မင်္ဂလာပါ ... သူငယ်ချင်းတစ်ယောက်မေးထားတာလေး
ဘယ် Software မှ သုံးစရာမလိုပါဘူး Window ပေါ်မှာပဲ ခွဲ/ပေါင်း လို့ရပါတယ်......။
Partition ခွဲနည်း
Start >> Computer ကို Right Click နဲ့ Manage ကို နှိပ်ပါ (သို့) Run > diskmgmt.msc ကို ရေးထည့်ပြီး Enter ခေါက်လည်းရပါတယ်...။
ကျန်တာတွေကို ပုံလေးတွေအတိုင်း ဆက်လုပ်ပေးသွားပါ..။
ကျန်တာတွေကို ပုံလေးတွေအတိုင်း ဆက်လုပ်ပေးသွားပါ..။
Drive (C:) ကနေဥပမာ အဖြစ် ခွဲပြပါ့မယ်... အပေါ်ကပုံမှာပြထားတဲ့အတိုင်း (C:) ပေါ်ကို Right Click နှိပ်ပြီး Shrink Volume ကိုရွေးပါ..။
ခဏစောင့်ပေးပါ..။
ဒီနေရာမှာ မိမိ လိုချင်သလောက် ခွဲပါမယ်... 1GB ကို 1024 MB ရှိပါတယ် ..(မိမိ လိုသလောက် တွက်ချက်ပြီး ရေးထည့်ပေးလိုက်ပါ) ကျနော်ကတော့ 30GB ခွဲမှာမို့ 30720 လို့ရေးထည့်ပေးလိုက်ပါတယ်...။ ပြီးရင် Shrink ကိုဆက်နှိပ်လိုက်ပါ..။
ခုဆိုရင် နာမည်မပေးရသေးတဲ့ Partition လေးတစ်ခုရောက်လာပါပြီ... မပြီးသေးပါဘူး သူ့ကို နာမည်ပေး ကင်ပွန်းတပ်ဖို့ ကျန်ပါသေးတယ် ... နာမည်ပေးဖို့ Right Click ထောက်ပြီး New Simple Voulem ကိုရွေးပေးပါ..။
Next အဆင့်ဆင့် နှိပ်ပေးပြီး ...
နာမည်တစ်ခုရွေးပေးလိုက်ပါ .. ကျနော်ကတော့ G ကိုရွေးပေးလိုက်ပါတယ်...။
Next အဆင့်ဆင့် နှိပ်ပေးပြီး Finsh ကိုနှိပ်ပါ..။
My Computer ကိုဖွင့်ကြည့်လိုက်ပါ မောင် G လေးအဖြစ်နဲ့ Patition လေးတစ်ခု ရောက်လာပါပြီ...။
Partition ခွဲနည်းကတော့ အဲ့ဒါပါပဲ ....။
Partiton ပြန်ပေါင်းနည်း
မလိုချင်တော့လို့ ပြန်ပေါင်းချင်ရင်တော့... မောင် G ကို အရင်ဆုံး သတ်ပစ်ရပါလိမ့်မယ် :D
Delete လုပ်ပေးရပါ့မယ်..။
Delete လုပ်ပေးရပါ့မယ်..။
မောင် G ပေါ်ကို Right Click နဲ့ Delete Volume ကိုရွေးပါ..
Yes ကိုနှိပ်ပါ...
ပြန်ပေါင်းဖို့ အတွက် (C) (သို့) မိမိ ပြန်ပေါင်းစေလိုတဲ့ (ကျနော်ကတော့  (C) ထဲကို ပြန်ပေါင်းမှာမို့ (C) ပေါ်ကို Right Click နှိပ်လိုက်တာပါ) (D) (E) တစ်ခုခုပေါ်ကို Right Click နှိပ်ပြီး Extend Volume ကိုရွေးပါ ....
Next အဆင့်ဆင့်နဲ့ OK လိုက်ပါ..။
ခုဆိုရင် မောင် G လေးမရှိတော့ပဲ (C) ထဲကို ပြန်ရောက်သွားပါပြီ....။
အဲ့ဒါကတော့ အားလုံး နားလည်လွယ်အောင်မို့ အချိန်ပေးပြီး ပုံလေးတွေနဲ့ တင်ပေးလိုက်တာပါ ..
အလွယ်ကူဆုံး ခွဲထားတဲ့ Partition တွေကို ပြန်ပေါင်းချ
အားလုံး အဆင်ပြေကြပါစေ...
ခုလိုအားပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား
မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော်
ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက
****************************** *********























ထားဝယ်သားလေး မှ လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျား









0 comments:
Post a Comment