Popular Posts

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ပညာပေးဆောင်းပါး. Show all posts
Showing posts with label ပညာပေးဆောင်းပါး. Show all posts

Wednesday, April 30, 2014

ယောက္ခမအကြိုက် စကား (၆) ခွန်း



လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာက ပိုများတတ်ပါ တယ်။ ဒီနေ့ တော့ ဘာရယ်မဟုတ် အင်တာနက်ထက်မွှေနောက်ကြည့်ရင်း တွေ့မိတာလေးတစ်ချို့ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မုန့်လာကျွေးနော်။ အဓိက လူတွေမှာ လိုအပ် တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာ က ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြ ရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။ ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့ လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင် အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေါ့ ။

၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။ ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို
့ သူ့ကို ဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ် မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထား တာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ် ဆိုတာမျိုး။

၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။ ဒီစကားကိုတော့ ယောက္ခမ အင်္ကျီ အသစ်ဝတ်တဲ့ အခါမျိုးတွေ မှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အ၀တ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။

၎) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။ ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ် မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀ ၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာ မျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေါ့နော်။

၅) အမေပြောတာလည်း ဟုတ်တာပဲ။ ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင် ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုး စဉ်းစားထားတယ် အမေလည်း ၀ိုင်းအကြံပေးပါဦး ဆိုပြီး နောက်ဆက်တွဲ စကားကို ပြီး မှဖြည့်ပြောပေးပါ။

၆) အရမ်းဝယ်တတ်တာပဲ ။ ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူး စကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေ၀ယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေ၀ယ်ရင်ကို ဈေး သည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သာသွားနိုင်တာပေါ့။

မနုဿ ရဲ့ စာမျက်နှာလေးများ

Wednesday, April 23, 2014

EQ လား IQ လား (ကောင်းထက်)

 ကျွန်တော်တို့နိုင်ငံမှာ IQ မြင့်တဲ့သူတွေတော်တော် များများရှိပါတယ်။ ဒါပေမဲ့
အများစုကတော့ ဘ၀မှာ မအောင်မြင်ဘဲ ရိုးရိုးသာမာန်ဘ၀နဲ့ ဘဲ
ပြီးဆုံးသွားကြတယ်။ ဒါဟာ IQ မြင့်တိုင်းလည်း ခရီးမပေါက်တာတွေ့ ရတယ်၊ဘ၀မှာ
အောင်မြင်ဖို့ EQ ဆိုတာလည်း အရေးကြီးပါတယ်။ EQ ဆိုတာ ဘာလည်းနဲ့ 
ဘယ်လိုမြင့်အောင်လုပ်မလဲ ဆိုတာ အောက်က ဆောင်းပါးလေးက ရှင်းပြပါလိမ့်မယ် ။

EQ လား IQ လား (ကောင်းထက်)

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(EQ)ဖြစ်ကြောင်း
အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက
ဖော်ထုတ်ပြောကြားခ့သဲ ည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို
သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊
(EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။

ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည်
နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊
အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး
ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက
အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည်
လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခ့ရဲ ကြောင်း
နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။


(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော
သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။ နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -

(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)

(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)

(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)

(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားင့ညဲာနိုင်စွမ်းရှိခြင်း (Compassion)

(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)

(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking)

စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။
ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။
နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက်
နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ

နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။

သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏
လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင်
သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့်
အဓိပ္ပါယ်သဘောပင်ဖြစ်သည်။

နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့်
ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊
ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို
တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။

ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။

နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။
စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ
မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။
ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား
ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။

ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခ့သဲူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင်
ကြီးပြင်းခ့သဲူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။
ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု
မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။


ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က
အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ်
ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည်
ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင်
ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး
နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။
ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။


နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင်
မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို
တင်ပြပါမည်။

နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။

(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။

(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။

(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။

(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။


(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။
အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။

(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။

(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။

(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။

ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။
သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည်
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း
ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။


မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန်
ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့်
အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။

လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။

သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင်
သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ
ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော
ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။

လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်

Credit to :  ခွန်အားရှိသောစာ

Saturday, July 20, 2013

အပြောင်းအလဲများ၏ နောက်ကွယ် (အသိပညာပေးဆောင်းပါး)

