလုံးကြီဒတွေ၊
အကျိတ်တွေပေါ်မှာ အုံပေးရင် အရောင်လျော့ပြီး အမြစ်လည်း အမြန်ကျွတ်ထွက်ပါတယ်။
အသားနုတက်ပြီး အနာကျက်လည်းမြန်ပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ မိတ်ပေါက်၊ယားနာထ၊
ပွေးပေါက်၊ဝဲခြောက်ပေါက် စတာတွေ ဖြစ်ရင် ပင်စိမ်းကို သောက်လည်းသောက်၊ ပင်စိမ်းရွက်က
ညှစ်ယူလို့ရတဲ့ သတ္တုရည်ကို သံပရာရည်နဲ့ ရောပြီး လိမ်းပေးရင် အမြန်ပျောက်ကင်းစေပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆူရှားမား (Sushama) ဆိုတဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒီဆေးက လိမ်းဆေး၊
သောက်ဆေးနှစ်မျိုးလုံးပါပြီး နှင်းခူရောဂါအတွက် သီးသန့် ဖော်စပ်ထားတာပါ။ အဲဒီဆေးရဲ့ အဓိက ဆေးမည်က ပင်စိမ်းပင်ပါ။ နှင်းခူဝေဒနာရှင်တွေကို အဲဒီဆေးနဲ့ သိပ္ပံနည်းကျ
ပေးကျွေးကုသ၊ သုတေသနလုပ်ကြည့်ရာမှာ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းချမ်းသာ
ကြောင်းတွေရပါသည်။
နောက်စမ်းသပ်မှု တစ်ခုကတော့ အိန္ဒိယနိုင်ငံ၊ မဟာရပ်စစ်ပြည်နယ်၊ ဘန်ဒိုရဝါလ အနာကြီးရောဂါဆေးရုံ ( Bandorawala Leprosy Hospital ) မှာ ပြုလုပ်တာ ဖြစ်ပါတယ်။
ပင်စိမ်းကို စားဆေး၊ လိမ်းဆေး တွေ အဖြစ် စီမံပြီး အနာကြီးရောဂါနှစ်မျိုးဖြစ်တဲ့ အစိုမျိုးကိုရော
၊အခြောက်မျိုးကိုပါ ပေးကျွေးကုသ စမ်းသပ်ပါတယ်။ လူနာတွေကို ရက်၁၅၀ ကြာအောင် ပေးကျွေး ကုသပြီး နည်းစနစ် တကျ တွက်ချက်ကြည့်တဲ့ အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။
သိပ္ပံဝေါဟာရ အနေနဲ့ Statistically significant ဖြစ်တယ်လို့ ဆိုပါတယ်။
ပင်စိမ်းကို အခြောက်မှုန့်ပြုပြီး ရှုဆေးအဖြစ် စီမံ၊ ရှုကြည့်စေတဲ့ အခါ ထိပ်ကပ်နာ အပြင် Ozoena လို့ခေါ်တဲ့ နှာခေါင်း အတွင်းမြှေးခြောက်ပြီး ရှုံ့သွားတဲ့ ရောဂါပါ
ပျောက်ကင်းစေတာ တွေ့ရပါတယ်။
ပင်စိမ်းကို ပျားရည်နဲ့ ဖျော်ရည်အဖြစ် စီမံပြီး သောက်စေတဲ့ အခါ မျက်နှာ အသားအရေ နူးညံ့ချော မွတ်တယ်။
အိန္ဒိယ၊နီပေါ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊
မော်ဒယ်တွေ ယုံယုံကြည်ကြည်နဲ့ အမြဲစွဲပြီး သုံးဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဖျော်ရည်ဟာတုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဒါပြင် ငှက်ဖျားမဖြစ်အောင်၊ ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်ပေးတာလည်း
တွေ့ရပါတယ်။ ဒါကြောင့် ငှက်ဖျားတောထဲမှာ တာဝန်ထမ်းဆောင်နေရသူတွေ၊
ဝမ်းရောဂါဖြစ်ပွားနေတဲ့အရပ်မှာ ရောက်နေတဲ့သူတွေဟာ ပင်စိမ်းရွက် ငါးပဲသားကို
ပျားရည်နဲ့ ဖျော်ရည်လုပ်ပြီး နေ့စဉ် မှန်မှန် သောက်ပေးရင် အဲဒီရောဂါတွေဘေးက ကာကွယ်ပြီးသား
ဖြစ်ပါတယ်။
နားကိုက်တဲ့ အခါ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်ကို မီးအုံးပြီး နားထဲကို
အရည်ညှစ်ထည့်ပေးရင်ပျောက်ကင်း စေပါတယ်။
ကလေးသူငယ်တွေ လေထိုးလေအောင့်ဖြစ်တဲ့ အခါ၊ သန်ထပြီး ဗိုက်နာတဲ့ အခါ ပင်စိမ်းရွက်ရည်နဲ့
ချင်းစိမ်းရည် ရောစပ်ပြီး သကြားလေး နည်းနည်းစပ်လို့ တိုက်ပေးရပါတယ်။ ပင်စိမ်းရွက် သတ္တုရည်ဟာအူတွင်းကပ်းတွေဖြစ်တဲ့ သန်ကောင်၊ တုတ်ကောင်တွေကို လည်း
သေစေပါတယ်။
ချောင်းခြောက်ဆိုးတာ၊ အဆုတ်လေပြွန်ရောင်တာ တွေဖြစ်ရင် ပင်စိမ်းရွက် သတ္တုရည်၊ ချင်းစိမ်းသတ္တု
ရည်၊ ကြက်သွန်နီသတ္တုရည်……. စတဲ့ အရည် သုံးမျိုးစပ်ပြီး သောက်ပေးရပါတယ်။ သတ္တုရည်ဆိုတာ ပင်စိမ်းရွက်ကို ညှစ်ယူလို့ရတဲ့ အရည် ၊
ချင်းစိမ်းကို ထုထောင်းပြီး ညှစ်ယူလို့ ရတဲ့ အရည်၊ ကြက်သွန်နီ
ကို မညက်တညက် ထုထောင်းပြီး ညှစ်ယူလို့ရတဲ့ အရည်တွေကို ခေါ်တာပါ။ အဲဒီ သတ္တုရည် သုံးမျိုးကိုစပ်ပြီး သောက်ပေးရင် သလိပ်ရ၊ရင်ချောင်ပြီး၊ချောင်းဆိုးလည်း အမြန်ပျောက်စေပါတယ်။တင်းတိပ်၊မှဲ့ခြောက်၊ခရုသင်း စတဲ့ အရေပြားပေါ်က အစက်အပြောက်တွေ ၊ အကွက်တွေကို ပျောက်တဲ့