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ် အားဖြင့် (၅၀) ကျော်လောက်ရှိသော ဦးမိုးဟု အမည်ရသော ကျွန်ုပ်နှင့် မိတ်ရင်းဆွေရင်းများပမာ လွန်စွာရင်းနှီးသော လူကြီးတစ်ဦးသည် ကျွတ်ကျွတ်အိပ်ဖြင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကို ဆွဲကာ ကျွန်ုပ်၏ ဗေဒင်ဟောခန်း အတွင်းသို့ ၀င်ရောက်လာလေတော့၏။ ၎င်းဦးမိုးသည် အခန်းတွင်းသို့ ရောက်လျှင် ဘုရားရှင်အား ၀တ်ပြုပြီးနောက် ကျွန်ုပ်ဘက်သို့လှည့်ကာ “ ဆရာရေ... မြန်မာပြည်ကို ပြန်သွားတာ။ တစ်လလောက် နေခဲ့တယ်။ အဲဒါ ပြန်လာတော့ ဆရာလေးအတွက် လက်ဆောင်ယူလာပြီး လာပေးတာ”ဟု ပြောဆို နှုတ်ဆက်လေတော့၏။

ထိုအခါ ကျွန်ုပ်က “ ဟာ ... ဦးမိုးတို့ မြန်မာပြည်ကို ပြန်သွားတာ ကံကောင်းတာပေါ့ဗျာ။ ကျွန်တော့်တောင် အသိမပေးဘူး၊ ဘာလဲ အပြီးပြန်တာလား၊ ခန ပြန်တာလား။ ဘာလို့ ထိုင်းနိုင်ငံကို ပြန်တက်လာခဲ့တာလဲ။ မြန်မာပြည်ကို ပြန်မယ့်ပြန်တော့လည်း အပြီးပြန်ရောပေါ့ဗျာ။ သူများနိုင်ငံကို တစ်ခေါက်ပြန်လာရ သေးတယ်လို့။ ကျွန်တော်တို့ကတော့ မပြန်ရင်တော့ မပြန်ဘူးဗျို့၊ ပြန်ပြီးဆိုရင်တော့ တစ်ခါတည်းကို ပြန်လိုက်မှာ။ လုံးဝကို နောက်ကြောင်း ပြန်မလှည့်တော့ဘူး။

ပြီးတော့ အခုအချိန် ပြန်ရတာလည်း အရမ်း ကောင်းတာပဲဗျ။ ကျုပ်တို့ ရွှေနိုင်ငံကြီးကလည်း အရင်တုန်းကနဲ့ လုံးဝ မတူတော့ဘူး။ အပြောင်းအလဲကြီး ပြောင်းလဲနေကြပြီ ဆိုသကိုး။ နေ့တိုင်းလည်း တိုးတက်နေတဲ့ သတင်းတွေကလည်း မရိုးနိုင်အောင် မြင်တွေ့ကြားသိ နေရတာကိုး။ ကျွန်တော်ဖြင့် ကိုယ့်နိုင်ငံအတွက် ၀မ်းသာလှဗျာ။ ဦးမိုးက မြန်မာပြည်ကို ပြန်လိုက်ရတော့ မျက်မြင်ကိုယ်တွေ့ ဖြစ်လာတာဆိုတော့ ပြောပြပါဦး ဗျာဟု ကျွန်ုပ်က ၀မ်းသာအားရ လေသံဖြင့် မေးလိုက်လေတော့၏။

ဟုတ်ပါတယ် ဆရာလေး။ အပြောင်းအလဲတွေကတော့ ပြောမဆုံးပေါင်-တောသုံးထောင်လို့ ပြောရမယ်။ တော်တော်ကြီးကို ပြောင်းလဲသွားတာပါ။ ဒီနေရာမှာ အပြောင်းအလဲက နှစ်မျိုးရှိတာပေါ့။ တစ်ခုက သိသိသာသာ ပြောင်းလဲလာတာ၊ အခုချက်ချင်း မျက်မြင်ကိုယ်တွေ့ ပြောင်းလဲတာ။ နောက်တစ်ခုကြတော့ မှန်းဆကြည့်ရတာ။ လက်ရှိအနေနဲ့ကတော့ ဘာမှ မမြင်ရသေးဘူးပေါ့။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် အရမ်း သိသိသာသာ ပြောင်းလဲလာမှာကို မှန်းဆကြည့်လိုက်ရင် သိရတယ်။ ဥပမာ ထားဝယ်ရေနက် ဆိပ်ကမ်းလိုမျိုးပေါ့။ အခုလောလောဆယ် သွားကြည့်ရင်တော့ လုပ်ငန်းခွင်တွေ စီမံကိန်းတွေကိုပဲ တွေ့မြင်ရမှာပေါ့။ ဒါပေမယ့် နောင်တစ်ချိန်ကို တွေးကြည့်လိုက်ရင် ဒီဒေသဟာ အဆမတန်ကို တိုးတက် ပြောင်းလဲသွားမှာပဲ မဟုတ်လား ဆရာလေးရယ်ဟု ပြောလေ၏။

ထို့နောက် ဦးမိုးက ဆက်လက်၍ “အပြောင်းအလဲတွေကတော့ ခုနက ပြောသလို တော်တော်များပါတယ်။ ကျန်းမာရေး ပညာရေး ဆက်သွယ်ရေး အလုပ်အကိုင်နဲ့ လွပ်လတ်မှု့ တော်တော်များများကြီးကို ပြောင်းလဲနေပါတယ်။ နောက် လူတွေတော်တော်များများ ကလည်း အရင်တုန်းကလို တစ်စုံတစ်ရာကို ကြောက်ရွံနေတဲ့ ထိပ်လန့်နေတဲ့ ပုံမျိုးတွေ သိတ်မတွေ့ရတော့ဘူး။ စကားပြောတဲ့ အခါမှာ သိတ်သိသာတယ်။ လွတ်လွတ်လတ်လတ် နိုင်ငံရေးအကြောင်းတွေကို ပြောဆိုနေကြတာကို မြင်ခဲ့ရတယ်။

အခုနဲ့ အရင်နဲ့က တော်တော်လေး ကွာခြားပါတယ်။ ဥပမာဆရာလေးရယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဖုံးတစ်လုံးကိုင်ဖို့ဆိုတာ သိန်း ၃၀လောက်မှ ကိုင်နိုင်တာ။ အခုဆိုရင် ၅ -သိန်း လောက်ဆို ကိုင်နိုင်ပြီ။ အခု (၅၀၀၀) ကျပ်လောက်နဲ့ တောင် ဖုံးကိုင်နိုင်တော့မယ် လို့တောင် ပြောနေကြတယ်။ ဖြစ်ပါစေလို့ ဆုတောင်းရမှာ ပဲ။ ဒါမှ ကျွန်တော်တို့လို အောက်ခြေလူတန်းစားတွေ ကိုင်နိုင်မှာ ဆရာလေးရဲ။ နောက်ပြီး ကားကိုလည်း ကြည့်ဦးမလား။ အရင်တုန်းက ကားတစ်စီးစီးနိုင်ဖို့အတွက် အိပ်မက်တောင် မမက်ရဲတာ။ အခုဆိုရင် သိန်းတစ်ရာ ပတ်ဝန်းကျင်လောက်ရှိရင် ကားစီးနိုင်ပြီ ဆရာလေးရဲ့။ အခုဆိုရင် အကြွေးစနစ်တွေတောင် စနေပြီလို့ ဆိုတာပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။

နောက် ၀မ်းသာစရာတစ်ခု ရှိသေးတယ် ဆရာလေးရဲ့။ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံလို ATM ဘဏ်ကဒ်တွေ သုံးတော့မယ်လို့ ပြောကြတယ်။ အဲဒါဆိုရင်လည်း ကောင်းတာပဲ။ ဘယ်သွားသွား ပိုက်ဆံတွေ တထပ်ကြီးကိုင် သွားစရာ မလိုတော့ဘူးပေါ့ ဆရာလေးရာ။ နောက်တစ်ခုလည်း ရှိသေးတယ်။ ဖားအံတို့ မြ၀တီတို့မှာလည်း စက်မှု့ဇုန်တွေ တည်ဆောက်မယ်လို့ ပြောတယ်။ ဒါဆိုရင် ကျွန်တော်တို့ ထိုင်းနိုင်ငံကို ရောက်နေကြတဲ့ မြန်မာပြည်ဖွား ရွေ့ပြောင်းအလုပ်သမားတွေ လုပ်စရာအလုပ်တွေ ပေါပေါက်လာတော့ ကိုယ့်မြေကိုယ့်ရေမှာ အေးအေးချမ်းချမ်း အလုပ်ပြန်လုပ်ရမှာ ဖြစ်လေတော့ ဘာပဲဖြစ်ဖြစ် အရမ်းကောင်းတဲ့ အခြေအနေတွေ မဟုတ်ပါလားဟု ပြောပြလေတော့၏။