ဒေါက်တာအောင်နိုင် (ဆေးသုတေသန)
Saturday, July 20, 2013
ညမအိပ်စက်မီ လက်ကိုင်ဖုန်းနှင့် tablet သုံးသူများ သတိထား
ဖြစ်လာနိုင်ပါသည် ။
သင်သည် ညမအိပ်မီ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များ သုံးလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ အဝေးတွင် ထားရှိပြီး အသုံးပြု
သင့်ကြောင်းကို သုတေသီ များကလည်း အကြံပြု ထားပါသည် ။
ညဖက်တွင် အသုံးပြု နေသော အိုင်တီပစ္စည်းများ၏ မျက်နှာပြင်မှ အလင်းတန်းများကြောင့် ဖြစ်ပါတယ်။ မျက်စိ အမြင်အာရုံကို
အယ်လ်အီးဒီမီးရောင် ရိုတ်ခတ်သဖြင့် လူကို အိပ်ပျော်စေသည့် မေလာနင် ဟိုမုန်းဓာတ်ကို ပျက်ပြယ် သွားစေပြီး အိပ်ချင်စိတ် ပျောက်သွား
တက်ပါသည် ။
လူတစ်ယောက်သည့် အိပ်ချင်စိတ် ပျောက်သွားခဲ့လျှင် မျက်စိကြောင်ခြင်းနှင့် အတူ အိပ်စက်ခြင်း မရတော့ပါ ။ထိုကဲ့သို့
အိပ်စက်ခြင်း ပျောက်လာသည့် ညအချိန်များစွာ ဖြစ်လာခဲ့လျှင် လူ့ကျန်းမာရေးကို ဆိုးရွားစွာ ဖြစ်ပေါ် လာနိုင်ပါသည် ။
အိပ်ရေးပျက်လျှင် ရေရှည်တွင် အဝလွန်ရောဂါနှင့် ဆီးချို ၊ နှလုံး ၊ စိတ်ကျရောဂါများ အစ လူကြီးများတွင် လေဖြတ် ရောဂါအထိ
ရရှိနိုင်ပါသည် ။
ဒါကြောင့် သင်သည် မဖြစ်မနေ အိုင်တီပစ္စည်များကို ညပိုင်း အိပ်စက်ခြင်း မပြုမိ အသုံးပြုလေ့ ရှိလျှင် မျက်စိမှ ၁၂ လက်မခန့်  အကွာ
အဝေးတွင် ထားရှိပြီး အသုံးပြု သင့်ကြောင့် တင်ပြရင်း အသက်ရာကျော် ရှည်ပါစေ ။
မူရင်း...သတင်းလေးများဆုံဆည်းရာ မှ ကူးယူဖော်ပြပါတယ်။
နှလုံး ကျန်းမာရေး အတွက် သင်မသိ သေးသော နည်းသုံးမျိုး
(၁) အမျှင်ဓာတ် မှီဝဲပါ
အမျှင်ဓာတ်ကို စားပေးတာက အစာခြေ စနစ် ကျန်းမာ တိုးတက်ရေး အတွက် ကောင်းတဲ့ အပြင် နှလုံးသွေးကြောဆိုင် ရာ ကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ သင့်အနေနဲ့ ဟင်းသီးဟင်းရွက် တွေနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာကို စားပေးတဲ့နည်းနဲ့ အမျှင်ဓာတ် ကို အပြည့် အဝ ရရှိနိုင်ပါတယ်။
(၂) သရေစာကို မှန်မှန်ကန်ကန်စားပါ
သင်စားမယ့်သရေစာက သင့်နှလုံး အတွက် တကယ်ကို အကျိုးရှိရဲ့လား။ ထပ်ခါတလဲလဲ အသုံးပြုထားတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဆီကြော်စာ၊ တာရှည်ခံ အောင် ပြုပြင်ထားတဲ့ အစာနဲ့ ထရန့်စ် ဖက်စ်များစွာ ပါဝင်တဲ့ အစာ(ဥပမာအာလူး ချောင်းကြော်)တွေကို စားမယ် ဆိုရင် နှလုံးကျန်းမာရေးကို ထိခိုက်စေ နိုင်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာ ရေး ကောင်းမွန်ဖို့အတွက် သစ်သီးတွေ၊ အခွံမာတဲ့ အစေ့အဆန်တွေ၊ ဟင်းသီး ဟင်းရွက်တွေနဲ့ တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေး ဖို့ လိုအပ်ပါတယ်။
(၃) ငါးစားပါ
နှလုံးကျန်းမာရေးကောင်းချင်ရင် အဆီများတဲ့ အသားကို မစားသင့်ပါဘူး။ အဆီများတဲ့ အသားအစား ငါးကို စားပါ။ ဆယ်လ်မွန်ငါးလို အဆီများတဲ့ ငါးတွေ မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်တာ ကြောင့် နှလုံးသွေးကြောကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် သွေးဖိအားကို လည်း လျော့ကျစေပါတယ်။
သံပုရာသီး အစွမ်းအံ့မခန်း (မိန်းကလေးများ ဖတ်သင့်သည်)
ကျွန်တော်သူငယ်ချင်းများကို မျှဝေပေးချင်တာက သံပုရာသီးရဲ့ အသုံးဝင်ပုံ၊ အကျိုးရှိပုံ တွေကိုမျှဝေပေးချင်ပါတယ်ခင်ဗျာ
ခံတွင်း ကျန်းမာရေး
သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။
နှုတ်ခမ်းကွဲခြင်း
မျက်နှာလိမ်းခရင်မ်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။
ဆံပင်ကျွတ်ခြင်း
အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။
ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်
ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။
တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။
အသားအရေခြောက်သွေ့ခြင်းအတွက်
ငှက်ပျောသီးမှည့်တစ်လုံးကိုယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။
နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊
တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။
အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။
တံတောင်ဆစ်မည်းခြင်းအတွက်
သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ
တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။
လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်
သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။
ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။
ခြေထောက်
သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။
နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး
ပူပြင်းခြောက်သွေ့တဲ့နွေရာသီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် ...... သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …
- သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊
- သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။
- ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။
- သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။
- သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။
- သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။
- သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။
- ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။
- သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။
- သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။
- သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။
- ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။
- သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။
- သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။
- အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။
- သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။
- မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။
- ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။
- သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။
- သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။ ( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )
စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊
ပိန်နေသူများ ၀စေသည်
ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။
အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။
ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး။
ဝနေသူကို ပိန်စေသည်
ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..
ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…
ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်
မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...
ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..ပါဝင်တဲ့ ပစ္စည်းတွေကတော့...
- သံပုရာသီး၊
- အုံးဆီ၊
- ဆေးပူ(ဒဏ်ကြေလိမ်းဆေး)
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...
အသုံးပြုနည်း
ညအိပ်ယာဝင်ခါနီးတိုင်း... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...