ထို့နောက် ဦးမိုးက “ အားလုံးက သိသာ မြင်သာတဲ့ ထင်သာတဲ့ အပြောင်းအလဲတွေကို ပြောင်းလဲတာ အရမ်းကောင်းသလို တစ်ဖက်ကလည်း အရမ်းအရေးကြီးတဲ့ မဖြစ်မနေ ပြောင်းလဲပစ်ရမယ့် အပြောင်းအလဲ တစ်ခုကိုလည်း ပြောင်းလဲနိုင်အောင် ကြိုးစားသင့်တယ် ဟု ဆက်လက်ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က ဘာလဲဗျ။ အရမ်းအရေးကြီးတဲ့ မဖြစ်မနေ ပြောင်းလဲရမယ့် အရာဆိုတာ။ ဘာလဲ ပြောစမ်းပါဦးဟု ဦးမိုးအား မေးလိုက်လေရာ ဦးမိုးက အောက်ပါအတိုင်း ခပ်ပြတ်ပြတ် ပြန်ပြောလိုက်လေတော့၏။

စိတ်ဓာတ်ပေါ့ ဆရာလေးရယ်၊ စိတ်ဓာတ်ပေါ့

ထိုအခါ ကျွန်ုပ်က “ စိတ်ဓာတ်က ဘာဖြစ်လို့လည်း ဦးမိုးရယ်” ဟု ပြန်မေးလိုက်လေလျှင်

အော်... ဆရာကလည်း ကျွန်တော်တို့ မြန်မာလူမျိုးအားလုံးရဲ့ အောက်ကျတဲ့ ၊ ရေသာခိုချင်တဲ့၊ အချောင်လိုချင်တဲ့၊ သိမ်ငယ်နေတဲ့၊ ခိုကပ်ချင်တဲ့၊ ကိုယ့်ကိုကို ယုံကြည်ချက်မရှိတဲ့ အောက်ကျနောက်ကျ စိတ်ဓာတ်တွေကို ပြင်ဖို့ အရမ်းအရေးကြီးတာပေါ့။ အဲဒါကလည်း ဆရာ စဉ်းစားကြည့်ပါဦး။ နှစ်ပေါင်းများစွာ အကြောင်းအရာ အမျိုးမျိုးကြောင့် ဖိနှိပ်မှု့ အမျိုးမျိုးကြောင့် မပြည့်စုံမှု့ အမျိုးမျိုးကြောင့် အောက်ကျနောက်ကျ ဖြစ်နေတဲ့ စိတ်ဓာတ်တွေလေ ဆရာ။ အရာရာကို သိမ်ငယ်တဲ့ စိတ်တွေနဲ့ မသွားရဲ မလာရဲ မပြောရဲ မဆိုရဲတဲ့ စိတ်ဓာတ်တွေကို ပြုပြင်ရမယ်။ နောက်တစ်ခုက ရေသာခိုချင်တဲ့ စိတ်ဓာတ်တွေကို ပြင်ရမယ်။

နောက်တစ်ခု က ဘယ်အရာကိုမဆို တာဝန်မယူရဲတဲ့ ခေါင်းရှောင်တတ်တဲ့ စိတ်ဓာတ်မျိုးတွေကို ပြုပြင်ရမယ်။ နောက်တစ်ခုက ဘ၀မှာ ဘာမှ ကိုယ်ရဲ့ ကြိုးစားအားထုပ်မှု့ မပါဘဲ အချောင်လိုချင်တဲ့ စိတ်ဓာတ်တွေကို ပြုပြင်ရမယ်။ ဒါမှ လောင်းကစားတွေ တော်တော်များများ ပပျောက်သွားမှာ။ လာဘ်ပေး လ်ာဘ်ယူမှု့တွေ ပျောက်ကွယ်သွားမယ်။ အခုတော့ နှလုံး-သုံးလုံးကြောင့် ဘ၀ပျက်ကြတာ အများကြီး မြန်မာပြည်မှာ တွေ့ခဲ့ရတယ်။ အရမ်း အရေးကြီးတာက အချိန်ဖြုန်းတာပဲ။ နေ့စဉ်နေ့တိုင်း လူတွေ တော်တော်များများ လဘက်ရည်ဆိုင်တွေ အရက်ဆိုင်တွေမှာ အချိန်တွေ အဆမတန် ဖြုန်းနေကြတယ်။ အဲဒါတွေပြု ပြင်ပစ်ရမယ်။ ဒါတွေက လူသားတိုင်း ကိုယ်တိုင် လုပ်ဆောင်ရမယ့် အရာတွေ ဖြစ်တယ်။

ထိုအခါ ကျွန်ုပ်က အင်း ဦးမိုးပြောမှပဲ အကြောင်းအရာတစ်ခုကို ပြန်ပြီး အမှတ်ရမိတယ်ဗျ။ အခု ဦးမိုး တွေးတောသလို စဉ်းစားသလို လွန်ခဲ့တဲ့ခရာဇ်နှစ် -၁၉၂၀ ခုနှစ် အချိန်တုန်းက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတွေ တွေးတော စဉ်းစားခဲ့ဘူးတယ်ဗျ။ ကြိုးစားအားထုပ် ခဲ့ဘူးတယ်ဗျ။ ကိုယ့်မြန်မာနိုင်ငံတော် တိုးတက်ဖွံ့ဖြိုးဖို့ ၊ မြန်မာလူမျိုးတိုင်း ကြီးပွားချမ်းသာရေးကို လိုလားတဲ့ စိတ်ဓာတ်မျိုးတွေ ကိန်းအောင်းလာအောင် ၊ နောက် ကိုယ့် မြန်မာအမျိုးသားတိုင်း ပျော့ညံ့တဲ့ စိတ်ဓာတ်တွေ ၊ သိမ်ငယ်တဲ့ စိတ်ဓာတ်တွေကို ဖယ်ရှားပြီး ခိုင်မာတဲ့ တည်ကြည်တဲ့ တက်ကြွတဲ့ စိတ်ဓာတ်တွေ မွေးမြူလာဖို့အတွက် အရမ်းအရေးကြီးတယ် ဆိုတာကို တွေးမိတယ်ဗျ။ ဒီကိစ္စဟာ အရမ်းလည်း အရေးကြီးတယ်လို့ တွေးမိတာကိုး။ ဒါကြောင့် မြန်မြန် အကောင်အထည် ဖော်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီ ပုဂ္ဂိုလ်ကြီးရဲ့ အမည်က ဦးဖြိုး လို့ ခေါ်တယ်။

ဦးဖြိုးဆိုတာက ခရာဇ်သက္ကရာဇ် (၁၉၂၀) ခုနှစ်က ပညာအလင်းပြ စာပေတိုက်ကို စတင်တည်ထောင်ခဲ့တဲ့ ပညာအလင်းပြဖခင်ကြီး ဖြစ်တယ်။ ဆရာဖြိုးလို့ ထင်ရှားတယ်။ ခုနကပြောသလို ပညာအလင်းပြ ဖခင်ကြီး ဆရာဖြိုးက အဲဒီလိုစဉ်းစားမိပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တိုးတက်ကြီးပွားလိုတဲ့ စိတ်နဲ့ ခေတ်ပြင် တိုးတက်ရေး ကျမ်းများကို ပြုစုရေးသားလေ့ရှိတဲ့ ဆရာကြီး ပီမိုးနင်း ၊ ဆရာကြီးဦးဗဂျီငို၊ ဆရာကြီး ဒဂုန်နတ်ရှင်တို့နဲ့ တိုင်ပင်ပြီး “ စိတ်ပညာအသင်းကြီး” အမည်နဲ့ လေ့ကျင့်ခန်းတွေကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားရိုက်နှက်ပြီး မြန်မာနိုင်ငံ အ၀ှမ်းက စိတ်ဝင်စားတဲ့ အသင်းဝင်များထံကို ပေးပို့ပြီး လေ့ကျင့်စေခဲ့တယ်ဗျ။

နောက် အဲဒီလေ့ကျင့်ခန်းတွေကို စိတ်ဝင်စားတဲ့သူတွေက လေ့ကျင့်ကြတယ်။ အောင်မြင်လာကြတဲ့ အခါကြတော့ မြန်မာဘာသာနဲ့ စာအုပ်စာတမ်း ပြုစုပေးပါလို့ တောင်းပန်ကြတယ်။ အဲဒီလို တောင်းပန်လာတဲ့ အတွက် ကိုယ့်နည်းကိုယ်ဟန် တစ်ဘာသာစီ ပြုစုကြမယ်လို့ သဘောတူပြီး ဆရာကြီးဒဂုန်နတ်ရှင်က ကိုယ်ပိုင်ရဲစွမ်းသတ္တိကို ဖော်ထုတ်နိုင်စွမ်း ရှိမှု့အတွက် “ ခြင်္သေ့စိတ်” ဆိုတဲ့ ကျမ်းကို ပြုစုပြီး ထုပ်ဝေခဲ့တယ်။

ဆရာကြီး ဦးဗဂျီငိုက “ ကြီးပွားချမ်းသာရေး ” ဆိုတဲ့ အမည်နဲ့ သမ္ပဒါတရား လေးပါးကို အခြေခံ၍ ရေးသားထုပ်ဝေခဲ့တယ်။ ကျောင်းသုံး ပြဋ္ဌာန်းခြင်း ခံရတဲ့ အထိ ကြိုးစားမှု့ အောင်မြင်ခဲ့တယ်ဗျ။ ဆရာကြီး ပီမိုးနင်းကြတော့ စိတ်ပညာနှင့်တကွ ထွက်သက်ဝင်သက် ရှု့၍ မိမိစိတ်တန်ခိုးကို နိုးဆွနည်းကို စတင်အခြေခံပြီး “ ဣစ္ဆာသယ စိတ်ပညာ ” “ ထွက်သက်ဝင်သက် ” စတဲ့ ကျမ်းတွေကို ရေးပြီးတော့ လူတိုင်းလူတိုင်း မိမိကိုယ် မိမိ အားကိုးပြီး လုပ်ကိုင်ကျင့်ကြံနိုင်စေဖို့ လမ်းညွန်ပေးတဲ့ ကျမ်းပေါင်းများစွာ ရေးသားအောင်မြင်ခဲ့တယ်ဗျ။

ပညာအလင်းပြ ဖခင်ကြီးဆရာဖြိုးကတော့ တကယ်ကျင့်ရင် တကယ်စွမ်းအားသတ္တိ ပြောင်မြောက်ဖြစ်ထွန်း စေနိုင်တဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် စိတ်တန်ခိုးတွေကို အလဟဿ လေလွင့်စေသော ကိုယ်စိတ်နှုတ် သုံးပါးချုပ်တည်းပြီး သမာဓိအားကို စုဆောင်းပြီး ကိုယ့်ရဲ့ စိတ်တန်ခိုးကို ကိုယ်ပိုင် ကိုယ်လိုတဲ့အချိန်မှာ လိုသလို ထုတ်ယူသုံးစွဲနိုင်တဲ့ နည်းကို ကြိုးစားပြုစု ရေးသားခဲ့တယ်ဗျ။ အဲဒီလို ကြိုးစားပြုစု ရေးသားတဲ့ အခါမှာလည်း အနောက်တိုင်း စိတ်ပညာအသင်းကြီးများနဲ့ ဆက်သွယ်သင်ကြား လေ့ကျင့်ပြီးမှ ပြုစုရေးသားခဲ့တာ။ “ စိတ်ညှို့အိပ်မွေ့ချကျမ်း ” နဲ့ “ စိတ်ပညာအလင်းပြကျမ်း” များကို ပြုစုရေးသားလေ့ကျင့်စေခဲ့တယ်။

ဆရာဖြိုးရဲ့ ရည်ရွယ်ချက်ကတော့ဗျာ ကိုယ့် မြန်မာတိုင်းရင်းသားတိုင်း မိမိအကျိုး သူတစ်ပါးအကျိုး တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်တဲ့အခါမှာ စိတ်ဓာတ်ရင်သန် ခိုင်မာတည်ကြည်မှု့ရှိမှ ဆောင်ရွက်နိုင်သည့် အမှု့ကိစ္စများ အောင်မြင်နိုင်မယ်လို့ ရည်ရွယ်ခဲ့တာဗျ။ ဒါတင်မကဘူး အဲဒီ ကျမ်းတွေမှာ ပရဟိတ လုပ်ငန်းတွေမှာ စိတ်တန်ခိုး၏ အကူအညီကို ရယူဆောင်ရွက်နိုင်ပုံသာ မက ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ ကျင့်ကြံလျှက် ကိုယ်ကျင့်တရား ကောင်းမွန်ရေးကိုပါ လေးလေးနက်နက် ရေးသားပြုစုပေးခဲ့တယ်။

အဲဒီတော့ ကျွန်တော်ပြောချင်တာက ဦးမိုးပြောတဲ့ ကိုယ့်မြန်မာအမျိုးသားတို့ နိမ်ကျနေတဲ့ သိမ်ငယ်နေတဲ့ အောက်ကျနောက်ကျ စိတ်ဓာတ်တွေကို ပြုပြင်ဖို့ဆိုတာ အဓိကက စိတ်ကိုပြုပြင်ရမှာဗျ။ ဥပမာဗျာ ဒီနေရာ ကွမ်းတံထွေးမထွေးရတို့ အမှိုက်မပစ်ရတို့ လူကူးမြင်းကျားမှ လမ်းဖြတ်ကူးပါတို့ အတွဲများမထိုင်ရတို့ ဘယ်လောက်ပဲ စာတွေရေးထားရေးထား ကွမ်းတံထွေး ထွေးတဲ့လူကတော့ ထွေးနေကြတာပဲ။ အမှိုက်ပစ်တဲ့ လူကလည်း ပစ်နေကြတာပဲ။ အတွဲတွေကလည်း ထိုင်နေကြတာပဲ။ လာဘ်စားတဲ့ သူကလည်း လာဘ်စားနေတာပဲ။ မဟုတ်လားဗျ။ အမှန်အတိုင်းပြောရရင် ဒါတွေက စိတ်ဓာတ်မခိုင်မာတဲ့ လူတွေ လုပ်ကြတာ ဖြစ်တယ်။ စိတ်ဓာတ် ရင်သန် ထက်သန်ခိုင်မာတဲ့ လူတွေက ကိုယ်တိုင် ကိုယ့်အတွက် ထုပ်ထားတဲ့ စည်းကမ်းကိုရော လိုအပ်လို့ ထုပ်ထားတဲ့ အခြားစည်းကမ်းတွေကိုရော သူများပြောစရာ မလိုဘဲ လေးစားလိုက်နာ တတ်ကြတယ်ဗျ။

ဒါကြောင့် ကျွန်တော် ပြောချင်တာက ဦးမိုးပြောတဲ့ အရာတွေကို ပြောင်းလဲ စေချင်တယ်ဆိုရင် လူကို ပြင်ဖို့ထက် စိတ်ကိုပြုပြင်မယ့် နည်းလမ်းတွေကို ကျင့်သုံးမှ ရနိုင်မယ်မဟုတ်လား ” ကျွန်ုပ်က ပြောလိုက်လေလျှင် ဦးမိုးက ဒါဆို ဘယ်လိုလုပ်ရင် အကောင်းဆုံးနည်းလဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း အောက်ပါအတိုင်း ပြန်ပြောလိုက်လေတော့သတည်း ...

အကောင်းဆုံးနည်းကတော့....

ဘာသာရေးပေါ့ဗျာ... ဘာသာရေးပေါ့....

မြန်မာအမျိုးသားတိုင်း ဖတ်သင့် လေ့လာ လေ့ကျင့်သင့်သော ပညာအလင်းပြ ဖခင်ကြီး ဆရာဖြိုး၏ စိတ်ပညာ အလင်းပြ စာအုပ်ကို နမူနာဖော်ပြအပ်ပါသည်။